ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 13, 2015

=အမေရိကန်၊ရုရျားနှင့်ဆီးရီးယားနိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်ခြင်း=

>
““ဆီးရီးယားနိုင်ငံအပေါ်ကျွန်တော်တို့ ရဲ့ အဖြေရှာခြင်း ကတော့အလွန်ကိုပဲရှင်းလွန်းပါတယ်။လက်ရှိသမ်္မတဘတ်ရှား အယ်လ်အာဆတ်အစိုးရကိုအနာဂတ်တွင်ဆီးရီးယားမှာ မမြင်တွေ့ လိုပါဘူး။ ဆီးရီးယားကို ဂိုဏ်းဂဏပေါင်းစုံ ပေါင်းစည်းထားတဲ့ ညီညွတ်တဲ့နိုင်ငံအဖြစ်တွေ့ မြင်လို ပါတယ်။ ပြီးတော့လည်းဆီးရီးယား ပြည်တွင်းရေးကို ၀င်ရောက်နှောင့်ယှက်မယ့် မည်သည့်ပြင်ပနိုင်ငံရေး နှောင့်ယှက်မှုမျိုးမဆိုငြင်းဆိုပါတယ်။ အခုဆိုရင် ဆီးရီးယားအခက်အခဲအကျပ်အတည်းကိုအဆုံးသတ်စေမယ့် တိုးတက်မှုအချို့ကြိုပုလုပ်နေပါတယ်။ ဒါပေမယ့် အဲဒီအဆင့် ကိုရောက်ဖို့  ဆိုရင် ညှိနှိုင်းဆွေးနွေးမှုတွေဆက်လက် ပြုလုပ်ရဦးမှာဖြစ်ပါတယ်”” ဟု ပြောကြားလိုက်သူက ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး အဒယ်အယ်လ်ဂျူဘာ ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့် ရှိသူ ကာဘီက အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့၌ မကြာသေးမီကကျင်းပသောသတင်းစာရှင်းလင်းပွဲ တွင် ဆီးရီးယား ပဋိပက်္ခအဆုံးသတ်ရေးသံတမန်နည်းအရ ဆွေးနွေးအဖြေရှာခြင်းကို စောနိုင်သမျှစောအောင်ပြုလုပ်နိုင် မည်ဟု ခန့် မှန်းထားကြောင်းပြောခဲ့ သည်။ နိုင်ငံခြားရေးဝန်ကြီး ဌာန၀န်ကြီး ဂျွန်ကယ်ရီကလည်း ဆီးရီးယားပဋိပက်္ခ အဆုံးသတ်ရေး လှုပ်ရှားဆောင်ရွက်မှုများသည် လမ်းကြောင်းမှန် ပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း ပြောခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ၄င်းနှင့်အဆင့်တူ ရုရှားနိင်ငံခြားရေးဝန်ကြီး ဆာဂျီဗွီလက်ဗ်ရော့ဗ် တို့သည်ဆီးရီးယားတွင်ဖြစ်ပွားနေသော ပြည်တွင်းစစ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးအရ ဖြစ်နိုင်သောအဖြေကိုရှာဖွေရန် မကြာသေးမီကတွေ့ ဆုံခဲ့ သည်။ နှစ်ဖက်နိုင်ငံများက အဓိကအတားအဆီးကို သတိပြုမိကြသည်။ ယင်းအတားအဆီးမှာ ရုရှားက ဆီးရီးယားသမ်္မတဘတ်ရှာအယ်လ်အာဆတ်ကို ဆက်လက်ရှိစေချင်ပြီး အမေရိကန်နှင့်အနောက်အုပ်စုများက ၄င်းကိုသမ်္မတနေရာမှဆင်းပေးစေလိုခြင်းဖြစ်သည်။ ယင်းအစည်းအဝေးတွင် သဘောထားမတူညီမှုကိုယ်စီဖြင့်  အဆုံးသတ်ခဲ့ရသည်။ သို့ သော်လည်း ကယ်ရီက ၄င်းတို့ နှစ်နိုင်ငံခေါင်းဆောင်များသည် အပြု သဘော ဆွေးနွေးခဲ့ကြောင်း သတင်းထောက်များကို ပြောခဲ့ သည်။ အမေရိကန်ပြည်ထောင်စုနည်းတူ ရုရှားနိင်ငံကလည်း ဆီးရီးယားတွင် အိုင်အက်စ်အကြမ်းဖက်စစ်သွေးကြွများနှင့် အခြားအကြမ်းဖက်စစ်သွေးကြွများကိုဖယ်ရှားရှင်းလင်းချင် နေကြောင်း မစ်္စတာကယ်ရီကပြောခဲ့ သည်။ လတ်တလောအနေအထားတွင် ဆီးရီးယားခေါင်းဆောင်ပိုင်း သဘောမတူဖြစ်ရုံမှတစ်ပါး အမေရိကန်နှင့်ရုရှားတို့ သည် အခြားညှိနှိုင်းဆွေးနွေးမှုများတွင်အတော်ခရီးပေါက်နေပြီး သောအချက်စသည့် အချက်များတွင်သဘောတူကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကရုရှားသည် အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်မှုတွင် အပြု သဘော ဆောင်သော်လည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းကိုမူ ဝေဖန်ထားသည်။ တိုက်ခိုက်ရေးသမားအနည်းစုကိုဦးတည် တိုက်ခိုက်ခြင်းသည် အိုင်အက်စ်စစ်သွေးကြွများကိုထိခိုက်မှု မရှိနိုင်ကြောင်း ဂျွန်ကယ်ရီက ပြောကြားသည်။ ထိုကဲ့ သို့  ရုရှားက တိုက်ခိုက်ရေးသမားအနည်းစုကို ဦးတည်တိုက်ခိုက်ခြင်း သည် လက်ရှိဆီးရီးယားသမ်္မတ အာဆတ်အစိုးရကိုအားပေးအားမြှောက်ပြုပြီး ဆီးရီးယားပြည်သူများကိုအာဆတ်အနေဖြင့်ဆက်လက်ရက်စက ကြမ်းကြုတ်မှုများပြုလုပ်ရန်လမ်းဖွင့်ပေးသကဲ့သို့ဖြစ်ကြောင်း၊ ရုရှားအနေဖြင့် ထိုသို့ပြုလုပ်ခြင်းက နိုင်ငံအတွင်း ဂိုဏ်းဂဏကွဲများကို ပိုမိုဆိုးရွားစေသော တင်းမာမှုများကိုမြင့်တက်စေကာ အကြမ်းဖက်သမားများအတွက် အခွင့် ကောင်းဖြစ်နိုင်ကြောင်း ဂျွန်ကယ်ရီက ပြောကြားခဲ့ သည်။ ဆီးရီးယားတွင် တာဝန်ရှိ သော အစိုးရတစ်ရပ် အမှန်တကယ်ပြောင်းလဲခြင်းဆိုသည်မှာ ပြည်သူများ၏ တကယ့် လိုအပ်ချက်များကိုဖြည့် ဆည်းပေးသည့် အနေဖြင့်  အကြမ်းဖက်တိုက်ခိုက်ရေးသမားများကို ၄င်းတို့ ရှေ့ မှ အပြီးတိုင် မောင်းထုတ်ပေးခြင်းပင်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့ သည်။ မစ်္စတာဂျွန်ကယ်ရီနှင့်တွေ့ဆုံပြီး မကြာမီ မစ်္စတာလက်ရော့ဗ်က ဆီးရီးယားတွင် အများသဘောတူဆန်္ဒ တစ်ခုဖြစ်သော နိုင်ငံတကာအသိုင်းအ၀ိုင်းကလက်ခံမည့် အဖြေတစ်ခုကိုရှာဖွေနေကြောင်း သတင်းထောက်များအား ပြောခဲ့ သည်။ ဆီးရီးယား၏ပဋိပက်္ခများကိုအခြေကျအောင်လုပ်ဖို့ ဆိုသည်မှာ ဆီးရီးယားနိုင်ငံကိုတစ်စုတစ်စည်းတည်းဖြစ်အောင် ပြုလုပ်ခြင်းပင်ဖြစ်ပြီး ဘာသာပေါင်းစုံအုပ်စုများက လေးစားရမည့်လွတ်လပ်ပြီး အချုပ်အခြာပိုင် သောနိုင်ငံဖြစ်အောင်ထူထောင်ခြင်းပင်ဖြစ်ကြောင်း မစ်္စတာလက်ရော့ဗ်ကပြောကြားခဲ့  သည်။ ထို့ ပြင် အကြမ်းဖက်မှုများကို