ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 16, 2015

=အင်္ကျီတစ်ထည်၏နောက်ဆက်တွဲကိစ္စ=

>
- ၁ -

တစ်ခါတုန်းကကျွန်တော်လေးစားချစ်ခင်ရတဲ့ဆရာမတစ်ယောက် ကသူမမွေးနေ့အမှတ်တရပွဲလေးမှာ ကံစမ်းမဲဖောက်ပါတယ်။သူမ ဖောက်မယ့်စာအုပ်တွေထဲမှာ ရှားပါးစာအုပ်တွေပါတယ်။ရှပ်အင်္ကျီလက်ရှည်အဖြူတွေ ပါတယ်။မွေးနေ့ပွဲကျင်းပတာကဆရာမရဲ့အိမ်ခန်းကျဉ်းလေး ထဲမှာဖြစ်ပြီးတော့မဲနှိုက်ရမှာကဆရာမရဲ့အနီးဆုံးမှာ ရှိတဲ့ကျွန်တော်အပါအ၀င်စုစုပေါင်းတပည့်လေးငါးယောက် လောက်ပါပဲ။ဆရာမကမဲလိပ်ကလေးတွေမှာ အင်္ကျီ၊ ပုဆိုး၊ စာအုပ်စသဖြင့်ရေးပြီးမဲလိပ်တွေကိုဖလားတစ်လုံးထဲမှာ ထည့်ပြီးခလောက်ပါတယ်။ပြီးတော့ ကျွန်တော်တို့အလှည့်ကျနှိုက်ကြရတယ်။စာအုပ် ပေါက်တဲ့လူက ပေါက်၊ပုဆိုးပေါက်တဲ့ လူက ပေါက်၊ အင်္ကျီအဖြူရောင်ပေါက်တဲ့လူက ပေါက်။ပေါက်တဲ့လူက ပေါက်။ကျွန်တော်က အင်္ကျီအဖြူတစ်ထည်၊ ပုဆိုးတစ်ထည်ရယ်မဲပေါက်ပါတယ်။အင်္ကျီအဖြူကတော့ ကျွန်တော်လိုချင်တဲ့အရာဖြစ်လို့ကျွန်တော်ပျော်ပါတယ်။ ပုဆိုးကိုတော့ ၀တ်စရာသိပ်မလိုတဲ့ တိုင်းတစ်ပါမှာ များများမရှိလည်း ရတယ်လို့ ယူဆထားတာကြောင့် သာမန်ပဲ ခံစားရပါတယ်။ ကျွန်တော့်မှာ တစ်ထည် ၊နှစ်ထည်ရှိနေတာလည်း ပါပါတယ်။အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကပုဆိုးလိုချင်ကြောင်း ပြောပြီးသူမဲပေါက်တဲ့အင်္ကျီအဖြူနဲ့အလဲအလှယ်လုပ်ဖို့  ပြောပါတယ်။ကျွန်တော်ချက်ချင်းလက်ခံလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော့်လုပ်ငန်းခွင်မှာအင်္ကျီအဖြူဟာ မဖြစ်မနေ လိုအပ်ပြီးတော့ကျွန်တော်ကိုယ်၌ကလည်းအင်္ကျီ အဖြူဝတ်ဆင်ရတာ နှစ်သက်မိလို့ပါပဲ။

