ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 7, 2015

==အာတိတ်ဒေသကိုပိုမိုစိတ်ဝင်စားလာကြသည့်အင်အားကြီးနိုင်ငံများ==

>
 တရုတ် ရေတပ် သင်္ဘောများ လွန်ခဲ့ သည့် လ၌ အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ် အနီး ဘာရင်းပင်လယ်ပြင်တွင် တရုတ်ရေတပ်သင်္ဘောငါးစင်း လှုပ်ရှား နေသည်ကိုတွေ့ ရှိခဲ့ ရသည်။
၎င်းတို့ သည် နိုင်ငံတကာ ရေပြင်ပိုင်နက်တွင် သွားလာနေခြင်းသာဖြစ်ပြီး ခြိမ်းခြောက်သည့် လက်္ခဏာမပြကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂိ္ဂုလ် ဂျိမ်းအာနက် က ဝေဖန်ပြောဆိုသည်။ ကမ်းလွန်တွင် ကင်းလှည့် သည့် အဆင့်မှ သမုဒ်္ဒရာအတွင်း လှုပ်ရှား သည့်  ပင်လယ်ပြာ (Blue Sea) ရေတပ်အဆင့်သို့  တက်လှမ်းရန် ကြိုးပမ်း နေသည့် 
 တရုတ်ရေတပ်မတော်သည် လွန်ခဲ့ သောလများ၌ ရုရှားရေတပ်နှင့် ပူးတွဲကာ မြေထဲပင်လယ်၊ ဂျပန်ပင်လယ်နှင့် ဘာရင်းပင်လယ်ပြင်တို့ တွင် တိုက်ခိုက်ရေးနှစ်မျိုး အသုံးပြုနိုင်သည့်  ရေခဲခွဲ သင်္ဘောအသစ်တစ်စင်း တည်ဆောက်ရန် စီစဉ်နေသည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

၎င်းရေခဲခွဲသင်္ဘောကို၂၀၂၀ ပြည့် နှစ်တွင် အပြီးတည်ဆောက်ရန် စီစဉ်ထား ကာ ထောက်လှမ်းရေးတွင်မက သယံဇာတရှာဖွေရေးတွင်လည်း အသုံးပြု နိုင်ရန် အဆင့်မြှင့်တင်တည်ဆောက်မည်ဟု သိရှိရသည်။ လက်ရှိအချိန်၌ အမေရိကန်
ပြည်ထောင်စုတွင်Polar Starနှင့်Healyဟု အမည်ပေးထားသည့် ရေခဲခွဲသင်္ဘောနှစ်စင်း
ရှိသည်။ ယခင်က အာတိတ် ရေခဲပြင်တွင် တစ်နှစ်တာပတ်လုံး အလုပ်လုပ်သော
 Polar Star နှင့်  Polar Sea ရေခဲခွဲသင်္ဘောနှစ်စင်းရှိခဲ့ ရာ ၂၀၁၀ ပြည့် နှစ်တွင်
 Polar Seaစက်ချွတ် ယွင်းမှုဖြစ်ခဲ့ ၍ ဆက်လက်အလုပ်မလုပ်နိုင်တော့ဘဲ၊ 
ယခုအသုံးပြုနေသော မီးလောင်ခဲ့ လျှင် တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ထားခြင်း ဖြစ်သည်။ 

ဒုတိယရည်မှန်းချက်မှာအာတိတ်စက်ဝိုင်းဒေသတွင် ရေနံဓာတ်ငွေ့  စသည်သဘာဝအရင်းအမြစ်များကို ပိုင်ဆိုင်နိုင်ရန်အတွက် နယ်မြေချဲ့ ထွင်မှု စစ်ပွဲများဖြစ်ပေါ်လာခဲ့ လျှင် အသင့်တိုက်ပွဲဝင်နိုင်ရန် စစ်ရေးပြင်ဆင်နေကြ ခြင်းဖြစ်သည်ဟု သိရှိရသည်။ ထိုကဲ့ သို့ သော ရည်မှန်းချက်များဖြင့်ပင် အရှေ့ဥရောပဒေသ၌ အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့ ဝင် ၁၅၀၀၀ ကျော်သည် စစ်ရေးလေ့ကျင့်မှုများပြုလုပ်၍ တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ထားကြသည်။ ယနေ့အချိန်၌ ကမ်္ဘာ့အင်အားကြီးနိုင်ငံများက ပိုမိုစိတ်ဝင်စားမှုပြလာ သော အာတိတ်စက်ဝိုင်းဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများမှာအမေရိကန်၊ ရုရှား၊ ကနေဒါ၊ ဖင်လန်၊ နော်ဝေနှင့်
ဒိန်းမတ်တို့ ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်လည်း နောက်ထပ်ရန်ပုံငွေများ တိုးမြှင့် ရရှိရန်အလားအလာမရှိပေ။ ထိုကဲ့ သို့  စိန်ခေါ်မှုများရှိနေသော်လည်း အမေရိကန်ရေခဲခွဲသင်္ဘော များသည် အာတိတ်ဒေသတွင် အမေရိကန်အကျိုးစီးပွားများကို အကြီး အကျယ် ဖော်ဆောင်ပေးနိုင်သည့်အတွက် ရေခဲခွဲသင်္ဘောသစ်ကို မဖြစ်မနေ တည်ဆောက်ရမည်ဖြစ်ကြောင်း အငြိမ်းစားရေတပ်ဗိုလ်ချုပ် ဂျက်ဖရီဂါးရင့်က သုံးသပ်ပြောဆိုခဲ့ သည်။ 

**တရုတ် ရေခဲခွဲသင်္ဘော** 

ကမ်္ဘာ့အာတိတ်ကောင်စီတွင် အဖွဲဝင်ဖြစ်သည့်တရုတ်ပြည်သူ့ သမ်္မတ နိုင်ငံသည်၂၀၁၆ ခုနှစ်တွင် ၄င်း၏ ဒုတိယရေခဲခွဲသင်္ဘောသစ်တစ်စင်း ကို စတင်တာဝန်ထမ်းဆောင်စေရန် စီစဉ်လျက်ရှိသည်။ အာတိတ်ဒေသတွင် ယနေ့တာဝန်ထမ်းဆောင်နေသော တရုတ်ရေခဲခွဲ သင်္ဘောမှာ အလွန်စွမ်းရည်ကောင်းသည်ဟု သိရှိရသည်။ ကမ်္ဘာ့ရာသီ ပြောင်းလဲမှုကြောင့် အာတိတ်ရေခဲပြင်များအရည်ပျော်ကျကာ၊ ပင်လယ်ရေ ကြောင်းလမ်းများ ပွင့်လာလျက်ရှိရာ အီလျူးရှင်းကျွန်းများ၏အလွန် ဘာရင်းပင်လယ်ပြင်တွင် တရုတ်သင်္ဘောများ ရောက်ရှိနေခြင်းသည် အာတိတ်ဒေသ မြေအောက်အရင်းအမြစ်များကို တရုတ်တို့  ပိုမိုစိတ်ဝင်စား လာမှုကို ပြသခြင်းဖြစ်သည်ဟု နိုင်ငံရေးပညာရှင်တို့က ဆိုသည်။ တရုတ်တို့ သည် ရုရှားနှင့် စစ်ဘက်ရေးရာတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ရေခဲခွဲသင်္ဘောတည်ဆောက်ရေး နည်းပညာများကို ရုရှားတို့ ထံမှ ရယူနိုင်ရန် ကြိုးပမ်းနေသည်ဟု ရုရှားစပွတ်နစ်သတင်းစာတွင် ဖော်ပြ ထားသည်။

