ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 24, 2015

=ဂျိုးမာဂန်နီယယ်လိုနဲ့  ဆိုဖီယာဘာဂါရာရွှေလက်တွဲပွဲ နဲ့  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း=

>
**ရွှေလက်တွဲခဲ့ကြပြီဖြစ်တဲ့ဂျိုးမာဂန်နီယယ်လို နဲ့ ဆိုဖီယာဘာဂါရာ**

 ဟောလိဝုဒ်ကြယ်ပွင့် နှစ်ဦးဖြစ်သည့်ဂျိုးမာဂန်နီယယ်လို နှင့်
 ဆိုဖီယာဘာဂါရာတို့နှစ်ဦးသည် ဖလော်ရီဒါပြည်နယ်
ပန်မ်ကမ်းခြေရှိဘရိတ်ကာရီဆော့ဗ်မှာ လက်ထပ်ပွဲဆင်နွှဲခဲ့
ကြသည်ဟု Peopleဖျော်ဖြေရေးအေဂျင်စီကဖော်ပြခဲ့သည်။
မင်္ဂလာဧည့်ခံပွဲအခမ်းအနားကို ည ၇ နာရီတွင်စတင်ခဲ့ ပြီး
 နှစ်ဖက်မိဘအသိုင်းအ၀ိုင်းစုံစုံညီညီတက်ရောက်ခဲ့သလို
မင်းသမီး ရီးစ်ဝစ်သာစပွန်းနှင့် ချန်နင်တေတန်တို့ လည်း
 တက်ရောက်ခဲ့ ကြသည်။ သူတို့နှစ်ဦးသည် ၂၀၁၄
ဇူလိုင်လလယ်လောက်က စတင်ချစ်ကျွမ်းဝင်ခဲ့ကြပြီး
 တစ်နှစ်ကျော်ကာလအတွင်းမှာပင် လက်ထပ်ရန်
 ဆုံးဖြတ်ခဲ့ ကြခြင်းလည်း ဖြစ်သည်။

မင်းသမီး ဆိုဖီယာဘာဂါရာသည် လက်ရှိတွင်
အသက် (၄၃)နှစ်အရွယ်သို့  ရောက်ရှိနေပြီဖြစ်ပြီး
ဆယ်ကျော်သက်အရွယ် ၁၉၉၀ ခုနှစ်ကတည်းက
 ပထမ အိမ်ထောင်နှင့် ပြတ်စဲခဲ့ ပြီးနောက် နာမည်ကြီးမင်းသား
 တွမ်ခရုဇ်၊ စပိန်နွယ်ဖွားအဆိုတော် အန်းနရစ်လက်စ်ဂလေးစီးယက်ဇ်တို
့နှင့် လည်းတွဲခဲ့ သည်။ ၂၀၁၂ ဇူလိုင်လအတွင်းက
နစ်လော့ပ်နှင့်  ချစ်ကြိုက်ခဲ့ သော် လည်း ၂၀၁၄ ခုနှစ် မေလကပင်
 လမ်းခွဲခဲ့ ကာ နှစ်လအတွင်းမှာပင် ယခုလက်ထပ်ခဲ့ သည့် 
 မာယန်နီယယ်လိုနှင့်  တွဲနေခဲ့ ခြင်းဖြစ်သည်။ (မေလဲ့သင်း)  

**အိမ်ထောင်သက်(၁၀)နှစ်ပြည့်မြောက်ပြီဖြစ်တဲ့
ကိုရီးယားကြယ်ပွင့်မောင်နှံက သားဦးရင်သွေးမွေးဖွားရန်မျှော်လင့်**

 မြန်မာပရိသတ်များ ဂေါ်ခူးအဖြစ်သိကြတဲ့  မင်းသားယွန်ဂျောင်ဟန်နဲ့ 
  ဇနီးဖြစ်သူမင်းသမီး ဟန်ဂါအင် (စူပါမင်းနှင့် မာနရှင်
ဇာတ်လမ်းတွဲမှဆိုဟီး) တို့ နှစ်ဦးကအိမ်ထောင်သက်(၁၀)နှစ်ပြည့်
မြောက်ပြီဖြစ်တဲ့အချိန်မှ သားဦး ရင်သွေးမွေးဖွားတော့မှာ
 ဖြစ်တယ်လို့ ဟန်ဂါအင်ရဲ့  အေဂျင်စီဖြစ်တဲ့  ဘီအိပ်ခ်ျက
 အတည်ပြုပြောကြားခဲ့ ပါတယ်။ ဒီကိုရီးယားကြယ်ပွင့်နှစ်ဦးက
 ၂၀၀၃ ခုနှစ်က ရိုက်ကူးခဲ့ တဲ့  Yellow Handkerchief 
ဇာတ်လမ်းတွဲမှာအတူတကွပါဝင်သရုပ်ဆောင်ရင်းနဲ့ 
 မေတ်္တာမျှခဲ့ ကြပြီး ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ ကြပါတယ်။
 အဲဒီအချိန်တုန်းက မင်းသမီးဟန်ဂါအင်ကအသက်အရွယ်
ငယ်ရွယ်သေးသလိုထိပ်တန်းနေရာရောက်နေတဲ့ 
 မင်းသမီးလည်းဖြစ်တာမို့ မင်းသားယွန်ဂျောင်ဟန်ကို 
လက်ထပ်လိုက်တဲ့  ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေကြုံ တွေ့ 
ခဲ့ ရပေမယ့်  တကယ်လက်တွေ့ မှာတော့သာယာတဲ့ 
 အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

