အနောက်တောင်က လေပြည်သည်
ဘုရားကုန်းပေါ်မှ တောအုပ်ကလေးအား
တသုန်သုန်သုန်သုတ်ဖြူး၍ တီးခတ်နေ၏။ .
အသံသာသော ရှုမျှော်ခင်းလေးထဲ၌
သူမနှင့် ကျွန်တော် ပျော်ဝင်နေမိ၏။ .
နှလုံးသားမှလွဲ၍
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်။
. အချစ်စိတ်တို့သည်
သံသာလေ စောင်းတန်းလေးအတိုင်း
ရှေ့သို့ တက်လှမ်းခဲ့ကြသည်။ .
တောင်ပေါ်တွင် ပြိုလုလုတိမ်တွေ
x ရှိနေပါလိမ့်မည်။ .
လူသားနှစ်ဦး၏ စိုးရိမ်စိတ်သည်
ညနေခင်း၏ တိမ်တောင်တိမ်လိပ်များအား
နိမ့်ကျလာစေခဲ့ပြီ။ .
ကံစီမံရာ လရောင်များအောက်ဝယ်
သူမနှင့် ဂီတသည်
ကျွန်တော်၏ဘဝ၌
အသက်တမျှ ညလေးတညဟု ဆိုရပေမည်။
......................................
. +ကေဇော်+
.
အနောက်တောင်က လေပြည်သည်
ဘုရားကုန်းပေါ်မှ တောအုပ်ကလေးအား
တသုန်သုန်သုန်သုတ်ဖြူး၍ တီးခတ်နေ၏။ .
အသံသာသော ရှုမျှော်ခင်းလေးထဲ၌
သူမနှင့် ကျွန်တော် ပျော်ဝင်နေမိ၏။ .
နှလုံးသားမှလွဲ၍
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်။
. အချစ်စိတ်တို့သည်
သံသာလေ စောင်းတန်းလေးအတိုင်း
ရှေ့သို့ တက်လှမ်းခဲ့ကြသည်။ .
တောင်ပေါ်တွင် ပြိုလုလုတိမ်တွေ
x ရှိနေပါလိမ့်မည်။ .
လူသားနှစ်ဦး၏ စိုးရိမ်စိတ်သည်
ညနေခင်း၏ တိမ်တောင်တိမ်လိပ်များအား
နိမ့်ကျလာစေခဲ့ပြီ။ .
ကံစီမံရာ လရောင်များအောက်ဝယ်
သူမနှင့် ဂီတသည်
ကျွန်တော်၏ဘဝ၌
အသက်တမျှ ညလေးတညဟု ဆိုရပေမည်။
......................................
. +ကေဇော်+
No comments:
Post a Comment