ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 28, 2015

==အာရှနိုင်ငံများတွင် အိမ်ထောင်ပြုမှုလျော့ကျနေသည့်အခြေအနေ==

>
 အာရှတိုက်သားတို့ သည် အိမ်ထောင်ပြု၊ပျော်ရွှင် ချမ်းမြေ့ဖွယ်မိသားစုဘ၀ကို တည်ဆောက်တတ်သည့်စံတန်ဖိုးများကိုအလေးထားသည့် နေရာတွင် အမေရိကနှင့်ဥရောပသားတို့ ထက်သာလွန်သည်ဟု သုတေသီ ပညာရှင်တို့ က ပြောဆိုကြသည်။ စင်ကာပူအမျိုးသားခေါင်းဆောင် လီကွမ်ယုက လည်း ၄င်းအာရှတန်ဖိုးများကို အလေးထား၊ ထောက်ခံပြောဆိုခဲ့ သည်။ အထူးသဖြင့်တရုတ်မိသားစု များသည် သားသမီးများ အဆင့် မြင့်ပညာသင်ကြားမှု၊ အလုပ်ကြိုးစားလုပ်ကိုင်မှု၊ ငွေကြေးအသုံးစွဲကျစ်လျစ်မှု၊ အနာဂတ်အောင်မြင်ကြီးပွားရန် လက်ရှိ၊ အပျော်အပါးကိုစွန့် လွှတ်မှု စသည့်  အာရှစံတန်ဖိုးများကိုအားပေး ထောက်ခံမှုပြုလေ့ရှိကြသည်ဟု လီကွမ်ယုက ဝေဖန်ပြောဆိုခဲ့ သည်။ လွန်ခဲ့ သည့် ဆယ်စုနှစ်အတွင်း၊ အာရှတိုက်သား အများစုသည် တရားဝင်လက်ထပ်ထိမ်းမြားမှု ပြုခဲ့ ကြ ပြီး ယောကျားံနှင့်မိန်းမ တရားမ၀င်အတူနေထိုင်မှုမှာ မရှိသလောက်ပင်နည်းပါးသည်ဟု ပညာရှင်တို့က ဆိုသည်။ အနောက်တိုင်း၊အိမ်ထောင်ပြုမှု၏ တစ်ဝက်ကျော်မှာကွာရှင်းခြင်းဖြင့်အဆုံးသတ်လေ့ရှိပြီး ကလေး အရေအတွက်တစ်ဝက်ကျော်မှာ တရားမ၀င်အတူနေ ခြင်းမှ မွေးဖွားလာခြင်းဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။ အနောက်တိုင်းနှင့်အာရှဒေသဆိုင်ရာ အိမ်ထောင်ပြုမှု အခြေအနေများကို သုတေသီပညာရှင် များက ထိုသို့  နှိုင်းယှဉ်ပြကြသည်။ လျင် မြန် စွာပြောင်းလဲ နေ သို့ သော်
 ယခုပစ္စုပန်ကာလ၊ အာရှဒေသတွင် လက်ထပ်ထိမ်းမြားမှုဆိုင်ရာ အခြေအနေများမှာ လျင်မြန်စွာ ပြောင်းလဲနေပြီဖြစ်သည်။ အနောက်
ကမ္ဘာ-တွင် အိမ်ထောင်ပြိုကွဲမှု၊ အိမ် ထောင်ရေး ကွာရှင်းမှုများမြင့်တက်နေမှုနှင့်  နှိုင်းယှဉ် ကြည့် လျှင် အာရှတိုက်၏အိမ်ထောင်ရေးကွာရှင်းမှုများမှာ အလွန်နည်းပါးလှသည်။ သို့ သော်အာရှတိုက်တွင် ယနေ့အချိန်၊ အိမ်ထောင်ပြုမှုများသိသာစွာ လျှော့ကျနေသည်ကို တွေ့ ရှိနေရသည်ဟု ပညာရှင် သုတေသီ တို့ ဆိုသည်။ ထိုသို့ အိမ်ထောင်ပြုမှုလျှော့ကျရခြင်း၏ အကြောင်း တစ်ချက်မှာအိမ်ထောင်ရေးအနှောင်အဖွဲ့ အတွင်း၊ တာဝန်၏အကျဉ်းသားအဖြစ် မနေလို ဖြစ်သည်ဟု စစ်တမ်းတစ်ခုတွင်ဖော်ပြထားသည်။ 