 အေဂျင်စီရဲ့ ဖော်ပြချက်မှာ ““ဟန်ဂါအင်ရဲ့ ကိုယ်ဝန်က
 အခုဆို ၁၉ ပတ်ထဲ ရောက်ရှိ လာပြီဖြစ်လို့  
ငါးလကျော်သွားပါပြီ။ ဒါ ကြောင့် အခုကျန်းမာတဲ့ ရင်သွေး
ငယ်ကို မွေးဖွားဖို့  ကျွန်တော်တို့  မင်းသမီးကကျန်းမာရေး
 စောင့်ရှောက်မှုတွေကိုပဲအလေးပေးလုပ်ဆောင်နေပါတယ်။ 
အခုလို မင်းသား နဲ့  မင်းသမီးမောင်နှံကို ချစ်ခင်ပြီး 
ဝမ်းသာကြောင်း စာရေးသားပေးပို့ ကြတဲ့  ပရိသတ်တွေကိုလည်း
 ကျေးဇူးတင်ပါတယ်””လို့  ရေးသားထားပါတယ်။
မင်းသား ယွန်ဂျောင်ဟန်က မင်းသမီး ဟန်ဂါအင်လောက်
 နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ဦး မဟုတ်ပေမယ့် 
လည်း ချစ်ခင်ကြင်နာတတ်သူတစ်ဦးဖြစ်တာကြောင့် 
 မင်းသမီးဟန်ဂါအင်ဟာ ကံကောင်း တဲ့ သူတစ်ဦးအဖြစ်
 ကိုရီးယားကြယ်ပွင့် တွေ ကြားမှာထင်ရှားသူပါ။ 
ဟန်ဂါအင်မှာမျက်နှာခွဲစိတ် ပြုပြင်မှု အများအပြား 
လုပ်ဆောင်ထားတတ်ကြတဲ့  ကိုရီးယားအနုပညာ 
နယ်ပယ်မှာပင်ကို သဘာဝအတိုင်း လှပတဲ့ မင်းသမီး
တစ်ဦး လည်းဖြစ်ပါတယ်။ ဒါပေမယ့်  မင်းသမီးက 
ကိုယ်ဝန်ဆောင်အနေအထားနဲ့  လူမြင်ကွင်း ထဲကို 
ထွက်လာတာမျိုးတော့ ပရိသတ်တွေ တစ်ခါမျှမြင်တွေ့ 
ရခြင်း မရှိသေးပါဘူး။ ဒါ့အပြင် သူတို့ နှစ်ဦးရဲ့ ရင်သွေးက
 ယောကျာံးလေးလား၊ မိန်းကလေးလားဆိုတာလည်း
 အခုထိမသိရသေးပါဘူးလို့ လည်း ဘီအိပ်ခ်ျ
 အေဂျင်စီကဆိုပါတယ်။(မေလဲ့သင်း) 

**မက်ဆီနှင့်  စီရိုနယ်လ်ဒို့ပြီးလျှင် ဟာဇက်သည်သူ၏တတိယ
အကြိုက်ဆုံးကစားသမားဖြစ်ကြောင်း ဇီဒန်း ပြောကြား** 

ရီးယဲလ်အသင်းလူငယ်နည်းပြ ဇီဒန်းကမက်ဆီနှင့် စီရိုနယ်လ်ဒို
တို့ ပြီးလျှင် ဟာဇက် သည် သူ၏တတိယအကြိုက်ဆုံး
ကစားသမားဖြစ် ကြောင်း ဂိုးဒေါ့ကွန်းသို့  ပြောကြားလိုက်သည်။
 ဇီဒန်းက ဟာဇက်အား ရီးယဲလ်သို့ ခေါ်ယူရန် စောင့်ကြည့် 
နေသည်ဆိုသည်မှာမှန်ကန်ကြောင်းပြော ကြားခဲ့ ပြီး
 ဟာဇက်ကိုယ်တိုင်ကလည်း ရီးယဲလ်သို့  ပြောင်းရွှေ့ ရန် 
အလေးအနက်စဉ်းစားသေည်ဟု ကစားသမားနှင့် 
 နီးစပ်သော အသိုင်းအ၀ိုင်းမှ ၀န်ခံခဲ့သည်။ 

