ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 8, 2015

== ထဘီအဝါနု===

>
မြမြသည် ပလက်စတစ်ကွပ်ကြည့်မှန်အဝိုင်းကို စားပွဲခုံပုလေးပေါ် ခပ်ဆောင့်ဆောင့် ပစ်ချလိုက်သည်။ မှန်ကြည့်တိုင်း မျက်လုံးတစ်ဖက်ကို ဒေါသဖြစ်ရသည် မဟုတ်လား။ ညည်းအဖေလည်း အစောင်းပဲဟု အမေက ပြောတတ်သည်။ မြမြသည် မမြင်ဖူးသော အဖေကိုစိတ်ဆိုးလှသည်။ တကယ်ဆို ကိုယ်လုံးကိုယ်ပေါက်က အမေနှင့်တူပြီး သည်မျက်လုံးကျမှ အဖေနှင့် တူရသလားလေ။ မြမြ၏ အစ်မဖြစ်သူ သီတာသည် အသားညို၏။ မျက်နှာကျသည် တကယ်တမ်း ယှဉ်ကြမည်ဆိုလျှင် မြမြလောက်မပေါ်လွင်လှဟု မြမြထင်သည်။ မြမြထက် သုံးနှစ်ကြီးကာ ဆယ့်ခြောက်နှစ်ထဲဝင်နေပြီဖြစ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်သည် အပျိုဖြစ်ကာစ မြမြလောက်ပင် မဖွံ့ထွား။ သီတာ့အဖေသည် ပိန်ပိန်ညိုညိုဟု သိရသည်။ သို့သော်လည်း သီတာသည် မျက်စိမစောင်းပေ။ အမေသည် သီတာ့ကို သိသိသာသာ မျက်နှာသာပေးတတ်သည်။ ငါ့သမီးကမှ အဖိုးတန်ဟု ပြောတတ်သည်။ သီတာကလည်း ဟန်တခွဲသားနှင့် အိနြေ္ဒရှင်မကြီးအထာ ဖမ်းထားလေရာ လိုလားသူများလေသည်။ အမေပြောသလို အဖိုးတန်ပါပေရဲ့ဟု မြမြက မနာလိုလှသော်လည်း လက်ခံရလေသည်။ ထိုညက မြမြနှင့် သီတာသည် အိပ်ရာထဲမှာ လပ်ချုပ်လိုက်ရင်း ဇီးထုပ်စားရင်း တမြန်နေ့က ဗီဒီယိုရုံမှာသွားကြည့်ထားသော ဇာတ်လမ်းကို စမြုံ့ပြန် ပြောနေကြသည်။ အငယ်မလေးသည် မြမြတို့ခြေရင်းမှာ အိပ်ပျော်နေသည်။ ထိုစဉ် အပြင်မှ စကားပြောသံများကြားသောကြောင့် မြမြနှင့် သီတာသည် ကျင့်သားရနေသည့်အတိုင်း ပါးစပ်ပိတ်လိုက်ကြသည်။ အမေဖောက်သည်ရလေပြီ။ သို့သော် မြမြတို့ထင်သလိုမဟုတ်ဘဲ စကားပြောသံများသည် အမေ့ကို ပြသနာရှာနေသံဖြစ်နေသည်။ သီတာနှင့် မြမြသည် လုပ်လက်စများကို ရပ်ပြီး နားစွင့်နေကြသည်။ အမေ အထည်အကြွေးယူတာ များနေပြီဟု ပြောနေသံကြားရသည်။ အမေပြန်ပြောသံကိုတော့ သိပ်မသဲကွဲ။ ထုံးစံအတိုင်း အကြွေးနှင့် လာနှိမ်သည်ဖြစ်မည်။ သို့ဖြစ်က ကံကောင်းမှသာ ပိုက်ဆံအနည်းအကျဉ်းရမည်။ ခဏနေတော့ အသံများတိတ်သွားပြန်သည်။ မြမြက လှိုက်ကာကို အနည်းငယ်ဟပြီး ချောင်းကြည့်ရာ အမေသည် လူကြီးနှစ်ဦးကို အိမ်အပြင်ခေါ်ထုတ်ပြီး စကားပြောနေသည်ကိုသာ မြင်ရသည် ဘာပြောနေကြမှန်းတော့ မကြားရ။ သီတာက မြမြကိုဖယ်ခိုင်းပြီး