ကမ္ဘာတစ်ဝန်းလုံးတွင် အိမ်ထောင်ပြုနိုင်သည့်  အသက်အရွယ်ရှိသောလူငယ်များ အလွန်များပြား မြင့် တက်နေရာ၊ အာရှတိုက်တွင် ပိုမိုများပြားသည်။ အနောက်
ကမ္ဘာ  နှ င့်နှိုင်းစာလျှင် အရှေ့တိုင်း၊ အသက်အရွယ် အတော်ကြီးလာမှ တစ်နည်းအားဖြင့်  လူပျိုကြီး၊ အပျိုကြီးများဖြစ်မှ အိမ်ထောင်ပြုလေ့ရှိသည် ကို တွေ့ ရှိရသည်။ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်စသည့်  စီးပွားရေးအဆင်ပြေသော နိုင်ငံများ တွင် အမျိုးသမီးဆိုလျှင် များသောအားဖြင့်  အသက် ၂၉-၃၀ အရွယ်များတွင်လည်းကောင်း၊ အမျိုးသားဆိုလျှင် အသက် ၃၁-၃၃ အရွယ်များတွင် လည်းကောင်း အိမ်ထောင်ပြုကြသည်ကို တွေ့ ရှိရသည်။ အာရှတိုက်သားအများစုမှာ အသက် ၃၀ ကျော်လာပြီ ဆိုလျှင် အိမ်ထောင်မပြုကြတော့ဘဲ လူပျိုကြီး၊ အပျိုကြီး အဖြစ်နှင့် သာ ဘ၀ခရီးဆက်ကြသည်။ ဂျပန်နိုင်ငံ၊ အသက် ၃၀ ၀န်းကျင်အရွယ်အမျိုးသမီး စုစုပေါင်း၏သုံးချိုးတစ်ချိုးမှာ အိမ်ထောင်မပြုသည်ကို တွေ့ ရှိရသည်။ ထိုင်ဝမ်တွင် အသက် ၃၀ ၀န်းကျင် အရွယ် အမျိုးသမီးစုစုပေါင်း၏ ငါးပုံတစ်ပုံမှာ အိမ်ထောင်မပြု ကြပေ။ဗန်ကောက်တွင် အသက် ၄၀ မှ ၄၄ နှစ်အရွယ် အမျိုးသမီးများ၏ ၂၀ ရာခိုင်နှုန်းနှင့် တိုကျိုတွင် ထိုအသက်အရွယ်အမျိုးသမီးများ၏ ၂၁ ရာခိုင်နှုန်းမှာ အိမ်ထောင်မပြုကြပေ။ စင်ကာပူနိုင်ငံတွင် အသက် ၄၀ ၀န်းကျင်ပညာတတ် ဘွဲ့ ရအမျိုးသမီးများ၏ ၂၇ ရာခိုင်နှုန်းမှာ အိမ်ထောင်မပြု ကြပေ။ သို့သော် အာရှတိုက်တွင် နိုင်ငံကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့်အိန္ဒိယတွင်ထိုကဲ့ သို့ သော အစဉ်အလာမျိုး လိုက်ပါမှုမျိုးမရှိသေးဘဲ အိမ်ထောင်ပြုနိုင်သည့် အရွယ်တွင် လူငယ်များအိမ်ထောင်ပြုနေသည်ကို တွေ့ရှိနေရ သည်။ တ၊ရုတ်နှင့်အိန္ဒိယနိုင်ငံတွင် စီးပွားရေးဂယက်၊ိုက် မှုဖြစ်ပေါ်ခဲ့ လျှင် အိမ်ထောင်ပြု နှုန်းလျှော့ကျနိုင်ပါသည်ဟု ပညာရှင်များကဆိုသည်။ တရုတ်နှင့်အိန္ဒိယတွင် ဆယ်စုနှစ် များစွာ ကိုင်စွဲထားသည့် 