အသက်(၂၄)နှစ်အရွယ်ရှိဟာဇက်မှာ ပြီးခဲ့  သည့်
 ဘောလုံးရာသီတွင် ချယ်လ်ဆီးအတွက် အကောင်းဆုံး
စွမ်းဆောင်ပေးခဲ့ ကာပရီမီယာလိဂ်တစ်နှစ်တာအကောင်းဆုံး
ကစားသမားဆုဆွတ်ခူး နိုင်သည်အထိ ခြေစွမ်းထက်မြက်
ခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်ခြေစွမ်းအောက်
 ရောက်ရှိနေကာ ချယ်လ်ဆီးရှုံးပွဲဆက်မှု၏ 
အဓိက တရားခံတစ်ဦးလည်း ဖြစ်လာရသည်။ 
ဇီဒန်းက ဟာဇက်အနေဖြင့်  မကြာမီသူ၏အကောင်းဆုံး
ပုံစံကို ပြန်လည်ရရှိ နိုင်မည်ဖြစ်ပြီး ဟာဇက်ဝင်ရောက်
ကစားသည့် ကစားပွဲများကို ကြည့် ရှုရသည်ကိ
ုနှစ်သက်ကြောင်းလည်းဆိုခဲ့ သည်။
 ““ ခရစ်္စတီယာနို(ရိုနယ်လ်ဒို )နဲ့  မက်ဆီတို့ ပြီးရင် 
ဟာဇက်က ကျွန်တော့် ရဲ့  အကြိုက်ဆုံးကစားသမားပါ။ 
ဒါ့ကြောင့်  သူ့ ကို ရီးယဲလ်အတွက် ကစားစေချင် သလားမေးရင်
 ဒီလိုကစားသမားကောင်းတွေ လာရောက်ပူးပေါင်းကစားတာကို
 ကျွန်တော်နှစ်သက်ပါတယ်။မကြာခင်အချိန်အတွင်းမှာ
 သူ့ အနေ နဲ့  အကောင်းဆုံးပုံစံပြန်ရလာမှာဆိုတာကိုလည်း
 ကျွန်တော်သံသယမရှိပါဘူး””ဟု ဇီဒန်းက 
ဂိုးဒေါ့ ကွန်းသို့ ပြောကြားသည်။(မေလဲ့သင်း) 

** အာဆင်နယ်သို့ ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေတဲ့
အီဗရာဟီမိုဗစ်ခ်ျ ** 

ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ သည် ပရီမီယာလိဂ်ကလပ်
 အာဆင်နယ်သို့ ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေ ကြောင်း 
ဆန်းဒေးပီးပဲလ် အွန်လိုင်းသတင်းဌာနက ဖော်ပြသည်။
 လွန်ခဲ့ သည့်  ဆယ်စုနှစ် ကာလအတွင်း အီဗရာဟီမိုဗစ်ခ်ျအား
 အာဆင်နယ်က ခေါ်ယူရန် ကမ်းလှမ်းခဲ့ သော်လည်း 
ကစားသမားကိုယ်တိုင်က ငြင်းပယ်ခဲ့ သည့်အတွက်
 အာဆင်နယ်ကစားသမား အဖြစ်ပရိသတ်များ မမြင်တွေ့
ခဲ့ ရခြင်းဖြစ်သည်။ အသက်(၃၄)နှစ်ရှိမိုဗစ်ခ်ျသည်
 အေဂျက်စ်၊ အေစီမီလန်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ 
ဘာစီလိုနာ နှင့်  ပီအက်စ်ဂျီတို့ နှင့် အတူ ချန်ပီယံဆု
ဖလားများကို ရရှိခဲ့ ဖူးပြီးဖြစ်သော်လည်း ပရီမီယာလိဂ်
အတွေ့  အကြုံမရှိသေးသဖြင့် ကစားသမားဘ၀မှ
 အနား မယူမီ အတွေ့ အကြုံသစ်ရရှိရန် 
အာဆင်နယ်တွင် လာရောက်ကစားလိုနေခြင်းဖြစ်သည်။ 

မိုဗစ်ခ်ျအား ပရီမီယာလိဂ်ကလပ် အသင်းအတော်များများက
 ခေါ်ယူရန် ချိတ်ဆက်နေသော်လည်း ကစားသမား ကိုယ်တိုင်
ကမူ အာဆင်နယ်တွင်သာ ကစားရန် စိတ်ဝင်စားနေသည်ဟု 
ဆွီဒင်သတင်းစာများက အကျယ်တ၀င့်  ဖော်ပြခဲ့ကြသည်။ (မေလဲသင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)