ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 14, 2016

*ခေတ်ခါးခါးကောင်းကင်အောက်က ဘ၀အမောများ*

>
လောက ဒုက္ခဆိုတာ
 မသွားလည်း ဆိုက်ရောက်လာတဲ့ ရထားတစင်းလို
ခုန်ဆင်းလို့ လည်းမရ ၊ ဆက်စီးလိုက်ပါရမြဲ...

အမှန်တွေကို အမှားတွေက လမ်းပြ
အတိတ်ရထားစီးကာ ဒဏ်ရာတွေ ရထားပြီးသားမို့ 
 စိတ်ခါးသီးနေတော့ နားငြီးလည်း နားထောင်ပေးပါ အသင်လောက..။  

အမှန် အမှားကို ဆင်ခြင် သုံးသပ်ဖို့ အချိန်လုရင်း
 ဘ၀ရဲ့ ရုန်းကန်ခြင်းထဲ နယ်ကျွံသက်ဆင်း 
ပက်ပင်းတိုး နံနက်ခင်းကို ကော်ဖီတခွက်လို အရသာ မခံနိုင်တော့
 မျှော်လင့်ခြင်းတွေ နာရီ လက်တံတွေနဲ့ အပြေးပြိုင်
 ငယ်ရွယ်စဉ် အပြစ်ကင်းတဲ့ နှပျိုခြင်းတွေ 
မျက်နှာပြင်ပေါ်က ခုန်ဆင်းသွားခဲ့တာ ကြာပြီ..။ 

ဘ၀ဆိုတာ..
 နေ့ လယ်နေ့ ခင်း ခြေသံ ပြင်းပြင်းနဲ့ လေပြေလေညင်းလား ညအမှောင်ထဲ ခြေသံလုံလုံနဲ့ မုန်တိုင်းထန်ခြင်းလား
 ဘ၀ဆိုတာ ... 
ရွက်ကုန် လွှင့်တဲ့ တာတို အပြေးသမား လား 
သက်လုံကို ဖက်တွယ်ထားတဲ့ မာရသွန်အပြေးသမား လား
 အတွေး ပင်လယ်ကတော့ ရင်ဘတ်ကျယ်ကြီးနဲ့ 
 ရေဆန် လှိုင်းထန် ဘ၀တခုလုံး ရင်းပြီး ခံစားတယ်..။ 

 တွေးတောခြင်းတွေ သွေးကြောကျဉ်းထဲ စီးဆင်း
 ဦးနှောက် အိပ်ကပ်ထဲမှာ အိပ်မက်တွေ အပြည့်အမောက် 
သဘာဝတရား ခါးရင် မျက်ရည်များမယ် ... 
 အသက်တွေကြီးမှ အရှက်ပြေ ဟန်ဆောင်မရီမောချင်ဘူး
 လမ်းတွေ အံကြိတ် တောက်ခေါက်တတ်အောင် 
အမှောင်လွှမ်းတဲ့မွန်းကြပ် မြို့ ပြက သင်ပေးခဲ့တယ်..။ 

အလွမ်းပြေပျောက်အောင် စမ်းရေသောက်ဖို့  
ပိန်ချုံးနေတဲ့ တောတောင်တွေက လမ်းပြတယ်..။

 တေးတပုဒ်ကို ညင်ညင်သာသာ ထွေးမထုတ်ပဲ
 ဆွေးဆွေးမြည့်မြည့် မြိုသိပ်ထားတဲ့ ဂစ်တာအို တလက်လို.... 
ဖတ်ပြီးသား စာတစောင်ကို ပြန်ဖတ်နေသလိုမျိုး
 ရင်ခုန်ခံစား မှုန်ဝါးဝါး ဓာတ်ပုံကြားမှာ 
အတိတ်ကို ပြတ်ပြတ်သားသားပြန်မြင် 
ရပြီးသား သင်ခန်းစာတွေ အကြိမ်ကြိမ်ပြန်ယူ
 ဘ၀ရဲ့ နေညိုချိန်ရောက်မှ အမှန်မြင်မိ
 နှလုံးသား ကောင်းကင်ပြာမှာ သတိယခြင်းကို ချိတ်ဆွဲမိတယ်..။ 

 အတိတ်မှာ 
ဒဏ်ရာတွေ များခဲ့လို့  နောက်ထပ်ပြီး
 ကျောက်ပတ်တီး စည်းစရာလည်း မရှိပြီ..
 အနာဂတ်လည်း
 ပလာစတာကပ်ဖို့ နေရာလပ်မရှိတော့
 မျက်လုံးမှိတ်ပြီးလမ်းပြ ကြယ်တွေကို 
စိတ်နဲ့ ရေတွက် နေနဲ့ လ ကောင်းကင်မှာ မဆုံဖြစ်ကြသလို
 ခေတ်ခါးခါးကလည်း ချစ်ခင်သူများနဲ့  ကမ္ဘာခြားခဲ့ပြီ..။ ........................................................................................

 +အောင်ခိုင်မြင့်+ 

၁၃ ဒီဇင်ဘာလ ၂၀၁၆ ကျနော် ဘွဲ့ ရပြီး တွဲဖက် အထက ကျောင်းဆရာအဖြစ်လုပ်ကိုင်နေစဉ် ၈၈ အရေးအခင်းမှာတောခို သွားတဲ့အခါ ကျနော့် 
အဖေက လ၀ကမှာ ဒုလက်ထောက်တိုင်းမှူးရာထူးရှိပေမဲ့ ကျနော့် ကြောင့် နယ်ပြောင်းခံရပြီး ရာထူးပြုတ်တယ်..ကျနော့် ညီကတော့ လ၀ကမှာ ဒုလက်ထောက်မြို့ နယ်မှူးရာထူးပြုတ်တယ်..အဖေဟာ ၂၀၁၃ ခုနှစ်မကွယ်လွန်ခင်မှာ စိတ်ဝေဒနာ ခံစားသွားရတယ်..။၂၀၁၃ အဖေဆုံးတော့ မြန်မာပြည်မှာ တခါ ၊ ၂၀၀၆မှာ အဖေက ထိုင်းမှာလာပြီးတွေ့ တာတခါ နှစ်၃၀မှာ ၂ခါ တွေ့ ဖြစ်တယ်..အမေကတော့ ကျောင်းဆရာမကြီး ဆိုပြီး လောကဓံကို ကြံ့ကြံ့ခံခဲ့တယ် ပြောတယ်..။ခေတ်ဆိုးကြီးမှာ ကျနော်တို့ ထက် ဆိုးတဲ့ ဘ၀တွေအများကြီးရှိပါတယ်.သူများတွေ ပျော်ဖို့ ကျနော် ငိုနေရလည်း အားလုံးအတွက် ကျေနပ် ၀မ်းသာပါတယ်..။ ( နှစ်ပေါင်း ၃၀ နီးပါး တော်လှန်ရေး နိုင်ငံရေး လူမှုရေး စီးပွားရေး ဘ၀အရေးတွေမှာ ကျင်လည် ကျက်စားနေတဲ့ ကျနော့် ကို အဝေးမှအမေက မိသားစုဓာတ်ပုံဟောင်းလေးတွေ ပေးပို့ လာတဲ့ အခါ ခံစားပြီး ရင်ထဲက ခုန်ဆင်းလာတဲ့ ကဗျာ )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)