အစဉ်အလာအရ မိသားစုများ သည် သမီးမိန်းကလေးများကို အလိုမရှိဘဲ သားယောကျာံး လေးကိုသာ အလိုရှိကြသည့် အတွက် ယင်းနိုင်ငံများတွင် ၂၀၅၀ ပြည့် နှစ်ခန့် တွင် ကိုယ်ဝန်ဖျက်ချမှုများမြင့်တက် လာနိုင်သည်ဟု ပညာရှင်များက ဝေဖန်ပြောဆိုသည်။ ပညာရှင်သုတေသီများ၏ လေ့လာမှုစစ်တမ်းအရ ၂၀၅၀ ပြည့် နှစ်ခန့် တွင် တရုတ်နှင့်အိန္ဒိယ နိုင်ငံများတွင် အိမ်ထောင်ပြုနိုင်သည့် အရွယ်
 ယောကျာံးလေးအရေ အတွက်သည် မိန်းကလေးအရေအတွက်ထက် သန်း ၆၀ မျှပိုမိုများပြားမည်ဟု သိရှိရသည်။ တစ် ကိုယ် တည်းဘ၀လွ တ် လပ် ပျော် ရွှ င် မှု အာရှဒေသတွင် အမျိုးသမီးများသည် အလုပ်တစ်ဖက် အိမ်ထောင်တာဝန်တစ်ဖက်စသည်ဖြင့်  ပင်ပန်းခက်ခဲမှုများ ကို သိမြင်ထားသည့် အတွက် အိမ်ထောင်မပြုကြဘဲ အလုပ်တွင် အောင်မြင်မှုရရှိရန်ကိုသာ ကြိုးပမ်းကြခြင်း ဖြစ်သည်။အာရှဒေသ၊ အိမ်ထောင်ရှင်အမျိုးသမီးများသည် လုပ်ငန်းခွင်၊ အချိန်ပြည့်  တာဝန်ကိုထမ်းဆောင်ရသည့်  အပြင် အိမ်တွင်ခင်ပွန်းသည်၊ သားသမီးများနှင့် သက်ကြီး ရွယ်အိုမိဘများကိုလည်း ဂရု၊ုတစိုက်ပြုစုမှုပေးရသည့် တာဝန်များမှာ ပင်ပန်းကြီးလေးလှသည်။ ဂျပန်အိမ်ထောင်ရှင်မများသည် တစ်ပတ်လျှင်နာရီ ၄၀ မျှလုပ်ငန်းခွင်၊ အလုပ်လုပ်ရပြီး အိမ်မှုကိစ္စ အတွက် တစ်ပတ်လျှင် နာရီ ၃၀ မျှဆောင်ရွက်ရသည်။ ဂျပန် အိမ်ထောင်ရှင်အမျိုးသားများသည် အိမ်မှုကိစ၊ကိုတစ်ပတ် လျှင် ပျမ်းမျှသုံးနာရီသာ ဆောင်ရွက်ရသည်။ အာရှအိမ်ထောင်ရှင်အမျိုးသမီးများသည် သားသမီး များကို ပြုစုစောင့် ရှောက်ရန်အတွက် အလုပ်မှ နုတ်ထွက် ခဲ့ ပြီး သားသမီးများအရွယ်ရောက်လာသောအခါ ၀င်ငွေ ပြန်ရှာရန် အလုပ်ပြန်လုပ်ချင်သော်လည်း အလုပ်ပြန်ရရန် မလွယ်ကူသည်ကို တွေ့ ကြုံခံစားရရှာသည်။ ထို့ ကြောင့် ပင် အာရှအမျိုးသမီးများသည် အိမ်ထောင်ပြုမှုကို အဆိုးမြင်၊ ရှောင်ရှားကြခြင်းဖြစ်သည်။ မကြာမီကကောက်ယူခဲ့သည့်စစ်တမ်းအရ ဂျပန် အမျိုးသားများ၊ အမေရိကန်အမျိုးသား၊ အမျိုးသမီးများ သည် အိမ်ထောင်ပြုမှုကို အပြုသဘော၊ အကောင်းသဘော ၊ှုမြင်ကြပြီး ဂျပန်အမျိုးသမီးအများစုသည် အိမ်ထောင် ပြုမှုကို အနုတ်လက္ခဏာသဘောမြင်ကြသည်ဟုသိရသည်။