 - ၂ -

 တစ်နေ့။ ကျွန်တော်နဲ့အလုပ်အတူလုပ်ရတဲ့၊ညီတစ်ယောက်လိုခင်ရတဲ့ ကောင်လေးတစ်ယောက်က
အင်္ကျီအဖြူတစ်ထည် လက်ဆောင်ပေးပါတယ်။သူ နှစ်ခါဝတ်ပြီးပါပြီတဲ့။အခုတော့ သူနဲ့ကျပ်နေလို့အစ်ကိဝတ်ကြည့်ပါဆိုပြီး ပေးလာပါတယ်။ သူပြောနေစဉ်မှာပဲကျွန်တော့်စိတ်ကအမှန်တကယ် ပီတိဖြစ်မိပါတယ်။ဆရာမဆီကအင်္ကျီနှစ်ထည်မဲပေါက်ပြီးတဲ့ နောက်မှာအင်္ကျီအဖြူနဲ့ဝေးနေခဲ့တာအတော်ကြာခဲ့ပါပြီ။ ကုန်တိုက်တွေ ရောက်တိုင်းရှာရတာလည်းအမောပါပဲ။ တွေ့ရင်လည်း ဈေးကြီးနေလို့။ ဈေးသင့်ပြန် ရင်လည်းကျွန်တော်နဲ့အံဝင်ခွင်ကျမဖြစ်လို့။အကြောင်း အမျိုးမျိုးနဲ့အင်္ကျီအဖြူနဲ့စိမ်းနေခဲ့ရပါတယ်။အလုပ်ထဲက အဆောင်ပြန်ရောက်ရောက်ချင်း ကောင်လေးက ကျွန်ေ တာ့အခန်းထကဲိုအင်္ကျီလေးကိုင်ပြီးဝင်လာပါတယ် ။ အင်္ကျီလေးကအသားကောင်းပြီး ကော်လံမှာနည်းနည်း ညစ်နေတာကလွဲရင်ကျွန်တော်နဲ့ကွက်တိပါပဲ။အဲဒီအင်္ကျီလေးကို တခြားလျှော်စရာရှိတာတွေနဲ့ရောပြီးချက်ချင်း ကျွန်တော်ဒိုဘီပို့လိုက်ပါတယ်။ခါတိုင်းဆိုအ၀တ်တွေကို ကျွန်တော်က ကိုယ်တိုင်လျှေ်နေကျပါ။အဲဒီနေ့ကမှ အင်္ကျီအဖြူလေးပါလို့ဆိုတဲ့စိတ်ကူးနဲ့ဒိုဘီဆိုင်ကိုပို့ဖြစ်ခဲ့တာပါ ။ဒိုဘီဆိုင်ကိုလည်း မှာခဲ့ပါတယ်။ အင်္ကျီအဖြူလေးကို သီးခြား မီးပူတိုက်ပေးပါလို့။ 