တလှည့်ချောင်းသည်။ ပြီးတော့ မြမြကိုလက်ကုပ်ပြီး ဝင်လာကြပြီ နှစ်ယောက် ဟု လေသံနှင့်ပြောရာ မြမြနှင့် သီတာ နှစ်ယောက်လုံး အိပ်ရာထဲပြန်ထိုင်လိုက်ကြသည်။ ခဏနေတော့ အမေသည် မြမြတို့အခန်းထဲရောက်လာပြီး သီတာခဏလာဦးဟုပြောပြီး သီတာ့လက်ကို ဆွဲခေါ်သွားရာ မြမြလည်း အလွန်စိတ်ဝင်စားသွားရလေသည်။ အမေသည် လင်တစ်ယောက်ချင်းစီနှင့် မွေးထားသော သမီးသုံးယောက်ကို ဧည့်သည်ရှိချိန်မှာ အခန်းထဲမှ မထွက်ရ စကားလုံးဝမပြောရ စသည်ဖြင့် စည်းကမ်းသတ်မှတ်ထားသည်မဟုတ်လား။ မြမြသည် အောင့်အီးမနေနိုင်တော့ဘဲ အမေ့အခန်းနှင့် မြမြတို့အခန်းကို ခြားထားသော ထရံပေါက်မှ ချောင်းကြည့်လေသည်။ သီတာသည် ကုတင်ပေါ်မှာခေါင်းငုံ့ထိုင်နေသည်။ မျက်ရည်များလည်း ကျနေသည်ထင်သည်။ အမေသည် သီတာကျောကို ပွတ်သတ်ပြီး စကားတိုးတိုးပြောနေသည်။ မြမြပင်မကြားရ။ လူကြီးနှစ်ဦးသည် တစ်ယောက်က အမေ့ဘေးမှာထိုင်နေပြီး တစ်ယောက်က မတ်တပ်ရပ်နေကြသည်။ ဗြုန်းဆို အမေက သီတာ့အင်္ကျီကို ဆွဲချွတ်လိုက်ရာ မြမြမှာ ရင်တုန်ပန်းတုန်ဖြစ်သွားရသည်။ မြမြသည် ထိုမြင်ကွင်းကို မျက်စိထဲမှမထွက်။ သီတာသည် အင်္ကျီကို အတင်းပြန်ဖုံးဖိရင်း ကုတင်ပေါ်ခေါင်းအပ်က ငိုယိုနေစဉ် လူကြီးတစ်ယောက်က သီတာ့ထဘီကို ဆွဲချွတ်လိုက်ရာ သီတာ့အောက်ပိုင်းသည် ဗလာကျင်းသွားလေသည်။ အမေသည် သီတာ့လက်များကို ချုပ်ပေးထားသည်။ မြမြသည် အစအဆုံးချောင်းကြည့်နေရင်း ရင်တဖိုဖိုနှင့် မရိုးမရွဖြစ်၍ နေလေသည်။ သီတာအခန်းထဲ ပြန်ဝင်လာတော့ မြမြကိုမျက်နှာချင်းမဆိုင်ဘဲ အိပ်ရာထဲထိုးအိပ်သည်။ မြမြက သီတာ့နားကပ်ကာ ငါမြင်လိုက်တယ်ဟု ပြောလိုက်ရာ သီတာလည်း ရှိုက်ကြီးတငင်ငိုတော့သည်။ မြမြသည် သီတာ့ကို မည်သို့နှစ်သိမ့်ရမည်မသိဖြစ်ပြီး သီတာ့လက်မောင်းကို ဆုပ်ကိုင်ကာ ဘာမှမဖြစ်ပါဘူးဟာ အမေလည်း နေ့တိုင်းလုပ်နေတာပဲ ဆန်းတာမှမဟုတ်တာဟု ပြောလိုက်၏။ တဆက်တည်း တနေ့ကျရင် ငါလည်းလုပ်ရမှာပဲဟု စဉ်းစားမိရာ သီတာနှင့် လူကြီးနှစ်ဦးမြင်ကွင်းကို ပြန်မြင်ယောင်ပြီး ရင်တထိတ်ထိတ် ခုန်သွားလေသည်။ ခဏနေတော့ အခန်းထဲအမေဝင်လာသည်။ အမေသည် ပြုံးရွှင်နေသည်။ လက်ထဲမှာ ပိုက်ဆံအထပ်လိုက်ကိုင်ထားသည်။ အကြွေးနှစ်သောင်းခွဲကျေရုံပြင် ခုနှစ်သောင်းရလိုက်တယ် ခုနှစ်သောင်း ဟု ပြောကာ သီတာ့ကို တစ်သောင်း