ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 17, 2015

=လူထုကျန်းမာရေး(" လိမ္မော်ခွံလေး အသုံးဝင်ပုံ")=

>
**Public Health** 
လိမ္မော်သီးစားပြီးတဲ့အခါ အခွံတွေကိုစွန့် မပစ်သင့်ပါဘူး။သူ့ ရဲ့ဘက်စုံအသုံးဝင်ပုံက အောက်ပါအတိုင်း အံ့မခန်းပါဘဲ။

++လိမ္မော်ခွံ နဲ့  ကျန်းမာရေး ++;

 (၁) အခွံအောက်လိမ္မော်သီးတွင် ကပ်နေသော ဖော့သားအဖြူရောင်မှာ bioflavonoidsနှင့် Pectin ဓာတ်တို့ ပါရှိနေကြပါတယ်။ ထိုဓာတ်များက သက်စောင့်ဆေးအဖြစ် ကင်ဆာရောဂါ တို့ ကို တိုက်ဖျက်ပေးနိုင်သော အစွမ်းသတ္တိရှိ၍၊အစာမျိုပြွန်၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့် အူမကြီးကင်ဆာတို့ ကို တိုက်ထုတ်ပေးနိုင်ပါတယ်။
 (၂) လိမ္မော်သီးအခွံကို နေ့စဉ်နဲနဲစီစားသုံးပေးခြင်းဖြင့် သွေးထဲရှိမကောင်းသော ကိုလက်စထရောလ်(Low Density Lipoprotein-LDL) ပမာဏကို ၃၃ ရာခိုင်နှုန်း လျော့နည်းစေကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါတယ်။
(၃) အစာမကြေ၊ လေနာ၊ လေချုပ်၊ နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကိုဖယ်ရှားစေရန်အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍ အရက်နှင့်စိမ်ပြီး နည်းနည်းချင်း သောက်ပေးသင့်ပါတယ်။
 (၄) လိမ္မော်သီးအခွံခြောက် ၂ ဂရမ်ခန့် ကို ရေ သုံးခွက်တစ်ခွက်တင်ကြို၍ သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါ အမျိုးမျိုးတို့ ကို သက်သာစေပါတယ်။
 (၅) ဝမ်းလျှောဝမ်းပျက်သူများဟာ လိမ္မော်ခွံအမှုန့်နှင့် စပျစ်စေ့အမှုန့်ကိုဆတူရော၍ တနေ့သုံးကြိမ် လက်ဘက်ရည်ဇွန်း တစ်ဇွန်း သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
  (၆) လိမ္မော်သီး၏ အခွံရနံ့ ကိုယူကာ ဟင်းခတ်အမွှေးအကြိုင်၊ အိမ်သုံးဆေးဝါးများ နှင့် aromatherapy (ခေါ်) ရနံ့ ကုထုံးတို့  တွင်ထဲ့သွင်းအသုံးပြုကြပါတယ်။ 
(၇) လိမ္မော်ခွံကို ပါးပါးလှီးပြီး၊ နေရာင်ခြည်တိုက်ရိုက်မကျဘဲ အရိပ်ရသောနေရာတွင် အခြောက်ခံပြီးနောက်၊ အုန်းဆီ (သို့မ ဟုတ်) နှမ်းဆီဖြင့် ဆီစိမ်၍ထည့်ထားပါ။ ရွှေဝါရောင်လိမ္မော်ဆီအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ထို လိမ္မော်ဆီ၏ ဆေးစွမ်းကား အံ့မခန်းအသုံးဝင်လှပါတယ်။
 (၈) AIDS ဝေဒနာရှင်များ၏ လျှာ၌ဖြစ်သော မှက်ခရုနာများအတွက်၊ လိမ္မော်ဆီကို နားကျပ်သောဂွမ်းစနှင့်တို့ ၍ သုတ်လိမ်း ပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။ 
(၉) ခွဲစိတ်ထားသော ချုပ်ရိုးမှပြည်ပြန်တည်ပြီးမပျောက်ကင်းသောအနာများအတွက် စိတ်မပူပါနှင့်။ ကွမ်းရွက်မီးကင်၍လိမ္မော်ဆီသုပ်လိမ်းပြီး၊ကပ်ထားခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။(ရေလုံးဝမထိစေရပါ) ဤနည်းအတိုင်း ၂-ရက်တစ်ခါအသစ်လဲပေးပါ။ 
(၁၀) ဆီပူလောင်နာ၊ ရေနွေးပူလောင်နာ၊ စက်ပစ္စည်းကြောင့်ပူလောင်နာ…စသည့် အပူလောင်ခြင်းမျိုးမျိုးတို့ အတွက် လိမ္မော်ဆီ ရွှဲရွှဲစွတ်ပေးခြင်းဖြင့်၊ ယူပစ်သလိုပျောက်ကင်းစေပါတယ်။ အမာရွတ်မကျန်၊ အပူလောင် အရည်ကြည်ဖုများ မထွက်စေပါ။ (ငှက် ပျောရွက်တွင် လိမ္မော်ဆီသုတ်၍ အသုံးပြုနိုင်ပါကပိုမိုအစွမ်းထက်၏) 

