ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 14, 2015

” မကောင်းဆိုးဝါးတွေကျက်စားတယ်လို့ နာမည်ကြီးနေတဲ့ မန္တလေး – ပြင်ဦးလွင်တောင်ဆင်းတောင်တက်လမ်း.."

>
မန္တလေးကနေပြင်ဦးလွင်ကို၄၂မိုင်ကွာဝေးပါတယ်။ ဒါပေမယ့်တောင်ဆင်းတောင်တက်လမ်းမို့ ရှိရင်းစွဲထက် ခရီးအကွာ အဝေးပိုများတယ်လို့ထင်ရပါတယ်။ အခုတလော မန္တလေး- ပြင်ဦးလွင်ကားသမားလောကမှာ သတင်းတစ်ခုခေတ်စားနေပါတယ်။ အဲဒါကတော့ မန္တလေးက တက်လာရင် ၂၁မိုင်ကျော်ပြီး ပြင်စာမရောက်ခင်ကြားမှာ ညဘက်ကားမောင်းလာရင် ကားတွေ ဘရိတ်မမိတော့ပဲ လမ်းဘေးကို ထိုးထိုးဆင်းတာမနည်းတော့ဘူးဆိုတဲ့သတင်းပါ။ ဒါနဲ့ သက်ဆိုင် မသက်ဆိုင်သေချာမသိပေမယ့် အဲဒီနေရာနဲ့ ပတ်သက်ပြီး ကျနော်ပြောပြချင်တာတစ်ခုတော့ရှိပါတယ်။ မကြာသေးတဲ့အချိန်က လူတစ်ယောက်က ည ၁၂နာရီခွဲလောက်မှာ မန္တလေးကလေးဆေးရုံမှာသေသွားတဲ့ သူ့ ကလေးလေးရဲ့အလောင်းကိုကားပေါ်တင်ပြီး ညတွင်းချင်းပြင်ဦးလွင်ကိုပြန်တက်လာခဲ့တယ်။ မန္တလေးက သူနဲ့ညီအစ်ကိုလိုနေသူတွေက သူနဲ့အတူ ကားမောင်းဖို့အဖော် ၂ယောက်ထည့်ပေးလိုက်တယ်။သူလည်းသူ့အပူနဲ့သူ ဘာမှလမ်းမှာစကားမပြောပဲလိုက်လာခဲ့တယ်။ ပုသိမ်ကြီးကနေပြင်ဦးလွင်စတက်တဲ့ အချိန်မှာပဲ သူ့နားထဲကို ” ခွင့်မပြုဘူး “ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့အသံကိုပီပီသသကြီးကြားလိုက်ရတယ်။ မိုးတွေကလည်းသည်းနေ၊ အိပ်ရေးပျက်တာလည်း ၆ရက်လောက်ရှိပြီဆိုတော့ စိတ်ထင်တာနေမှာပါဆိုပြီးကလေးအလောင်းလေးကိုပိုက်ပြီး လာခဲ့ပါတယ်။နောက်မကြာ၊မကြာ မိန်းမတစ်ယောက်ရဲ့ တားမြစ်တဲ့အသံကိုကြားရပါတယ်။ ရှေ့က အဖော်ပါလာတဲ့ ကားမောင်းနေတဲ့သူနဲ့ ဘေးကလူကိုကြည့်တော့ ဘာမှ မသိသလိုပါပဲ။ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ကားပေါ်ကတရား ခွေတွေဖွင့်တာ တစ်ခွေမှဖွင့်မရပါဘူး။ ဒါနဲ့ ၂၁ မိုင်ရောက်တော့ ကားရပ်ခိုင်းပြီး မိုးသဲသဲထဲကားပေါ်ကပြေးဆင်း ပိတ်နေတဲ့ဆိုင်တစ်ဆိုင်ကိုတံခါးခေါက်ပြီးတရားခွေကို တောင်းပါတယ်။”သားလေးကိုကားပေါ်မှာ
