ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 27, 2016

=လူထုကျန်းမာရေး(ကျန်းမာရေးအတွက် ဆောင်ရန်နဲ့ရှောင်ရန်အချက်များ)=

>
+Public Health+ 
၁။. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့် အပြင်ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်းတစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်းထိခိုက်နိုင်သည် ။ .
၂။အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ ကင်ဆာအတော် များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။ .
 ၃။အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည် ။ ထို့ပြင် ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုး များကိုလည်း တိုက်ခိုက်ရသည် ။ .
၎။တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီစားသုံးမှု များခြင်းကြောင့် ဖြစ်သည် ။ . 
၅။အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော် လည်း ၄င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီ မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊ နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊ အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။ . 
၆။အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံ စားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ ထိုအသားကိုပင် အဆီများများနှင့် ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။ အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော အိပ်ယာထ စာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ အကြောင်းများ၏ရလာဒ်ဖြစ်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။ . 
၇။အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။ ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။ ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။ . ၈။သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။ . 
၉. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည် ။ ကျုံ့ သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုက ရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။ . ၁၀။အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထား သောကြောင့် အသည်းအတွက် မကောင်းပါ ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။ မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။ . 
၁၁။ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့် စဉ်းစားဥာဏ် ကို အားနည်းစေသည် ။ . 
၁၂။အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကို ကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။ .
 ၁၃။သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူးစားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။ . 
၁၄။စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။ စိတ်ဖိစီးမှု များခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာ အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘ၀၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊ ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊ ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို ဖြစ်ပေါ်ခံစားရသည် ။ . ၁၅.။ လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။ လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍ သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။ . 
၁၆.။ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင် ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျှော့ပါးသွားစေပါသည် ။ ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော် နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲ စိမ်ခြင်းလျှင် ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။ အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။ .
 ၁၇.။ ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊
 ကန်စွန်းဥ ၊ ပိန်းဥနှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက် ကောင်းပါသည် ။ . ၁၈.။ သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူ များသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။
 . ၁၉.။ မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော် မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့် ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။ . 
၂၀.။ ၀သော သူများသည် ပုံမှန်အားဖြင့် စားအစာတရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။ . 
၂၁.။အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့် အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။ . 
၂၂။. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။ . 
၂၃။။တစ်နေ့လျှင် ရေ (၂)ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။ . ၂၄။မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း၊ (C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။ . 
၂၅။ နှစ်စဉ် ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေပြီ ။ . 
၂၆။မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊ ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီးအကြံဥာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ အနားယူပါ ။ အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။ . 
၂၇။ နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင် စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည် မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့် ၀မ်းချူပ်သူများ နေထိုင်မကောင်းကြခြင်း ဖြစ်သည် ။ 
၂၈။ သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင်ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။ . 
၂၉။ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊ (ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကို သန်မာစေသည် ။ . 
၃၀။မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿသနာရှိသည် ။ အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်နှလုံးအတွက်ကောင်း၏ ။ 
. ၃၁။အ၀ါရောင် ရှိသော အသီးအရွက်များသည် အစာချေခြင်းအတွက်ကောင်း၏ ။ သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။ .
 ၃၂။မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။
 . ၃၃။နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှအောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။ . 
၃၄။ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက် လေ့ကျင့်ခန်းလုပ်ရန် မသင့်လျော်ပါ ။ . 
၃၅။ ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင် ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။ . 
၃၆။မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ် အားနည်းနေခြင်းကို ပြသည် ။ 
ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင် အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။ . 
၃၇။ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများငန်သောအစားအစာနှင့် ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။ . 

ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ ။ .

 Credit to ဒေါက်တာတင့်ဆွေ 

*မြ၀တီ*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)