အာရှအမျိုးသမီးအများစုသည် အိမ်ထောင်မပြုဘဲ အလုပ်တာဝန်ကိုသာ ဆောင်ရွက်ခြင်းအားဖြင့်  စားဝတ် နေရေး၊ စီးပွားရေး၊ ငွေကြေးနယ်ပယ်တွင် သူတစ်ပါး အပေါ် အားကိုးစရာမလိုဘဲ ကိုယ်ပိုင်ရပ်တည်နိုင်မှု ကောင်းကျိုးများကို ရရှိပေသည်။ ပညာတတ်ဘွဲ့ရ အမျိုးသမီးများပြားမှုသည် အိမ်ထောင်ပြုမှုလျှော့ကျလာခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်နေသည်။ အာရှဒေသတွင် ပညာတတ် အမျိုးသမီးအများစုသည် အိမ်ထောင်ပြုရန် စိတ်မပါကြပေ။ ယနေ့အချိန်၊ အာရှ တိုက်တွင် ပညာတတ်အမျိုးသမီးများ ပိုမိုများပြားလာ လျက်ရှိသည်။ ယနေ့အချိန်၊ အာရှအမျိုးသမီးများ ပျော်ပျော် ရွှင်ရွှင်ဖြင့် ဘ၀မှာခံစားလိုသောအချက်မှာ အပူအပင် ကင်းကင်းဖြင့်  ကြီးကျယ်ခမ်းနားသည့် လွတ်လပ်မှုပင် ဖြစ်သည်။ ထိုသို့ လွတ်လွတ်လပ်လပ်နေထိုင်လိုသည့် ဘ၀ပုံစံ သည်ပင် လူမှုရေးပြသနာများကို ဖြစ်ပေါ်စေသည့် အကြောင်းတစ်ရပ်ဖြစ်နေသည်ဟု ပညာရှင်များက ဆိုသည်။ လူမှုရေးပြသနာများကို လေ့လာကြည့်လျှင် အနောက်နိုင်ငံများနှင့်  နှိုင်းယှဉ်ကြည့် ပါက အာရှနိုင်ငံ များတွင် သက်ကြီးရွယ်အိုများအတွက် အိုစာမင်း စာထောက်ပံ့ ကြေးရန်ပုံငွေများ ထူထောင်ထားမှုအလွန် နည်းပါးသည်ကို တွေ့ ရှိရသည်။ အာရှနိုင်ငံများတွင် သက်ကြီးရွယ်အို မိဘဘိုးဘွား များ၊ ဆွေမျိုးသားချင်းများကို မိသားစုများက ကြည့်၊ှု စောင့်ရှောက်ကြမည်ဟု ယူဆထားချက်မှာ လက်တွေ့  တွင် ၄င်းယူဆချက်မမှန်ကန်ကြောင်း တွေ့ ရှိနေရ သည်။ ထို့ ပြင် အိမ်ထောင်ပြုမှုလျှော့ကျသည့်အတွက် ကလေးမွေးဖွားနှုန်းလည်း ကျဆင်းလျက်ရှိသည်။ စစ်တမ်းကောက်ယူချက်အရ ၁၉၆၀ ပြည့်နှစ်တွင် အာရှအမျိုးသမီးတစ်ဦး၏ ကလေးမွေးဖွားနှုန်းမှာ ကလေးဦးရေ ၃ ဒသမ ၆ ရှိခဲ့ သော်လည်း ယနေ့အချိန် တွင် ကလေးဦးရေ ၁ ဒသမ ၆ သာရှိတော့သည်။ အိမ်ထောင်ပြုမှုအနည်းဆုံး အာရှနိုင်ငံများတွင် အမျိုး သမီးတစ်ဦးကလေးရယူနှုန်းမှာ တစ်ဦးသာရှိတော့ သည်။ ဖွားသေနှုန်းမညီမျှမှု ပြသနာမှာယခုအချိန်၊ အကြီးအကျယ်ဖြစ်နေပေပြီ။ အခြားပြသနာတစ်ခုမှာ အိမ်ထောင်ပြုမှုကြောင့် ယောကျာံးဟော်မုန်း (Testosterome) ကို လျှော့ချ နိုင်သည်။ အမျိုးသားများအဖို့ ပြည့်တန်ဆာများနှင့် ပျော်ပါးကာ ထွက်လမ်းရှာမှုကြောင့်  ရောဂါအမျိုးမျိုး ရရှိနိုင်သလို မုဒိမ်းကျင့် မှုစသည့် ရာဇ၀တ်မှုများလည်း ဖြစ်ပေါ်နိုင်သည်။ အာရှဒေသ၊ အိမ်ထောင်ပြုမှုပြန်လည်မြင့် တက် စေရန်အတွက် အစိုးရများအနေဖြင့်  ဥပဒေပြဋ္ဌာန်း၊၊ အတင်းအကျပ် ပြုလုပ်ခိုင်း၊မရပေ။ အာရှအစိုးရများအနေဖြင့်  အိမ်ထောင်ကွာရှင်းမှု ဥပဒေများကို ဖြေလျှော့ပေးခြင်းအားဖြင့်  အမျိုးသမီးများ အနေဖြင့်  အိမ်ထောင်ရေးအဆင်မပြေပါက လွယ်ကူ စွာကွာရှင်းခွင့် ရရှိခြင်း၊ ကွာရှင်းခံရသော အမျိုးသမီး များအနေဖြင့်  အိမ်ထောင်၏ ဓနဥစ္စာစ္စည်းခွဲဝေမှု၊ ပိုမိုပိုင်ဆိုင်ရရှိခွင့် ရှိခြင်း စသည့် ကောင်းကျိုးများကြောင့်  အမျိုးသမီးများ အိမ်ထောင်ပြုရန် စိတ်ပါလာစေနိုင် သည်။

ထို့ ပြင် စီးပွားရေးလုပ်ငန်းရှင်များ၊  
ကုမ္ပဏီများ အနေဖြင့် ၀န်ထမ်းအမျိုးသမီးများကို မီးဖွားခွင့်ပေး ရာတွင် ၀န်ထမ်း ခင်ပွန်းဖြစ်သူကို မီးဖွားသောဇနီး ဖြစ်သူအား ကူညီစောင့်ရှောက်နိုင်ရန် ပူးတွဲခွင့် ပေး သင့် သည်။
ကုမ္ပဏီများအနေဖြင့်  ၀န်ထမ်းဇနီးမောင်နှံ ၏ သားသမီးများကိုလည်း ထောက်ပံ့ကူညီငွေများ ပေးအပ်သင့် သည်။ ၀န်ထမ်းမိသားစုများ၏ သက်ကြီး ရွယ်အို မိဘများ၊ ဘိုးဘွားများကိုလည်း ကူညီစောင့်ရှောက်မှု ပေးသင့် သည်။ အာရှနိုင်ငံများမှ အစိုးရများသည် အိမ်ထောင်ပြုမှု လျှော့ကျလာသည့်  အခြေအနေများနှင့်  အကျိုးဆက်များ ကို ဟန့် တားနိုင်ရန်အတွက် အလေးထားဆောင်ရွက်ရန် အချိန်ကျရောက်နေပြီဟု ပညာရှင်များက အကြံပေး တိုက်တွန်းလျက်ရှိသည်။

 Ref;Economist,May

+ထွန်းတောက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)