မြမြကိုငါးထောင်ပေးလေသည်။ မြမြသည် တခါမှ ပိုက်ဆံငါးထောင် မုန့်ဖိုးမရစဖူး။ အမေဖောက်သည်များသောနေ့မှာပင် ဗီဒီယိုကြည့်ဖို့ တစ်ယောက်ငါးရာလောက်သာ ရတတ်သည်။ သီတာသည် ပိုက်ဆံယူပြီး မျက်ရည်များ သုတ်လိုက်သည်။ ထို့နောက် သမီးကိုနောက်ထပ်မခိုင်းနဲ့တော့နော် အမေ ဒီတစ်ခါတည်းနော်ဟု ပြောရာ အမေက အေးပါအေး မခိုင်းပါဘူး ခုလည်း ငါ့မလိုချင်ဘူး သမီးအပျိုရှိတာ ထုတ်ပေးလို့ပြောလို့ ပါအေ တသက်လုံးလည်း ငါပဲလုပ်ကျွေးလာတာပါ ညည်းလည်း ညည်းအဖေလိုမလာနဲ့ အဖြစ်ကမရှိ ငါလုပ်ကျွေးတာစားပြီး ငါ့ကိုပြသနာရှာတာ ညည်းအဖေနဲ့ကွဲတုန်းက ငါ့မှာ ညည်းက နို့ဆွဲလို့ အားပြတ်ရတဲ့အထဲ စားဖို့သောက်ဖို့တွက် လုပ်ရတယ် အဲဒါတွေ ညည်းတို့နားလည်ရဲ့လား ခုညည်းလည်း အရွယ်ရောက်ပြီ မအေတလှည့် နားပါစေတော့ စိတ်မကူးဘူး ငါများ ဝါသနာပါလို့ လုပ်ချင်လွန်းလို့ လုပ်နေတယ်များမှတ်နေလား စသည်ဖြင့် မြည်တွန်နေလေသည်။ ထို့နေ့မှစ၍ သီတာသည် အဖိုးတန်ဖြစ်ခဲ့သည်။ အစပိုင်းတွင် သီတာတစ်ယောက် မြမြနားကပ်ကာ ငါမလုပ်ချင်ဘူးဟာ တကယ်ပြောတာ ငါ ဘယ်လိုမှ ဒီအလုပ်ကြီးမလုပ်ချင်ဘူး ဟု ပြောဆိုပြီး ငိုယိုနေတတ်သော်လည်း အချိန်ကျလျှင်တော့ အမေ့အခန်းကို ကူးရမြဲပင်။ တစ်ပတ်ခန့်ကြာ သောအခါ သီတာသည် ညဆိုလျှင် အမေ့အခန်းထဲမှမထွက်ရတော့ချေ။ တညတလေ မြမြနှင့် နဂိုအတူနေသော အခန်းကိုပင် ပြန်လာမအိပ်နိုင်တော့ဘဲ အမေသည်သာ မြမြတို့ အငယ်မလေးတို့နှင့် လာအိပ်ရတော့သည်။ နေ့လည်နေ့ခင်းလည်း မြမြနှင့်နှစ်ယောက်လုပ်ကြသော လက်ချုပ်လိုက်ခြင်းကို မလုပ်နိုင်တော့ဘဲ တနေကုန်အိပ်နေတတ်လာသည်။ အမေသည်လည်း ငွေလက်ခံခြင်း လာသောဧည့်သည်ကို ဈေးစကားပြောခြင်း ဧည့်သည်ထပ်နေလျှင် ဧည့်ခံစကားပြောခြင်း စသည်တို့ကိုသာ တာဝန်ယူတော့သည်။ မြမြသည် အမေအခန်းထဲရှိနေလျှင် ငြိမ်ပြီး လက်ချုပ်လိုက်နေတတ်သော်လည်း အမေက အပြင်မှာ မအားလပ်ဖြစ်နေလျှင် သီတာ့အခန်းထဲကို အစဉ်တစိုက် ချောင်းနေတတ်သည်။ သီတာသည် စစတုန်းကလိုတွန့်ဆုတ်ဆုတ် တောင့်တင်းတင်း ဖြစ်မနေတော့ဘဲ အလိုက်သင့်ဖြစ်လာလေ မြမြကလည်း ချောင်းကြည့်ရတာ အရသာတွေ့လေ ဖြစ်နေတော့သည်။ မြမြသည် အိပ်နေသော သီတာကို မျက်စောင်းတချက်ထိုးလိုက်သည်။ ထို့နောက် အဝါနုနုစကတ်ထဘီ၏ တင်ပါးအောက်နားကိုကိုင်ပြီး ခပ်တင်းတင်းဖြစ်အောင် ဆွဲချလိုက်ပြီး