 - ၃ - 

အဲဒီနေ့ကကျွန်တော်တို့ဆိုင်မှာလူတွေ တော်တော်ကျပါတယ်။ ကျွန်တော်တို့ဆိုင်ကအွန်လိုင်းလောင်းကစားဆိုင်လေး ပါ။ ကစားသမားတွေကို ကျွန်တော်က ကောင်တာကနေ ပိုက်ဆံထည့်ပေး၊ ကောင်လေးက ပိုက်ဆံကောက်။ ကောင်လေးကလည်းတစ်ယောက်တည်း ခြေတိုလောက်အောင် ပြေးလိုက်လွှားလိုက်
ပိုက်ဆံကောက် ရပါတယ်။ကျွန်တော်ကလည်းစက်နံပါတ်တွေ၊ပိုက်ဆံအမောင့်တွေ ကအစသတိကြီးကြီးနဲ့ထည့်ပေးနေရပါတယ်။တစ်ယောက်ယောက်က အမှားအယွင်းဖြစ်သွားလို့ ငွေရေးကြေးရေးအရနစ်နာရင် အလုပ်လုပ်ကြတဲ့ကျွန်တော်တို့နှစ်ယောက်ပဲနစ်နာတတ်ပါတယ်။ ဒါကြောင့်အထူးဂရုစိုက်ရပါတယ်။အဲဒီအချိန်မှာ ကောင်လေးက ကစားသမားတစ်ယောက်စက်ထဲကိုပိုက်ဆံထည့်ဖို့ အော်ပြီး ပိုက်ဆံယူဖို့ကို မေ့နေခဲ့တယ်။မေ့ရုံတင်မကဘဲတခြားစက် တွေကိုတောင်ထပ်ခါထပ်ခါ အော်နေပါသေးတယ်။ အားလုံးအလုပ်သိမ်းချိန်ရောက်လို့စာရင်းစစ်လိုက်တော့ ပိုက်ဆံကလိုနေပြီ။ကျွန်တော်နဲ့ကောင်လေးနဲ့ ခေါင်းချင်း ဆိုင်ရပြီ။ဘယ်လိုမှလိုက်လို့မရတော့တဲ့အဆုံးCCTV ပြန်ချက်ရတဲ့အဆင့်အထိ ရောက်သွားတယ်။
အဲဒီတော့မှ ကောင်လေးကပိုက်ဆံထည့်ဖို့ အော်ရုံသာ အော်ပြီး မယူမိတဲ့သူ့အဖြစ်သူ ပြန်မှတ်မိသွားတယ်။ကျွန်တော် ကောင်လေးကိုဆူပစ်လိုက်တယ်။
တစ်နေ့လုံးအလုပ်လုပ်မှ ဘယ်လောက်ရတာကအစ၊အဲသလို နေ့တိုင်းဖြစ်နေရင်အလယ် ၊လူအများကြီးနဲ့ဆက်ဆံရတဲ့နေရာမှာနာစရာ ရှိရင် နိုင်ငံခြားသားတွေဖြစ်တဲ့မင်းတို့ငါတို့သာအထိနာမှာအဆုံး။ ကျွန်တော့်စကားသံမှမဆုံးသေးဘူး။ ကောင်လေးဆီက တုံ့ပြန်လာတဲ့ စကားကြောင့် ဆက်ပြောမယ့် ကျွန်တော့်အသည်းကနစ်ဝင်သွားရတယ်။ကောင်လေးက... ‘‘ကျွန်တော် အစ်ကို့ကို ပေးထားတဲ့ အင်္ကျီဖိုးလောက်မရှိပါဘူးဗျာ’’တဲ့။ ကျွန်တော် ကောင်လေးကို ဘာမှ မပြောတော့ဘဲ ငြိမ် နေလိုက်တော့တယ်။ 

- ၄ -

 အဲဒီညနေကဒိုဘီက ပြန်ယူလာတဲ့၊မီးပူကော့နေတဲ့အင်္ကျီအဖြူလေးကို ကောင်လေးကိုကျွန်တော်
 ပြန်ပေးလိုက်တယ်။ ကောင်လေးက စိတ်မကောင်းတဲ့ အမူအယာနဲ့ ကျွန်တော့်ကို ပြောလာတယ်။ ‘‘အစ္ကိုပဲ အက်ႌအျဖဴ ႀကိဳက္တယ္ဆို’’တဲ့။ ကျွန်တော် အသာပဲ နှုတ်ဆိတ်နေလိုက်တယ်။ ကျွန်တော်တို့ ကြိုက်တယ်ဆိုတဲ့အရာတွေဟာတစ်ခါတစ်ခါမှာ အမှန်တရား ကိုတောင် ထုတ်ဖော်မပြောရဲလောက်အောင် ကျွန်တော်တို့ကို ထိန်းချုပ်ထားတတ်ပါတယ်။ ဟုတ်ကဲ့... ။ ကျွန်တော် အင်္ကျီအဖြူ ကြိုက်ပါတယ်။ ဒါပေမယ့်... ။ အင်္ကျီအဖြူထက် အမှန်ကို အမှန်အတိုင်း မကွယ်ဝှက်တမ်း ပြောခွင့်ရရေးကို ပိုပြီးတော့ ကြိုက်ပါတယ်။ 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+ လူခါး+

 စာပွင့်လွှာမဂ္ဂဇင်း၊စက်တင်ဘာ။၂၀၁၂

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)