ဖွင့်ပြချင်လို့ပါ “ လို့ပြောတော့ အပူသည်ရုပ်ပေါက်နေတဲ့ သူ့ကိုဆိုင်ရှင်က သနားပြီး တရားခွေတစ်ခွေပေးလိုက်ပါတယ်။ သူလည်းကျေးဇူးတင်စကားအထပ်ထပ်ပြောပြီး ကားပေါ်ပြန် တက်ပြီး ထွက်လာကြပါတယ်။ မိုးတွေကလည်းပိုသည်းလာပါတယ်။ ဝမ်းသာအားရ ခွေကိုထည့်လိုက်တော့ ပြန်ပြန်ထွက်လာပါတယ်။ ၃ ခါလောက်ထည့်တာမရတော့မှ စဉ်းစားမိပါတယ်။သူ့ကားက VCD ဖွင့်ရဘူး။CD ပဲဖွင့်လို့ရတာကိုလေ။ကားပေါ်ကတရား ခွေတွေကအဲဒီညက လုံးဝကိုဖွင့်မရခဲ့ပါဘူး။ သူလည်းငါ့သားလေး တော်တော်လေးကံဆိုးရှာတယ်လို့ တွေးနေတုန်း ကားမီးရောင်နဲ့ လမ်းဘေးကိုကြည့်လိုက်တော့ လမ်းလေးက ကားတွေလမ်းဘေးမချော်အောင်တားထားတဲ့ တိုင်တွေထဲက အစွန်ဆုံးတိုင်ကိုမှီပြီး မိန်းမတစ်ယောက်ကျောပေးထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ ထမီအဝါကို ရောင်စုံအပွင့်လေးတွေနဲ့ အဆင်ကိုဝတ်ထားတာပါ။အပေါ်ကတော့ မိန်းကလေးတွေဝတ်လေ့ရှိတဲ့ ခပ်ရိုးရိုးပုံပါပဲ။အရောင်ကတော့ အနက်ပါ။ ဒါနဲ့ ညကြီးမင်းကြီး မိုးသည်းသည်းထဲမှာထူးတယ်ဆိုပြီးရှေ့က ကားမောင်းဖို့ခေါ်လာတဲ့ လူနှစ်ယောက်ကိုပြောမလို့လုပ်တုန်း ရှေ့တည့်တည့်ကားမီးရောင် ကနေတဆင့်လမ်းဘေးမှာ စောစောကတွေ့ခဲ့တဲ့ အမျိုးသမီးက သူတို့ကားကို စူးစူးစိုက်စိုက်ကြည့်နေပါတယ်။သူလည်း စိတ်ကိုအတည်ငြိမ်ဆုံးထားလိုက်ပြီး ရှေ့ကလူနှစ်ယောက်ကိုကြည့်တော့ သတိထားမိပုံမရပါဘူး။ ရှေ့ဆက်သွားတဲ့တောက်လျှောက် အဲဒီမိန်းမက ရှေ့ကနေပေါ်လာပြီး ကားကိုမကျေမနပ်နဲ့ စူးစူးစိုက်စိုက်ကြည့်နေပါတယ်။ ကားပေါ်မှာကလေးအလောင်းကလည်းပါလာ၊မိုးကလည်းသည်း၊ ရှေ့ကနှစ်ယောက်
လည်းကြောက်မစိုးလို့ ကားကိုဂရုစိုက်မောင်း ဖို့ပဲပြောပြီး အဲဒီမိန်းမကြီးလိုက်လာတာကိုမပြောခဲ့ပါဘူး။ ဖြစ်ချင်ရာဖြစ်အလောင်းတော့ ရအောင်သယ်ဖို့ဆုံးဖြတ်ပြီးသားပါ။ ကိုယ့်ကလေးအလောင်းသယ်တာ ဘယ်ကောင့်ခွင့်ပြုမိန့်တောင်းရဦးမလဲလို့လည်း လူမိုက်တွေး တွေးမိပါသေးတယ်။ ဘုရားစာတွေရွတ်ပြီး နောက်ကျောမလုံပဲလိုက်လာတုန်း ပြင်စာကျော်သွားတော့ 
 စောစောကမိန်းမကြီးပါမလာတော့ပါဘူး။ သူလည်း သူ့အပူနဲ့သူ အဲဒီအကြောင်းကိုဆက်မတွေးတော့ပါဘူး။ဒါပေမယ့် သူ့မျက်လုံးထဲ မှာတော့ ကားနောက်ကတောက်လျှောက်ပါလာတဲ့ မျက်နှာဖြူ ဖတ်ဖြူလျော်နဲ့ မိန်းမကြီးမျက်နှာကမကြာခဏပေါ်လာတတ်ပါတယ်။ ဒီမနက်တော့ သူနဲ့ခင်တဲ့
 ကားသမားတစ်ယောက်ကအခုတလော ပြင်ဦးလွင်မန္တလေးကြားက ပြင်စာနားမှာ
 မြေကြမ်းတယ်လို့ပြောလာ
 လို့သူလည်း မိုးတစ်ညကသူ့အဖြစ်အပျက်လေးကိုပြန်တွေးမိပါကြောင်း။ ။

 Lu Myanmar 

+ရောသမမွှေမောင်စိုး+

 Photo Credit: Google

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)