ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 28, 2016

=ယာဉ်တိုက်လို့ သေကြရပြန်ပြီ မြန်မာ ရွှေ့ပြောင်း အလုပ်သမား=

>
+(MOEAF Thai မေ ၂၈)+

 ထိုင်းနိုင်ငံအတွင်းမှာ ယဉ်တိုက်မှု မကြာခဏ ဖြစ်နေလို့ JACBA ဥက္ကဌ ဦးမိုးကြိုးက အခုလို ညီးတွား ပြောဆို ပါတယ်။ ´အေးဗျ.. ဘော်ဒါကြီးရ။ ဒီရက်ပိုင်းအတွင်း ယဉ်တိုက်လို့ သေဆုံး ဒဏ်ရာရတဲ့ ကိစ္စရပ်တွေ ဖြစ်တာ အရမ်းစိပ်လာ သလားဘဲနော်` ဟု ဆိုလာရာ ကျနော်က ´ဘယ်မှာ တိုက်ပြန်ပြီလဲ.. ဥက္ကဌ.. ကျနော်မသိသေးလို့ ပြောပြစမ်းပါဦး´ ´ဒီတခါ ဖြစ်တာက ကျုပ်တို့ တာ့ခ်ခရိုင်မှာ မဟုတ်ဘူး။ ထိုင်းတောင်ပိုင်း ပကျွတ် ကီရိခန် ခရိုင်ဘက်မှာ ဖြစ်သွားတာ။ ထိုင်းသတင်းရော မြန်မာ သတင်းတွေမှာလည်း ပါသေးတယ်။ နည်းနည်းပါးပါး မျက်စိ နားဖွင့်ထားဦးလေ. ကျောင်းတကာ..ရေ..´

