+Public Health+
ငိုကြွေးခြင်းက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်တယ်ဆိုတာ သင်သိရှိကောင်း သိမှာပါ။ အားရပါးရ ငိုကြွေးလိုက်ခြင်းဖြင့် စိတ်ဖိစီးမှုတွေ လျှော့ ကျသွားပြီး ရင်ကို ပေါ့ပါးသွားစေပါတယ်။ ဒါပေမဲ့ အဲဒါတွေအပြင် ငိုကြွေးခြင်းကရတဲ့ တခြားအကျိုးကျေးဇူးတစ်ခုကတော့ ထူးထူးဆန်းဆန်းပါပဲ။ အဲဒါကတော့ သင့်ရဲ့ ကိုယ်အလေးချိန် ကျဆင်းအောင် အထောက်အကူ ပေးပါတယ်တဲ့။ သင့်ရဲ့မျက်ရည်ထဲမှာ စိတ်ဖိစီးမှု ဟော်မုန်းဓာတ်တွေ ပါဝင်တဲ့အတွက် ငိုလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းအဆင့် လျှော့ ကျသွားတယ်လို့ စိတ်ပညာပါရဂူ ဒေါက်တာ ပိ(တ်)ဆူလက်ခ်က ပြောပါတယ်။ အဲဒီစိတ်ဖိစီးမှု ဟော်မုန်းဓာတ်ဟာ သင့်ရဲ့ဝမ်းဗိုက်မှာ အဆီစုစေတဲ့ ကော်တီဆယ်ဆိုတဲ့ ဟော်မုန်းဖြစ်တဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အားကစားမလုပ်ဘဲနဲ့ အမြဲ ထိုင်ငိုနေလို့မရပါဘူး။ ကြက်သွန်နီကြောင့် မျက်ရည်ကျခြင်း အပါအဝင် မျက်ရည်တုတွေကြောင့် မဟုတ်ဘဲ အမှန်တကယ် စိတ်ဖိစီးမှုကြောင့် ကျတဲ့ မျက်ရည်သာ ကိုယ်အလေးချိန်ကျဆင်းစေတာဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါကြောင့် ငိုကျွေးခြင်းက ကောင်းပါတယ်။ စိတ်ဖိစီးမှုတွေများရင် ကြိတ်ခံစားမနေပါနဲ့၊ အားရပါးရ ငိုလိုက်ပါ။
+Credit: duwun+

No comments:
Post a Comment