ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 12, 2016

=လူထုကျန်းမာရေး (အရွယ်တင် နုပျိုချင်သူများ ကိုလာဂျင် ဆောင်ထား)=

>
+Public Health+ 

သင့်အရေပြား အမြဲတမ်း နုပျိုနေဖို့ ဆိုရင် ကိုလာဂျင် (Collagen) ဆိုတဲ့ ဝေါဟာရကို ရင်းနှီး ကျွမ်းဝင်နေဖို့ လိုပါတယ်။ ကိုလာဂျင်ဆိုတာ လူသားတွေရဲ့ Dermis(ခေါ်) အရေပြားရဲ့ အလယ်လွှာထဲမှာ ရှိနေတဲ့ ပရိုတင်း အမျှင်ဓာတ် တစ်မျိုးဖြစ်ပြီး အရေပြားရဲ့ ၇၅ ရာခိုင်နှုန်းက ကိုလာဂျင်ပဲ ဖြစ်ပါတယ်။ အလှအပ ဗေဒဆိုင်ရာ ပါရဂူတွေရဲ့ အဆိုအရ လူတစ်ယောက်ရဲ့ အရေပြား အလှပဆုံး အချိန်ဟာ အသက် ၃၅ နှစ် ဝန်းကျင်လို့ ဆိုထားကြ ပါတယ်။ ဘာကြောင့်လဲ ဆိုရင် လူသားတစ်ဦးရဲ့ ကိုလာဂျင်ဓာတ် ထုတ်လုပ်နိုင်မှုက အဲဒီ အသက်အရွယ် ကာလမှာ ဖြစ်နေလို့ပါပဲ။ အသက် ၃၅ နှစ် နောက်ပိုင်းက စပြီး ကိုလာဂျင် ထုတ်လုပ်မှု တဖြည်းဖြည်း မသိမသာ လျှော့ နည်း လာပါတယ်။ အသက် ၆ဝ လောက် မှာတော့ ကိုလာဂျင် အမျှင်တွေ တော်တော်ကြီး နည်းသွားပါပြီ။ ဒါကြောင့် အသားအရေတွေ တွဲလာတာပါ။ ဒါကို ဆေးပညာအရ Premature aging (ခေါ်)ဇရာအိုစောခြင်းလို့ ခေါ်ပါတယ်။ နေလောင်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ အိပ်ရေး မဝခြင်း၊ အညောင်း ထိုင်ခြင်း၊ ရေသောက်နည်းခြင်း၊ ဆီကြော်မုန့်များ စားခြင်း၊ ဆေးလိပ်နှင့် အရက်သောက်ခြင်း တို့က ကိုလာဂျင်ကို ထိခိုက်ပျက်စီး စေပါတယ်။ အဲဒီလို အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ခြင်း၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီးတို့ မှီဝဲခြင်း၊ ကိုလာဂျင် သို့မဟုတ် Tretinoin (ခေါ်)ကိုလာဂျင် အားပေးပစ္စည်း သို့မဟုတ် ဗီတာမင်စီ သို့မဟုတ် ဗီတာမင်အီး ပါတဲ့ အလှအပ ပစ္စည်းများ သုံးစွဲခြင်းတို့ဖြင့် ကာကွယ် ထားသင့်ပါတယ်။ အောက်ဖော်ပြပါ အစားအစာများက ကိုလာဂျင် ထုတ်လုပ်နိုင်မှုကို အားဖြည့် ပေးနိုင်တာကြောင့် အရွယ်မတိုင်မီ မအိုချင်သူများ အတွက် သတင်းကောင်း ပါးလိုက် ပါတယ်။  

ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ သကြားမုန်လာဥ (ခေါ်)မုန်လာဥနီ စတဲ့အနီရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာ နေလောင်လို့ အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါရှိတဲ့ အပြင် ကိုလာဂျင် ပမာဏကို တိုးပွားစေနိုင် ပါတယ်။ ဟင်းနုနယ်၊ ကိုက်လန်၊ ထောပတ်သီး စတဲ့ အစိမ်းရင့်ရောင် ဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ ဆာလ်ဖာဓာတ် ကြွယ်ဝစွာ ပါရှိပါတယ်။ အဲဒီဓာတ်တွေက ကိုလာဂျင် ပရိုတင်းကို တိုးမြင့်စွာ ထုတ်လုပ် စေပါတယ်။ လိမ္မော်သီး၊ မုန်လာဥနီ၊ အဝါရောင် ကန်စွန်းဥ၊ အဝါရောင် ပြောင်းဖူးနဲ့ အာလူး စတဲ့ သစ်သီးဝလံတွေမှာ ဗီတာမင် အေ ပေါပေါများများ ပါရှိတာကြောင့် အသားအရေ အတွက် ကိုလာဂျင် ပရိုတင်းကို သိုလှောင် သိမ်းဆည်း ပေးထား နိုင်ပါတယ်။ အနက်ရောင် ဘလူးဘယ်ရီ၊ အနီရောင် ရက်စ်ဘယ်ရီ စတဲ့ ဘယ်ရီသီးတွေမှာ ပါရှိတဲ့ သဘာဝဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေက ကိုလာဂျင် ပမာဏကို တိုးမြင့် ပေးနိုင်ပါတယ်။ သံပရာသီး၊ သံပရိုသီး၊ ဂရိတ်ဖရုစတဲ့ အချဉ်ဓာတ်ရှိတဲ့ အသီးတွေမှာ Amino အက်စစ်တွေ ပါရှိနေကြပြီး အဲဒီ အက်စစ်တွေက ကိုလာဂျင်အဖြစ် ပြောင်းလဲနိုင်တာကြောင့် အသားအရေကို စိုပြည်စေရုံသာမက အသားအရေကို တင်းရင်းလာစေနိုင်ပါတယ်။ ပဲပိစပ်(ခေါ်) ပဲပုပ်နဲ့ လုပ်တဲ့ တိုဟူး၊ ပဲနို့ရည်တွေမှာ Genistein(ခေါ်) အပင်မှရရှိတဲ့ စွမ်းအားပြည့် သဘာဝ ဟော်မုန်းဓာတ်တွေ ပါရှိ နေပါတယ်။ အဲဒီဓာတ်တွေက ကိုလာဂျင် အမြောက်အမြား ထုတ်လုပ်မှုကို အားပေး ပါတယ်။ Green Tea(ခေါ်) လက်ဖက်ရွက် အစိမ်းတွေက အရေပြားရဲ့ ကိုလာဂျင် ပရိုတင်း တည်ဆောက် မှုကို အထူး အားပေးတာကြောင့် အရွယ်တင် နုပျိုစေဖို့ လက်ဖက်ရည်ကြမ်း သောက်ပေး သင့်ပါတယ်။ 

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်ဥနဲ့ ငုံးဥတွေက ကိုလာဂျင် ထုတ်လုပ်မှုကို ကောင်းကျိုးပြုသလို၊ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ ပင်လယ်စာ၊ ကမာကောင်တွေကလည်း ကိုလာဂျင်ကို ကောင်းစွာ တည်ဆောက်ပေး နိုင်ပါတယ်။ အိုမီဂါ-၃ ဖက်တီးအက်စစ်တွေက ကိုလာဂျင် ထုတ်လုပ်မှုကို စွမ်းအား ဖြည့်ပေးနိုင်တာကြောင့် အဲဒီ အက်စစ်ဓာတ်ကြွယ်ဝစွာ ပါရှိတဲ့ ဆော်လမွန်ငါး၊ ပင်လယ်ငါးကြီး၊ ငါးကြီးဆီတို့ အပြင် ဗာဒံစေ့၊ သီဟိုဠ်စေ့ စတဲ့ အစေ့ အဆန်တွေကို စားပေး သင့်ပါတယ်။ ကြက်သွန်ဖြူထဲမှာ ပါရှိတဲ့ ဆာလ်ဖာဓာတ်က ခန္ဓာကိုယ်ရဲ့ ကိုလာဂျင် အပျက်အစီးတွေကို အသစ်တစ်ဖန် ပြန်လည် ကောင်းမွန်အောင် တည်ဆောက် ပေးနိုင်ပါတယ်။ သခွားသီး ကလည်း ဆာလ်ဖာဓာတ်တွေ များစွာ ပါရှိနေတာကြောင့် ကိုလာဂျင် ထုတ်လုပ်မှု အတွက် သခွားသီးကို စားသုံး သင့်ပါတယ်။ ။ 

 Written by ရွှေတည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)