 **စစ် ရေးလေ့ကျင့် မှုများ**

 လွန်ခဲ့ သည့် သြဂုတ်လဆန်းမှ စတင်ကာ ယနေ့တိုင်အောင်ပင် ရုရှား နိုင်ငံ၏ မြောက်ပိုင်းရေတပ်ဖွဲ့ သည် အာတိတ်ဒေသတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ရုရှားရေတပ်သင်္ဘောများသည် ဘာရင်းပင်လယ်နှင့် နော်ဝေဂျီယံ ပင်လယ်ပြင်များတွင် ရေမြုပ်မိုင်း ရှင်းလင်းခြင်း၊ ရေငုပ်သင်္ဘော နှိမ်နင်း စစ်ရေးလေ့ကျင့်ခဲ့ ကြသည်။ ကမ်္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်ဒေသရေခဲပြင်များ အရည် ပျော်ကျလာသည့် အတွက် ပင်လယ်ရေကြောင်းလမ်းများ ပွင့်လာပြီဖြစ်၍ သဘာဝအရင်းအမြစ်များကြွယ်ဝသော အာတိတ်ဒေသတွင် သယံဇာတများ ထုတ်နုတ်ယူနိုင်ရန် ကမ်္ဘာ့အင်အားကြီးနိုင်ငံများသည် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်ဟု နိုင်ငံရေးသုတေသီများက ဝေဖန်ပြောဆိုနေကြသည်။ 

အာတိတ်ဒေသပင်လယ်ပြင်များတွင် ရုရှားနှင့်တရုတ်ရေတပ်သင်္ဘောများ လှုပ်ရှားမှုကို အမေရိကန်စစ်ဘက်နှင့် အရပ်ဘက်ထောက်လှမ်းရေး အေဂျင်စီများသည် ကွန်ရက်များဖြန့် ကြက်ကာ ထောက်လှမ်းစောင့် ကြည့်  လျက်ရှိသည်။ မြောက်ဝင်ရိုးစွန်းအနီးတွင်တည်ရှိသည့် ကနေဒါထောက်လှမ်းရေး အခြေစိုက်စခန်းကိုအမေရိကန်နှင့်ကနေဒါထောက်လှမ်းရေးအေဂျင်စီ များက ပူးတွဲအသုံးပြုလျက်ရှိပြီး ထောက်လှမ်းရေးဂြိုဟ်တုမှပေးပို့ သော သတင်းအချက်အလက်များကို ၄င်းစခန်းမှ လက်ခံဖမ်းယူစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။ 

**အပြိုင်အဆို င်ကြိုးပမ်းမှု**

 မဟာဗျူဟာအရ အရေးကြီးသော ဒေသဖြစ်သည့် အပြင်၊ ရေနံဓာတ်ငွေ့  စသော သယံဇာတကြွယ်ဝသည့် အာတိတ်ဒေသတွင် အခွင့်အလမ်း ကောင်းများရရှိရန် ကြိုးပမ်းအားထုတ်မှု၌ ရုရှားနှင့် တရုတ်တို့  ၏ နောက်တွင် အမေရိကန်ရောက်ရှိနေသည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်နေသည်။ အာတိတ်ဒေသတွင် အသုံးပြုရန်အတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် နျူကလီးယားစွမ်းအင်ဖြင့် မောင်းနှင်သည့်  စူပါရေခဲခွဲသင်္ဘောကြီးတစ်စင်းကို စတင်တည်ဆောက် ရန် စီစဉ်နေသည်။ လွန်ခဲ့ သည့်  သီတင်းပတ်အတွင်း၌ အမေရိကန်က ထောက်လှမ်းရေးနှင့်Polar Starနှင့် Healy ရေခဲခွဲသင်္ဘောနှစ်စင်းအနက် ၁၉၇၆ ခုနှစ်မှ စတင် တာဝန်ထမ်းဆောင်ခဲ့ သည့်  Polar Starသည် ၂၀၂၀ ပြည့် နှစ်တွင် သက်တမ်း ကုန်ဆုံးကာ အနားပေးရမည့် အချိန် နီးကပ်လာပြီဖြစ်သည်။ အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ဂျက်ဖရီဂါးရင့်က အဆင့် မြင့် စစ်လက်နက် ပစ်္စည်းများနှင့်ထောက်လှမ်းရေးဆက်သွယ်ရေးကိရိယာများ တပ်ဆင်ထားသော ဖြစ်ကြောင်း၊  ရေခဲခွဲသင်္ဘောတစ်စင်းကို တည်ဆောက်ရာတွင် စိန်ခေါ်မှုများစွာ တွေ့ ရှိရ မည်ဖြစ်ကြောင်း၊  Polar Starနေရာတွင် အစားထိုးနိုင်ရန် လေးနှစ်အတွင်း သင်္ဘောသစ်ကို အပြီးတည်ဆောက်ရမည်ဖြစ်ကြောင်း အကြံပေးပြောဆိုခဲ့ သည်။ နျူကလီးယားစွမ်းအင်ဖြင့် မောင်းနှင်သည့်  ရေခဲခွဲသင်္ဘောအသစ်တစ်စင်း ကို တည်ဆောက်ရန် ကုန်ကျစရိတ်မှာ ဒေါ်လာ တစ်ဘီလီယံကျသည်ဟု သိရှိရသည်။ 