(၁၁) ၀ဲနှင်းခူ အစို/အခြောက်များအတွက်၊ ကွမ်းရွက်မီးကင်၍ လိမ္မော်ဆီတို့ပြီး အနာပေါ်ကပ်ထားခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်။ (ရေလုံးဝမထိစေရပါ)
 (၁၂) ရင်ကျပ်တဲ့အခါ လိမ္မော်ဆီ၊ ကွမ်းရွက်သထ္ထုရည်၊ ပရုပ်ဆီ(သို့ မဟုတ်)လင်ဇီးအနည်းငယ်ထည့်၍ ရင်ဘတ်နှင့် တစ်ကိုယ် လုံးကိုခပ်ပါးပါးလိမ်းပေးခြင်းဖြင့်လက်ငင်းကောင်းကျိုးပြုပါတယ်။ (ကလေးသူငယ်များရော၊လူကြီးများပါသုံးစွဲနိုင်၏) 
(၁၃) အကြောတင်း၊ အကြောရောင်၊ အကြောက်တက် စသည့် အကြောဝေဒနာအမျိုးမျိုးတို့ အတွက် လိမ္မော်ဆီကို ပရုပ်ဆီ လင်ဇီး(ဆေးအပူ)အနည်းငယ်ရော၍လိမ်းပေးနိုင်ပါတယ်။
 (၁၄) အစာအိမ်နာ နှင့် ဗိုက်နာခြင်းများအတွက် လိမ္မော်ဆီကို လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ အင်အားတိုး ပွား၍ အစာကြေစေရန်အတွက်ကိုလည်း လိမ္မော်ဆီ သောက်လို့ ရပါတယ်။
 (၁၅) ကျီးကန်းပါးစပ်အနာများကို လိမ္မော်ဆီရွှဲရွှဲ သုတ်လိမ်းပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။

;** လိမ္မော်ခွံ နဲ့  အလှအပ ** 

(၁) နေလောင်၍ အသားအရည်မွဲခြောက်ခြင်းနှင့် မစိုပြေခြင်းတို့ အတွက် လိမ္မော်ဆီလိမ်းပေးခြင်းဖြင့် အသားအရည် ၀င်းပ၍ ဖြူစင်လှပလာစေနိုင်ပါတယ်။ (သို့ မဟုတ်) အသားရေ ဝင်းပချောမွတ်ပြီး လှပစေချင်ရင် လိမ္မ်ာသီးခွံတွေကို ရေချိုးနေစဉ် ကိုယ်တိုက်ရေမြုပ်အဖြစ် သုံးပေးပါ။ (လိမ္မော်ဆီကပိုးမွှားများကိုသေစေကာ၊ သန့် ရှင်းစင်ကြယ်စေသောအာနိသင်ရှိသဖြင့် လိမ္မော်ဆီဖြင့်ပြုလုပ်သော ကိုယ်တိုက် ဆပ်ပြာများ ထုတ်လုပ်နေကြပါပြီ)
 (၂) မကြာခဏ ၀က်ခြံပေါက်ပြီး၊ အသားအရေမညက်ညောသူများဟာ ညအိပ်ယာဝင်ခါနီးတိုင်း လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍ ထွက်လာသောချွေးရည်ကို၊ ဆားနဲနဲထဲ့ပြီး သနပ်ခါးရည်ကျဲဖြင့် မျက်နှာအနှံ့ လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ လာပါလိမ့်မယ်။
 (၃) အသားပပ်ခြင်း၊ အသားကြမ်းခြင်းတို့ အတွက် လိမ္မော်ခွံကိုညှစ်၍လိမ်းပေးနိုင်ပါတယ်။
 (၄) တင်းတိပ်ပေါက်သူများဟာ၊ လိမ္မော်ခွံကိုမီးဖြင့်ခေတ္တမျှ အပူပေးပြီးနောက် ညှစ်၍ရလာသောချွေးရည်ဖြင့် တင်းတိပ်ပေါက် သော နေရာများတွင် အသာအယာပွတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ (၅)မျက်နှာ၊ ခြေ၊လက်တို့တွင်အဖြူ၊အနီ၊အနက်စသောအကွက်များထွက်ပါကလိမ္မော်ခွံကို နေရိပ်၌ေ
ခြောက်သွေ့အောင်လှန်းပြီး ရေဖြင့်သွေးလိမ်းပေးပါ။ တနေ့သုံးကြိမ် ခပ်ထူထူလိမ်းပေးရုံမျှဖြင့် ပျောက်ကင်းသွားပါလိမ့်မယ်။ (၆)ဆံရင်းအစပ်ဦးရေပြားအနှံ့ ယားနာပေါက်သူများအတွက်၊လိမ္မော်ရွက်ကိုထုထောင်း၍ပျားရည်နှင့်ရောစပ်ပြီး လိမ်းပေးခြင်း ဖြင့်သက်သာပျောက်ကင်းစေပါတယ်။ (၇) ခြေသည်း/လက်သည်းပိုးကိုက်ခံရသူများနှင့် ပွေး၊ နှင်းခူ၊ညှင်းပေါက်သူများစိတ်မပူပါနှင့်။ ထိုပွေးကွက်များကို လိမ္မော်ခွံနှင့်အသာအယာခြစ်ပေးပြီးနောက်၊ လိမ္မော်ခွံ လတ်လတ်ဆတ်ဆတ်ကို အရည်ညှစ်လိမ်းပေးခြင်းဖြင့် အနာတဖြည်းဖြည်းပါးလာပြီး၊ လုံးဝပျောက်ကင်းစေနိုင်ပါတယ်။ 