သူလက်ရှိအလုပ်လုပ်ရာ ဈေးကြီးထဲမှ ကုန်စုံဆိုင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ကုန်စုံဆိုင်ကိုရောက်ဖို့ မြမြတို့ငယ်ငယ်ကနေရသော တဲစုကို ဖြတ်သွားရသည်။ တဲစုမှာ အလုပ်မရှိအကိုင်မရှိများနှင့် လက်လုပ်လက်စားများနေကြသည်။ အိမ်နံပါတ်မရှိ ခြံဝင်းမရှိ လမ်းရယ်လို့ တိတိကျကျမရှိ။ တဲများ ဟိုတစ်လုံးသည်တစ်လုံး ဖြစ်သလိုထိုးထားကြသည်။ တချို့မှာတဲလို့တောင် ခေါ်လို့မရ ဝါးလုံးလေးချောင်းထောက်ကာ တာလပတ်မိုးပြီး မြွေရေခွံအိတ်ကာထားရုံသာ။ တဲတစ်လုံးနှင့်တစ်လုံးကြား ဖြစ်သလို အပေါ့အလေးစွန့်ကြသည်။ မြမြတို့ငယ်စဉ်ကလည်း သည်လိုပင်တဲပြင်ထွက် လူကွယ်သည့်နေရာမှာ ကိစ္စပြီးလိုက်သည်ပင်။ နွေခါများမှာ ပက်ကြားအက်နေသော မြေကြီးပေါ် ကျင်ကြီးကျင်ငယ်များ အတိုင်းသား တွေ့ရတတ်သည်။ မိုးတွင်းဆိုလျှင်တော့ ကျင်ကြီးကျင်ငယ်များသည် ခြေမျက်စိမြုပ်သော ရွှံ့ဗွက်များနှင့်ရောနှောသွားတတ်သည်။ အနံ့အသက်များကတော့ ရာသီမရွေး နံဟောင်နေသည်သာ။ အဲဒီတုန်းက အမေ့ဖောက်သည်များသည် မြမြတို့ယခုနေသော ရပ်ကွက်ထဲမှ ဆိုက္ကားသမားများ၊ တက္ကစီမောင်းသမားများဖြစ်သည်။ အမေ့ဖောက်သည်ရှိလျှင် မြမြနှင့်သီတာတို့ တဲပြင်ထွက်ကာ ဟိုလျှောက်သွား သည်လျှောက်သွားနှင့် တခါတလေ ခပ်ဝေးဝေးကားလမ်းမနားသို့ ပင်ရောက်သည်။ မိုးရွာနေလျှင်တော့ အမေက ပိုက်ဆံပေးကာ မြမြတို့ယခုနေသော ရပ်ကွက်ရှိ ဗီဒီယိုရုံသို့ လွှတ်လိုက် တတ်လေသည်။ မြမြနှင့် သီတာသည် စကတ် မကာ မကာနှင့် ရွှံထဲမှာ တစွတ်စွတ်လျှောက်သွားပြီး ဈေးကြီးဘေးမှ မြမြတို့တဲစုမှလူများရေချိုးနေကျရေတွင်းမှာ ခြေထောက်ဆေး၊ ဗီဒီယိုရုံရှေ့မှ သရက်ပြားတစ်ယောက်တစ်ပြားဝယ်စားပြီး ဗီဒီယိုကြည့်ကြသည်။ အဲဒီတုန်းက အငယ်မလေး မမွေးသေး။ အငယ်မလေးကို သည်ဘက်ရပ်ကွက် ပြောင်းလာပြီးမှ မွေးခြင်းဖြစ်သည်။ မြမြတို့ယခုနေသောအိမ်သည် အငယ်မလေး၏ အဖေထံမှ ရလိုက်ခြင်းဖြစ်သည်။ အငယ်မလေး အဖေသည် ငွေတိုးချေးစားသော တရုတ်အဖိုးကြီးဖြစ်သည်။ အငယ်မလေးကိုမွေးပြီး တစ်နှစ်ကျော်ကျော်မှာ သားကြီးသမီးကြီးများက လိုက်လာပြီး သည်အိမ်ကို အမေ့အပိုင်ပေးကာ အငယ်မလေးအဖေကို ပြန်ခေါ်သွားကြသည်။ အိမ်လေးတစ်လုံးရလိုက်တာ တန်ပါတယ်တော် ညည်းတို့အဖေတွေများ ညည်းတို့ကိုသာထားခဲ့တာ ငါးပြားမှတောင်ပေးခဲ့တာ မဟုတ် ဟု အမေကပြောလေသည်။ မြမြကတော့ သည်အိမ်မှာနေရတာကို သဘောကျလှသည်။ ရေတွင်းလေးနှင့် လျှပ်စစ်မီးလေး၊ အိမ်သာလေးနှင့် သည်အိမ်ရောက်မှနေဖူးသည်မဟုတ်လား။ ကိုယ်တုံးလုံးနှင့် ကလေးငယ်တစ်ယောက်သည် မြမြရှေ့မှာ ကာဆီးကာဆီးနှင့် ငိုယိုပြီး လျှောက်သွားနေသည်။ မြမြသည် လမ်းကျဉ်းလေးမှာ ကလေးကိုကျော်တက်ဖို့ ကြိုးစားတိုင်း ကလေးက ဟိုဘက်သည်ဖက် ယိမ်းထိုးရင်း မြမြကိုလည်း တချက်တချက် နောက်ပြန်လှည့်ကြည့်ရင်း ငိုယိုလျှောက်သွားနေရာ မြမြလည်း ကျော်တက်လို့လည်းမရ ကလေး၏ ညစ်ညစ်ပတ်ပတ် ကိုယ်လုံးနှင့်လည်း ထိမှာ ကြောက်ပြီး စိတ်နှောင့်ယှက်ဖြစ်လျက်ရှိသည်။ ကလေးငယ်သည် ကြွေရည်သုတ်ဇလုံအလွတ်စ်ခုကိုလည်း လက်ကကိုင်လျှင် အနားစွန်းကို ပါးစပ်ထဲထည့်ထားသည်။ မြမြအခက်တွေ့နေသည်ကို မြင်သော ယောက်ျားရွယ်တစ်ယောက်က ဟေ့ကလေး ဖယ်ပေးလိုက်ဟု အော်လိုက်ရာ ကလေးငယ်လည်း ဘေးကပ်ပေးလိုက်သည်။ မြမြသည် ကလေးကိုကျော်တက်ကာ ခြေလှမ်းကို ခပ်သွက်သွက်လှမ်းလိုက်သည်။ စောစောက ကလေးကို အော်ပေးသော ကောင်လေးက ဘယ်သွားမလို့လဲဟု မေးသည်ကို မကြားယောင်ပြုခဲ့သည်။ ကုန်စုံဆိုင်ကိုရောက်ဖို့ သည်တစ်လမ်းသာ ဖြတ်လမ်းရှိလို့သာ နေ့စဉ်ဖြတ်သွားဖြတ်လာ လုပ်နေရသော်လည်း တဲစုမှကောင်လေးများနှင့် မေးထူးခေါ်ပြော မလုပ်နေနိုင်ပေ။ မိုးတွင်းရောက်လျှင်တော့ လမ်းမဘက်က တရှည်တလျား ပတ်သွားတော့မည်ဟု စိတ်ကူးထားသည်။ မြမြသည် သီတာလို အလုပ်မလုပ်ရဘဲ တနေကုန်တနေခမ်း နားရက်မရှိ အလုပ်ဆင်းရသော ကုန်စုံဆိုင်မှာ လုပ်နေရသည်ကို မကျေနပ်လှ။ ကုန်စုံဆိုင်ပိုင်ရှင် အဘွားကြီးကလည်း မြမြကို သိပ်ကြည့်ရလှသည်မဟုတ်။ အားအားနေ ဆူပူနေသည်။ နန့်နန့်တက်မနေနဲ့ စကားပြောတာ လေသံကို မှန်မှန်ပြော တဟီဟီလုပ်မနေနဲ့ မျက်နှာကို တည်တည်ငြိမ်ငြိမ်ထား တချိန်လုံးမျက်စိမကစားနေနဲ့ စောင်းရတဲ့အထဲ ကလက်တက်တက်နဲ့ စသည်ဖြင့် ပြောဆိုတတ်သည်။ မြမြသည် အမေ့ကို မလွန်ဆန်ရဲသောကြောင့်သာ လုပ်နေရသော်လည်း ကုန်စုံဆိုင်မှာ လုံးဝမလုပ်ချင်ပေ။ သီတာလိုလုပ်ချင်လှပါသည်ဟုလည်း အမေ့ကို ထုတ်ဖော်မပြောလို။ အမေသည် မြမြကို မျက်စိစောင်းနေသောကြောင့် လူရာမသွင်းကြောင်း သိရှိကာ စိတ်နာလှသည်။ အမေသည် သီတာ့ကြောင့် ဝင်ငွေတိုးကာ ရွှေဆွဲကြိုးတွေဘာတွေပင်ဆွဲနေပြီဖြစ်ရာ သီတာ့အပေါ်မျက်နှာသာ ပေးလှသည်။ အငယ်မလေးကျပြန်တော့လည်း အဖေတရုတ်သူဌေးထံမှ တစုံတရာ ရလာနိုးမျှော်သည်က တစ်ကြောင်း အိမ်ပေးထားသည်ကြောင့်တစ်ကြောင်းနှင့် အမေက ဖူးဖူးမှုတ်ပြန်သည်။ မြမြတစ်ယောက်သာ အိမ်မှာ အနှိမ်ခံရပြီး တစ်နေကုန် တစ်လလုံးအလုပ်လုပ်ပါမှ သီတာ နှစ်ရက်လုပ်စာလောက်သာရသော အလုပ်ကို လုပ်နေရသည်။ တခါတလေကျပြန်တော့လည်း သည်အလုပ်က တင့်တယ်သည် လူပြောသူပြောလွတ်သည်ဟု စိတ်ကိုဖြေတွေးသော်လည်း မြမြသည် ပင်ပန်းလွန်းသည်ကြောင့်ရော ဝင်ငွေနည်းလွန်းသည်ကြောင့်ပါ ကြာကြာ စိတ်ဖြေ၍မရပေ။ တကယ်တမ်း သီတာ့အလုပ်ဟာ အန္တရာယ်များကြောင်းလည်း မြမြသိသည်။ တခါတလေဆို ရဲနှင့် ရပ်ကွက်လူကြီးများ က ပိုက်ဆံလာတောင်းခြင်း၊ အခမဲ့ချောဆွဲခြင်း၊ တချို့သော ဖောက်သည်များ၏ မရိုမကျိုးဆက်ဆံခြင်း၊ ပတ်ဝန်းကျင်က မေးငေါ့လူရာမသွင်းခြင်း စသည်တို့ကိုလည်း ခံရသေးသည်။ သို့သော် မြမြတို့ ကိုယ်တိုင်လည်း သီတာ့ကြောင့်ရော အမေ့ကြောင့်ပါ လူပြောသူပြောက လွတ်လှသည်မဟုတ်တော့ မထူးပါဘူးဟု တွေးမိပြန်သည်။ မြမြသည် သီတာ့အလုပ်ကို အတော်ဂုဏ်ငယ်သယောင် ထင်ခဲ့ဖူးသော တချိန်တော့ရှိသည်။ ထိုနေ့က မြမြကုန်စုံဆိုင်မှပြန်လာတော့ အိမ်မှာ ဧည့်သည်ရောက်နေသည်။ ဗမာဝတ်စုံကို သားသားနားနားဝတ်စားဝတ်ဆင်ထားသော ကောင်မလေးနှစ်ယောက်ဖြစ်သည်။ ဘယ်က ဘယ်လိုသတင်းရလာသည်မသိ သီတာ့ကို အင်တာဗျူးလာလုပ်သည်ဟုဆိုသည်။ ကလေးမလေးများက ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုမှ ဟုဆိုသည်။ ပြည့်တန်ဆာများ အကာအကွယ်သုံးခြင်း၊ အကြမ်းဖက်ခံရခြင်း ကျန်းမာရေးအသိ၊ အမျိုးသမီးအခွင့်အရေး စသည့် စကားလှလှများနှင့် အလွန်ချိုသာစွာပြောနေကြရာ မြမြမှာ သူတို့ပြောတာ နားထောင်မှသာ သီတာ့အလုပ်ကို အလွန်အောက်တန်းကျသော အလုပ်၊ လူအခွင့်အရေးဆုံးရှုံးနေသော အလုပ်အဖြစ် နားလည်ရကာ သီတာ့ကိုလည်း သနားစဖွယ်မြင်မိတော့သည်။ ထိုကလေးမများပြန်သွားတော့ သီတာသည် မျက်နှာညှိုးနွမ်းလျှက်ရှိသည်။ အမေက ငါတို့ဘာသာ တခြားဟာ လုပ်မစားတတ် ဒါပဲလုပ်စားတတ်လို့ ဒါလုပ်စားတာ ဘာဖြစ်သတုန်း အဲဒါသူတို့နဲ့ဆိုင်လား အဲဒီဟာမတွေအဲလိုပဲ ငါစစချင်း အင်းစိန်က စင်တင်မှာ လုပ်နေတုန်းကလည်း တစ်ခါလားနှစ်ခါလား အမေးခံဖူးတယ် မေးတာကိစ္စမရှိ သူတို့ကယ်တင်မှ ငါတို့ ဒုက္ခတွင်းက လွတ်မယ့်အပေါက်နဲ့ ပြောနေကြတာ ဘာကြောင့် ဒီဘဝရောက်လဲတဲ့ ငါလည်း ဖြေချင်ရာဖြေလိုက်တယ် ဟု ပြောတော့မှ သီတာလည်း ပုံမှန်ပြန်ဖြစ်လေသည်။ မြမြသည် တခါတလေမှာတော့ ထိုကလေးမနှစ်ယောက်လို စတိုင်ကျကျနေကြည့်ချင်ပြန်သည်။ သို့သော်လည်း မြမြသည် ပညာတတ်သည့်တိုင် မျက်စိစောင်းနေသောကြောင့် ထိုသို့သော အလုပ်လုပ်လို့ရပါ့မလားဟုတွေးမိကာ စိတ်နှလုံးချုံးချုံးကျလေသည်။ တဖန် စေ့စေ့ပြန်တွေးသော် ထိုကလေးမနှစ်ယောက် ပြောသွားသော စကားအသွားအလာများကို မနှစ်သက်ဖြစ်လာကာ ကလေးမနှစ်ယောက်ကို အမြင်ကတ်သွားလေ၏။ မြမြသည် ဈေးရောင်းရင်း ပိုက်ဆံအတွက်မှားကာ ငွေကွာအမ်းမိသဖြင့် လျော်လိုက်ရသည်။ ကုန်စုံဆိုင်ရှင်အဘွားကြီးသည် မြမြအား ဆူပြောမဆုံးတော့ပေ။ စာမတတ်ပေမတတ်ရတဲ့အထဲ အလုပ်ကို စိတ်ဝင်တစားမလုပ်ချင်ဘူး မျက်စိကလည်း စောင်းရုံမက ကန်းပါကန်းနေလားမသိ စသည်ဖြင့် ဆူပွနေလေသည်။ မြမြသည် အဘွားကြီးကို စိတ်ဆိုးသော်လည်း ခွန်းတုံ့မပြန်ရဲဘဲ နောက်ထပ်လာဝယ်သူတစ်ယောက်ကို ကြက်သွန်များပိုပိုသာသာထည့်ပေးပစ်လိုက်သည်။ အပြန်မှာ မြမြတို့ငယ်ငယ်က ရေချိုးခဲ့သော ရေတွင်းမှာ ရေချိုးနေသော ကောင်လေးတချို့က ရွှတ်ရွှတ်ဟု အသံပေးသည်။ မြမြသည် ရုတ်တရက်ဒေါသထွက်သွားသည်။ သို့သော်လည်း တချက်လှည့်ကြည့်လိုက်သောအခါ ရုပ်ရည်အနည်းငယ် သန့်ပြန့်သော ကောင်လေးတစ်ယောက်ကိုမြင်မိ၍ အနည်းငယ်ပြုံးယောင်သမ်းသွားပြီး စကတ်ထဘီအဝါနု၏ ရှေ့ဘက် အစွန်နားကို ဆတ်ခနဲ တချက် လက်နှင့် ဆွဲခါလိုက်သည်။ ထို့နောက်ခန္ဓာကိုယ်ကို ပုံမှန်ထက်လှုပ်လီလှုပ်လဲ့လုပ်ကာ ဆက်လျှောက်သွားသည်။ နောက်ဘက်မှာ ကောင်လေးများရယ်မောလိုက်သံကို ကြားရသည်။ အိမ်ပြန်ရောက်တော့ အမေက သီတာနေမကောင်းဘူးဟုဆီးပြောသည်။ သီတာသည် အနည်းငယ် ပန်းလှူနေပုံဖြစ်နေသည်ကို မြမြသတိထားမိသည်မှာ သုံးလေးရက်ရှိပြီ။ မြမြက ဘာဖြစ်တာလဲ ဆေးခန်းမသွားဘူးလားဟုမေးပြီး အိပ်ခန်းထဲဝင်လိုက်ရာ မြမြအိပ်ရာထဲမှာ ခွေခွေလေးလှဲနေသော သီတာကိုတွေ့ရသည်။ သီတာ့ဘေးမှာ အငယ်လေးက သူ့အရုပ်မလေးကို ခေါင်းဖြီးပေးနေသည်။ ဆေးခန်းမသွားဘူးလားဟု မြမြကမေးလိုက်သည်။ သီတာက ခေါင်းခါပြ၏။ အမေက အခန်းထဲဝင်လာပြီး ဘာမှမဖြစ်ပါဘူး စိုးရိမ်စရာမရှိဘူး နောက်ဆို သတိထားစမ်းပါအေ အလုပ်အကိုင်ပျက်တယ် တစ်လခွဲနှစ်လတော့ နားရမှာပဲဟု ပြောလေသည်။ အမေသည် ဘာမှမဖြစ်ပါဘူးသာဆိုသည် သီတာ့ထက် မျက်စိမျက်နှာပျက်နေ၏။ ဘာလို့ တစ်လခွဲနှစ်လတောင် နားရမှာတုန်း ဘာရောဂါလဲဟု မြမြက အကျီံလဲရင်း မေးလိုက်သည်။ မည်သူမှပြန်မဖြေကြပေ။ ညနေစာစားပြီးတော့ မြမြက အခန်းထဲမှာ ဇီးထုပ်စားရင်း အလုပ်ထဲမှာ လျော်ရကြောင်း သီတာ့ကိုပြောပြနေသည်။ အမေသည် အပြင်ဘက်မှာ ဟိုလျှောက်သည်လျှောက်လုပ်လိုက် မြမြတို့အခန်းထဲဝင်လာပြီး ပြန်ထွက်သွားလိုက်နှင့် ဂနာမငြိမ်ဖြစ်နေသည်။ ပါးစပ်မှလည်း လူလာရင် ဘာပြောရမှန်းတောင်မသိဘူး စိတ်ညစ်ပါတယ် ဒါလုပ်စားနေပြီး ဒါကို သတိမထားလို့ ဖြစ်မလား ငါ့ကျတော့လည်း ညည်းဆီလာတဲ့ကောင်တွေက ကြိုက်မှာမဟုတ် စသည်ဖြင့် ရေရွတ်နေလေသည်။ အတန်ကြာတော့ လူလာသံ၊ အမေနှင့် စကားပြောနေသံကြားရသည်။ မြမြသည် လှိုက်ကာထဲမှနေ ချောင်းကြည့်၏။ သက်လတ်ပိုင်းလူကြီး သုံးယောက်တောင်ဖြစ်သည်။ သီတာက အိပ်ရာထဲမှနေ၍ မြမြကို လက်ယပ်ခေါ်ရာ မြမြက သီတာ့နားကပ်သွားသည်။ သွားမကြည့်နေနဲ့ဟု သီတာကပြောသည်။ မြမြက ကြည့်ချင်စိတ်ကို ထိန်းကာ သီတာ့နားမှာ ဝင်ထိုင်ပြီး ဇီးထုပ်ကိုဆက်စားနေလိုက်သည်။ ထိုစဉ်အမေဝင်လာသည် မြမြညည်းလုပ်မလားဟု ဒဲ့ကြီးမေး၏။ မြမြသည် ရုတ်တရက်နားမလည်နိုင်ဖြစ်ကာ အမေ့ကို ငေးကြောင်ကြည့်နေမိသည်။ မြမြသည် အမေ့အခန်းထဲမှာရောက်နေသည်။ မီးရောင်မှိန်မှိန်အောက်မှာ စကတ်ထဘီအဝါနုလေး၏ အနားစွန်းကို လက်နှင့် လုံးချေလျှက် ကုတင်ပေါ်မှာ ထိုင်နေသည်။ အမေက အခန်းပြင်ထွက်သွားသည်။ လူကြီးသုံးယောက်သည် မတ်တပ်ရပ်လျက်ရှိသေးတုန်း မြမြသည် ခပ်ဟဟရယ်မောရင်း အင်္ကျီကြယ်သီးကို ဖြုတ်ချလိုက်ရာ လူကြီးများသည် ဖွံ့ထွားသော မြမြကိုယ်လုံးအား အငမ်းမရ လာရောက်ထိကိုင်ကြလေသည်။ တကယ်တမ်းတော့ မျက်စိစောင်းခြင်းမစောင်းခြင်းဟာ အရေးမကြီးပါဘူး ဒီလိုအချိန်မှာ ဘယ်သူက မျက်စိကို ဂရုစိုက်နိုင်တော့လို့လဲ၊ သီတာရော ချောင်းကြည့်နေမလား၊ မနက်ဆို အစောကြီးထပြီး ကုန်စုံဆိုင်သွားစရာမလိုတော့ဘူး၊ အမေလည်း ပိုက်ဆံတွေအများကြီးရှာပေးနိုင်တဲ့ခါကျရင်တော့ သီတာ့ထက်မျက်နှာသာ ပေးရတော့မှာပေါ့ စသည်ဖြင့် တွေးတောကာ ပြုံးပြုံးကြီး မျက်စိမှိတ်ထားလိုက်လေသည်။ 

+ခိုင်စိုးလင်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)