၎င်းငွေပမာဏသည် အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ဖွဲ့ လုံး၏ ၂၀၁၅ ခုနှစ် ဘတ်ဂျက်ခွင့် ပြုငွေဖြစ်သည့် အတွက် အခက်အခဲများ တွေ့ နေရသည်။ ရည် မှန်းချက် နှစ်ရပ် ရုရှားတပ်မတော်သည် အထက်ပါစစ်ရေးလေ့ကျင့်မှုများကို ရည်မှန်းချက် နှစ်ရပ်ဖြင့် ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူတို့ က ဆိုသည်။ ပထမရည်မှန်းချက်မှာယူကရိန်းအရေးအခင်းနှင့်ပတ်သက်၍ ရုရှားနှင့်နေတိုးအဖွဲ့ ကြားတွင် အလွန်တင်းမာနေလျက်ရှိရာ ရုတ်တရက် စစ်မီးတောက်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းဒုံးစနစ်များ ကိုင်တွယ်အသုံးချ ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ ကြသည်။ 

ထို့ ပြင် ရုရှားမဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများသည် တိုက်လေယာဉ် များ၏ ထောက်ကူမှုဖြင့် ရန်သူပစ်မှတ်များကို ချေမှုန်းတိုက်ခိုက်ပုံ ရုရှား လေကြောင်းချီတပ်ဖွဲများက ရဟတ်ယာဉ်များဖြင့် ရန်သူ၏နောက်ပိုင်းသို့  ဆင်းသက်တိုက်ခိုက်ပုံများကို လေ့ကျင့်ခဲ့ ကြသည်။ ရုရှားပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ လေကြောင်းချီတပ်ဖွဲ့များနှင့် အထူးကွန်မန်ဒိုတပ်ဖွဲ့ များသည် ရုရှားပိုင် အာတိတ်ဒေသကျွန်းများ နှင့် ခိုလာကျွန်းဆွယ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ ကြသည်။ ထို့ ပြင် ဘောလ်တစ်ပင်လယ်ပြင်တွင် ရုရှားရေတပ်ဖွဲ့ သည် ညအချိန် တွင် ဒုံးကျည်နှင့်အမြောက်များဖြင့် ပစ်ခွင်းတိုက်ခိုက်ပုံ၊ ကျူးကျော်လာသော ရန်သူလေယာဉ်များကို ဝေဟင်ပစ်ဒုံးကျည်များဖြင့် ပစ်ခွင်းပုံများကို စစ်ရေးလေ့ကျင့်ခဲ့ ကြသည်။   

+ထွန်းတောက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)