ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 29, 2015

==လူထုကျန်းမာရေး(စပါးကြီး သည်းခြေ ၏ စွမ်းရည်)==

>
**Public Health**
 ဆေးလောက ၌ ဆေးဘက်ဝင် သက်ရှိ သတ္တ၀ါ တို့၏ ရုပ်ကြွင်းဆေး ပစ္စည်း များဖြစ်ကြသည့်သွေး၊ အရိုး ၊ အစွယ်၊ သည်းခြေ စသည်တို့ အနက်အလွန် ထက်မြက်ပြီး စွမ်းရည် သတ္တိအမျိုးမျိုး တို့နှင့် အ ပြည့်စုံဆုံးသော ပစ္စည်း မှာ စပါးကြီးသည်းခြေပင်ဖြစ်ပေသည်။ ထို စပါးကြီး သည်းခြေ သည် သက်ရှိ တို့၏ သည်းခြေ တကာတို့တွင် စွမ်းရည်ပြည့်ဝစွာ ပါရှိသော သည်းခြေဖြစ်ပေ သည်။ သည်းခြေ ဟူသမျှ တို့သည် အစ၊ အလယ်၊ အဆုံး (၃) ပါးလုံး ၌ ခါးကြသည် သာဖြစ်သည်။ စပါးကြီး သည်းခြေ သည်ကား အစ ၌ ခါးသော အရသာရှိသော် လည်း ခါးပြီးသည့်နောက် ၌ ချိုသော အရသာကို ထူးခြား စွာတွေ့ ရှိရလေသည်။ ထိုသည် စပါးကြီးသည်းခြေ ၏ အရသာ အနေဖြင့် သည်းခြေ တကာတို့ ထက် ထူးခြားခြင်းဖြစ်ပေ သည်။ ပုံသဏ္ဍာန် အနေဖြင့်လည်း စပါးကြီး သည်းခြေသည်၊ သည်းခြေ တကာတို့ထက်ထူးခြားလေသည်။
အခြားသော သည်းခြေ များသည် အခွံထူ ထဲပြီး အိတ် သဏ္ဍာန်ရှိကြသော် လည်း စပါးကြီးသည်းခြေကား အလွန်ပါး လွှာသော အခွံ ၏ တွင်း၌ သည်းခြေရည် သည် ပျံ့နှံ့ပြီးတည်နေလေသည်။ မည်သည့် အခါ မှ သိုးခြင်း၊ ပုပ်ခြင်းမရှိ သည်ကို တွေ့ရလေသည်။ အလွန် ထူးခြားသော အချက် တစ်ချက် မှာ လဆန်း စ ရက်များနှင့် လပြည့်ကျော် စ ရက်များတွင် အစိုပြန်လာခြင်းပင်ဖြစ်ပေသည်။ ထို ဆိုခဲ့သော အရောင် အဆင်း ပုံသဏ္ဍာန် အရသာ ၏ ထူးခြားချက် များသည် အစစ်ဖြစ်သော စပါးကြီး သည်းခြေ ၏ မှတ်သားဖွယ် သင်္ကေတ များဖြစ်ပေသည်။ ထို စပါးကြီးသည်းခြေ ၏ စွမ်းရည် သတ္တိ ထူးဖြင့် အသုံးပြုနိုင်သောရောဂါ အချို့ကို ဖော်ပြလိုပါသည်။
ထိုရောဂါ များမှာ - (၁) မျက်စိရောဂါ (၂) ခံတွင်းနှင့် လည်ချောင်းရောဂါ (၃) သွားရောဂါ (၄) နားရောဂါ (၅) နှာခေါင်းရောဂါ (၆) အရိုးစူး အရိုးမျက်သောရောဂါ (၇) လေငန်းရောဂါ (၈) သူငယ်နာ အတက်ရောဂါ (၉) ဆီး ရောဂါ တို့ဖြစ်ကြသည်။ (၁) မျက်စေ့ ရောဂါ မျက်စေ့နှင့် ပတ်သက်သော မျက်စေ့ နာခြင်း၊ မျက်စေ့ ကျိန်းခြင်း၊ မျက်စေ့ မှုံစေခြင်းစသော ရောဂါ အမျိုး မျိုး တို့၌ ရေပြန် ရေသန့် သို့မဟုတ် (နှင်းရည်) တပုလင်း ခန့်တွင် စပါးကြီးသည်းခြေ ကို တစ်ရွေး ခန့်ထည့်ဖျော် ထားပြီး မျက်စဉ်း ခပ်ပေးရသည်။
 မျက်စေ့ အတွင်းတိမ်၊ ရေတိမ်ရောဂါ တို့၌ ခပ်ပျစ်ပျစ်သွေးပြီး မျက်စေ့ အတွင်းသို့ ထည့် ပေးရသည်။ ကုသရန် အလွန်ခက်ခဲသော မျက်စေ့ အတွင်း၌ ကျောက်ဝင်ပေါက်သော ရောဂါ တွင် ထို စပါးကြီး သည်းခြေ ကို သာ လျှင် အကောင်းဆုံးသော ဆေး အဖြစ်ခပ်ပေးရပေသည်။ နောက်ဆုံး အများ သုံးနေကြသော မည်သည့် မျက်စေ့ ကွင်းဆေးတွင် မဆို စပါးကြီး သည်းခြေကို ထည့်သွင်း အသုံးပြုနိုင်လေသည်။ ထို စပါးကြီးသည်း ခြေဖြင့် စီမံဖော်စပ်ထားသော မျက်စေ့ကွင်းဆေးဖြစ်စေ မျက်စဉ်းဆေးဖြစ်စေ (၂) မျိုး လုံးဖြစ်စေ ရောဂါ တစ်စုံ တရာရောက်လာ မှ မဟုတ်ဘဲ ကြိုတင် ကာကွယ်မှု အနေဖြင့် အသုံးပြုနိုင်ပေသည်။
--မှတ်ချက်-- သိမ်ဖြူဆေး သိပ္ပံ ဆရာတော် နောက်ဆုံးရေးသား ခဲ့သော "လူသားနှင့် မူလ ကိုယ်ခံ စွမ်းအား" စာအုပ်မှ " စပါးကြီး သည်းခြေ ၏ စွမ်းရည် "အခန်းအား အမည်း သဘော ဖေါ်ပြအပ်ပါသည်။ ပုံ(၁) Boa Constrictor စပါးကြီးမွေ ပုံ(၂) Boa Constrictor cross section Inner structure စပါးကြီးမွေ ကန့်လန့်ဖြတ် အတွင်း အင်္ဂါပြပုံ ပုံ(၃) စပါးကြီး သည်းခြေ ထုတ်ယူပုံ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)