< လိမ္မော်ခွံ နဲ့ အထွေထွေ &gt

; (၁) လိမ္မော်ခွံကို အင်းဆက်ပိုးနှိမ်နင်းဆေးအဖြစ် အသုံးပြုနိုင်တာကြောင့်ခြင်၊ ပုရွတ်ဆိတ်တွေ နဲ့ ပိုးဖလံတွေ ၀င်လာတတ်တဲ့ နေရာတွေမှာလတ်လတ်ဆတ်ဆတ်လိမ္မ်ာခွံတွေကို ချထားပေးပါ။
 (၂) အနံ့ အသက်မကောင်းတဲ့ အိတ်၊ သေတ္တာ နဲ့ ရှုးဖိနပ်တွေထဲကို လိမ္မော်သ်ီခွံတွေ ထဲ့ပေးထားခြင်းဖြင့် အနံ့ ဆိုးတွေ ကိုစုပ်ယူပေးနိုင်ပါတယ်။
 (၃) လိမ္မ်ာသီးခွံကို အတန်ငယ်မီးအပူပေးခြောက်ပြီးနောက် အဝတ်အိတ်ငယ်လေးတွေထဲ ထည့်ထားပါ။ ထိုအိတ်လေးတွေကို ရေ ချိုးခန်း၊ အဝတ်ထားခန်း၊ သန့် စင်ခန်း(အိမ်သာ)စတဲ့ နေရာတွေမှာ ချိပ်ဆွဲထားပေးခြင်းဖြင့် အနံ့ အသက်ကောင်းစေကာ၊ စိတ် ကိုကြည်လင်လန်းဆန်းစေပါတယ်။ (မှတ်ချက်) (က) စိုက်ခင်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းလေ့ရှိရာ၊ ဈေးမှဝယ်လာသော လိမ္မော်သီးတို့ ကို မစားသုံးမီဦးစွာ ပထမ ရေစင်စင်ဆေးကြောသင့်ပါတယ်။ ဖြစ်နိုင်လျှင် အော်ဂဲနစ် သီးတို့ ကိုသာ ရွေးချယ်ဝယ်ယူပါ။ (ခ) လတ်ဆတ်သော အသီးများဟာ အခန်းအပူချိန်တွင် ၂-ပတ်မျှ အထားခံပါတယ်။ အကယ်၍ ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲမှာ သိမ်း လိုပါက၊ ဦးစွာ အသီးကိုရေခြောက်နေအောင်သုတ်ပါ။ (လိမ္မော်သီးတို့ ကို အိတ်ဖြင့်အထူးတလည် သိမ်းဆည်းစရာမလိုပါဘူး၊ ချွေးထွက်ပြီးပုပ်လွယ်တတ်လို့ပါ) 

 Credit : ဖိုးသူတော် (www.phothutaw.com)

 Credit: ပေါက်ပေါက်

 Copy the BEST Traders and Make Money : http://bit.ly/fxzulu

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)