တိုက်ခိုက်ရန် လိုအပ်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ဆီးရီးယား နိုင်ငံသားအားလုံး ပါဝင်ရေးပင်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားလိုက်သည်။ ဆီးရီးယားနိုင်ငံရေး သဘောတူညီချက်သည် လက်တစ်ကမ်းအလိုတွင်ရှိသည်ဆိုသော ကောလာဟလကိုငြင်းပယ်ကြောင်း၊ အဆိုပါ နိုင်ငံရေးသဘောတူညီချက် ကိုဆီးရီးယားလက်ရှိသမ်္မတအာဆတ်လက်ထက်တွင် ချမှတ်မည် ဆိုသော ကောလာဟလကိုအစောကတည်းကပင်သိပြီး ဖြစ်ကြောင်း၊ ထိုကိစ်္စများကထင်သလိုဖြစ်လာမည်မဟုတ်ကြောင်း ရုရှားနိင်ငံခြားရေး ၀န်ကြီး ဆာဂျီဗွီလက်ဗ်ရော့ဗ်ကပြောသည်။ မစ်္စတာလက်ဗ်ရော့ဗ်က ဆီးရီးယားနိုင်ငံရေးနှင့်ပတ်သက်ပြီး အီရတ်နှင့်လစ်ဗျားနိုင်ငံများနှင့် နှိုင်းယှဉ်ပြရာတွင် အီရတ်နှင့် လစ်ဗျားနိုင်ငံတို့ သည် ဘယ်လို အဆုံးသတ်မလဲဆိုသည်ကို မိမိတို့ သိပြီးသားဖြစ်ကြောင်း၊ ဘာကြောင့်ဆီးရီးယားမှာမိမိတို့  ရှိနေသလဲဆိုသည့်အယူအဆမှာ ရှင်းရှင်းကြီးဖြစ်ကြောင်း၊ ဆီးရီးယားကံကြမ်္မာ၊ သမ်္မတအာဆတ်၏ကံကြမ်္မာ ၊အခြားနိုင်ငံသားများ၏ ကံကြမ်္မာကိုဆီးရီးယားပြည်သူများကသာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ဆီးရီးယားသည်စစ်မြေပြင်မဟုတ်ကြောင်း၊ ဆူပူအုံကြွမှုများနှင့်အာဏာသိမ်းမှုများ ဖြစ်ပေါ်စရာမလိုကြောင်း၊ သို့ သော်လည်း နိုင်ငံရေးစကားဝိုင်းဆွေးနွေးမှုများကိုပြုလုပ်ခြင်းဖြင့် ဆီးရီးယား ပြဿသနာကိုအဖြေရှာရမည်ဖြစ်ကြောင်း ရုရှားနိင်ငံခြားရေးဝန်ကြီး ဆာဂျီဗွီလက်ဗ်ရော့ဗ်ကပြောသည်။ မည်သို့ ပင်ဆိုစေ ဆော်ဒီနိုင်ငံခြား ရေးဝန်ကြီးအဒယ်အယ်လ်ဂျူဘာပြောသလိုဆီးရီးယား၏ပြောင်းလဲ သွားသောသမိုင်းစာမျက်နှာသစ်တွင်လက်ရှိသမ်္မတ ဘတ်ရှာအယ်လ်အာဆတ်အစိုးရကိုဆက်လက်တွေ့ မြင်နေဖို့  ဆိုသည်မှာအမေရိကန်အစိုးရကဆီးရီးယား နိုင်ငံရေးစာမျက်နှာတွင်ပါဝင်နေသမျှ မည်သို့ မျှ ဖြစ်နိုင်ခြင်း မရှိပေ။ သို့သော်လည်း အမေရိကန်နှင့်ရုရှားတို့ ၏ တူညီသောသဘောထားကမူ ဆီးရီးယားနိုင်ငံ၏ အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းရန်၊ စစ်မဖြစ်အောင်တားဆီးရန်၊ ဆီးရီးယားနိုင်ငံကို ခြိမ်း ခြောက်နေသော အကြမ်းဖက်တိုက်ခိုက်ရေးသမား များကိုပိုမိုထိရောက်စွာ နှိမ်နင်းချေမှုန်းရန်၊ ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင်ချမှတ်ခဲ့သော ဂျီနီဗာတရားဝင်ကြေညာချက်ပါအချက်များကိုအခြေခံ၍ တက်ကြွဖွံ့ ဖြိုး သော နုင်ငံရေးဖြစ်စဉ်ပေါ်ပေါက်ရန် တို့ ပင်ဖြစ်ပါကြောင်း။ 

+ထင်လင်းအောင်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)