´ဥက္ကဌကတော့ လုပ်ပြန်ပြီ.. ကျနော်က ဘယ်မှာ ကျောင်းဆောက်လုပ် လှူဒါန်းထားလို့ ကျောင်းတကာလို့ ခေါ်ရတာတုန်း´။ ´ ဟုတ်ပ.. ခင်ဗျားက..ကျောင်းမလှူထားပေမဲ့လည်း ရွှေ့ပြောင်းအလုပ်သမားအရေး စိတ်မအေးရလေတိုင်း ကျွေးဖို့မွေး ဖို့ လိုအပ်လေတိုင်း မဲဆောက်မြို့က မြန်မာဘုန်းကြီးကျောင်း၊ ထိုင်းဘုန်းကြီးကျောင်း… ကျောင်းတကာကို အရောက်ကို သွားပြီး ဆွမ်းကျန် ကွမ်းကျန် အလှူခံပေးတာမို့လို့ ကျုပ်က ကျောင်းတကာ လို့ ခေါ်လိုက်တာပါဗျာ´ ဟု သူ့စကားကို သူသဘောကျစွာ ရယ်မောရင်း ယခုလို ´ဒီ၂၆ ရက်နေ့က ထိုင်းတောင်ပိုင်း ပကျွတ်ခရိုင် ဆင်းခွန်မြို့ကနေ မြန်မာအလုပ်သမားတွေကို တင်လာတဲ့ ဟိုင်းလပ် ကားက ခရီးသည်တင် ဘတ်စ်ကားကြီးတစီးကို နောက်ကနေ ၀င်တိုက်မိလို့ သုံးယောက်သေပြီး သုံးယောက် ဒဏ်ရာ ရ သွားတယ်တဲ့.. ဗျ` ပြောပြလေရာ ´ဟင်… ဟုတ်လား. စိတ်ကောင်းစရာ သတင်းပါလားနော်´ ဟုပြန်ပြောပြရင်း သတင်းများကို လိုက်ဖတ်လေရာ အောက်ပါအတိုင်း တွေ့ရပါတယ်။ မေလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံအတွင်းပိုင်းသို့ အလုပ်လုပ်ရန်လာကြသော မြန်မာအလုပ်သမားများ စီးလာသည့် ကားတ စီး ယာဉ်တိုက်မှုဖြစ်သည့်အတွက် ၃ ယောက် သေဆုံးပြီး ၃ သေဆုံးသွားခဲ့သည်။ ယင်းကားမှာ ပရကျွတ် ခီရီခန်ခရိုင် ဆင်း ခွန်မြို့မှ စမွတ်စခွန်ကိုလာသည့် ကားဖြစ်၏။ မြန်မာအလုပ်သမားများ စီးလာသည့် ဟိုင်းလပ်စ်ကားသညါ အမ်ဖ၀ါမြို့နယ် ဖရက်နမ်းဒဲန်းရပ်ကွက်ကို အရောက်တွင် ရှေ့မှ သွားနေသော ခရီးသည်တင်ဘတ်စ်ကားကြီးကို ၀င်တိုက်မိခဲ့ခြင်း ဖြစ် သည်ဟု အမ်ဖ၀ါမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ဆွန်ချိုင်း ကျစ်ကဆီကမ်က သတင်းထောက်တွေကို ပြောပြခဲ့သည်။ ဟိုင်းလပ်စ်ကား မောင်းနှင်လာသူ အသက် ၃၄ နှစ်ရွယ် မြန်မာအမျိုးသား ကိုဝင်းဖြစ်၏။ သူ့ကို စမွတ်စခွန် ထိုင်းရဲအရာရှိ တဦး၏ စေခိုင်းချက်အရ မြန်မာအလုပ်သမား ၅ ဦးကို ဆင်းခွန်နယ်စပ်ဂိတ်ကနေကြိုပြီး စမွတ်စခွန်ရှိ စက်ရုံတရုံကို ပို့ပေး မှာ ဖြစ်ကြောင်း။ ထိုသို့လာစဉ် လမ်း၌ ဘတ်စ်ကားကို အရှိန်မထိန်းနိုင်ပဲ တိုက်မိတာဖြစ်ကြောင်း ရဲစခန်းတွင် ၀န်ခံ ထွက် ဆိုခဲ့သည်။ ဒီယာဉ်တိုက်မှုတွင် ခရီးသည်တင်ဘတ်စ်ကားမှ ခရီးသည် တဦးယောက်မှ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဟိုင်းလပ် ကားမှ အမျိုးသမီး ၃ ဦး အခင်းဖြစ်သည့် နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ယာဉ်မောင်းနှင့် ကျန်အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာ ရခဲ့သည်။ သေဆုံးဒဏ်ရာရသူအားလုံး မြန်မာတွေဖြစ်ပြီး ၎င်းတို့ အားလုံးကို မယ့်ကလောင် ဆေးရုံနှင့် ဆွမ်ဒစ်ဖရဖုတ်ထ လိုတ်လ ဆေးရုံကို ပို့ဆောင် ထားသည်ဟု ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြထားတယ်လို့ တွေ့ရပါတယ်။ ထို့ကြောင့် ကျနော်က ´စီးပွားရေး အဆင်မပြေလို့ ထိုင်းကိုလာပြီး စီးပွားရှာမယ် စိတ်ကူးမှ အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာ စိတ်မကောင်းစရာပါဘဲ. ဥက္ကဌရာ။ ဒါတွေ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကိုလည်း ပြောပြပါဦး..ဗျ´ ´ပြောရရင်တော့ ကျောင်းတကာရေ..။ မကြာင်သေးခင်ကဘဲ မဲဆောက်-ဘန်ကောက် အတက်အဆင်း (အာရှလမ်း) တာ့ခ် မြို့ နယ် ဧရိယာ ထဲမှာ ယာဉ်တိုက်ခံရမှုကြောင့် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၁ဦးသေပြီး ၁၂ ဦး ဒဏ်ရာရသွားတာကို မှတ်မိတယ် မဟုတ်လား။ ပြီးတော့ ရနောင်းယာဉ်တိုက်မှုမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမား ၆ဦး သေခဲ့သေးတယ်။ ဒါ ကြောင့် အခုတလောတွေမှာ ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုတွေကြောင့် နည်းနည်းများ အသေစိပ် လာသလားလို့ ထင်မိ တယ်။ ဒီတော့ကာ ဖြစ်ပြီ သေပြီဟေ့ရင်တော့ သူရဲ့ နောက်ဆက်တွဲအနေနဲ့  ထိုင်းဥပဒေပါ နစ်နာကြေးတွေရသင့်တယ်။ ရသင့်တာ ရရအောင်လည်း ထိုင်းရှေ့နေ အဖွဲ့တွေ၊ လူ့ အခွင့်အရေး အဖွဲ့ တွေနဲ့ သာမက ခပ်စိတ်စိတ်လေးဖြစ်လာတဲ့ ယာဉ်မတော်တဆမှုကြေင့် သေဆုံးခဲ့ရတာတွေကို မြန်မာအစိုးရသစ်ဘက်ကလည်း ထိထိရောက်ရောက် ပါဝင် ပတ်သက် စေချင်ပါတယ်´ လို့ပြောရင်း သူ့စကားကို ခဏ ရပ်ထားပြီး အဝေးကို တချက် ငေးကြည့်နေပါတယ်။ ခဏအကြာမှာ သူက အခုလို ဆက်ပြောပြန်တယ်။ ´အဲ-ဒါပေမယ့် အခုဖြစ်ရပ်ကတော့ ထိုင်းရဲအရာရှိက ပို့ ခိုင်းလို့  မြန်မာယာဉ်မောင်းက ပို့ ပေးတယ်။ လမ်းခရီးတထောက် မှာ အခုလိုဖြစ်ရပ်ဆိုး ကြုံကြိုက်တယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေက ရွှေ့ ပြောင်း အ လုပ်သမား ဘ၀ကို မရောက်ကြရ သေးဘူး။ လမ်းခုလတ်မှာပဲ ဖြစ်ရတာဆိုတော့ ထိုင်းဥပဒေပါ နစ်နာကြေးလျော်ကြေး တောင်းဆိုရတဲ့နေရာမှာ ဘောင်ဝင်တယ်။ မ၀င်ဘူး အငြင်းပွားစရာတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် လူ့ အသက်တစ်ချောင်း ဆုံရှုံးတဲ့ဖြစ်စဉ်မှာ ထိုင်းအစိုးရက တာဝန်ရှိစွာ ကျခံလျော်ပးဖို့ အတွက်တော့ ထိုင်းရှေ့ နေတွေ၊ လူ့ အခွင့်အရေး အဖွဲ့  တွေချည်းသာမက မြန်မာအစိုးရသစ် ဘက်ကလည်း ဖိဖိစီးစီး ထိထိ ရောက်ရောက် အားပါပါ ဆက်စပ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်´* လို့ JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောပြခဲ့ပါတယ်။

 ******* *** 

ဓာတ်ပုံကို DVB မှ ယူပါသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)