ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 24, 2016

=လူထုကျန်းမာရေး(အခုပဲ ဂေါ်ဖီဖျော်ရည်ကို သောက်သုံးလိုက်ပါ)=

>
+Public Health+

 ဂေါ်ဖီကို ဖျော်ရည်လုပ်ပြီးသောက်ရင် ရရှိမဲ့အကျိုးကျေးဇူးတွေက အံ့မခန်းပါပဲ။ ဂေါ်ဖီဖျော်ရည်ကို အရသာရှိအောင် အလွယ်တကူ ဖျော်သောက်လို့ရမဲ့ နည်းလမ်းတွေနဲ့ ကျန်းမာရေး၊အလှအပအတွက် အကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ အစာအိမ်နာတာတွေအတွက် ဂေါ်ဖီဖျော်ရည်။

 ဂေါ်ဖီမှာ ပါတဲ့ အချွဲဓါတ်က အစာအိမ်နဲ့ အစာချေအမြှေးပါးနံရံတွေကို
အနာကျက်စေပါတယ်။ အနောက်တိုင်းကျန်းမာရေးဂျာနယ်က ထုတ်ပြန်တဲ့ လေ့လာတွေ့ရှိချက်တစ်ခုမှာ အစာအိမ်လူနာ ၁၃ ဦးကို ဂေါ်ဖီဖျော်ရည်နဲ့ ကုသပေးခဲ့ပြီး အဲဒီလူနာတွေဟာ တခြားလူနာတွေထက် ၁၀ ရက်ပိုပြီး ဝေဒနာသက်သာလာတာကို တွေ့ရှိခဲ့ပါတယ်။ ၂။ ကင်ဆာကာကွယ်ရေးအတွက် ဂေါ်ဖီဖျော်ရည် ဂေါ်ဖီကို အများအပြားစားသုံးတာဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို သိသိသာသာ လျှော့ချပေးနိုင်တာကို သင်သိပါသလား။ နိုင်ငံတကာ ကင်ဆာရောဂါဆိုင်ရာ ဂျာနယ်က ထုတ်ပြန်လိုက်တဲ့ လေ့လာတွေ့ရှိချက်တစ်ခုမှာတော့ ဂေါ်ဖီဟာ ရင်သားကင်ဆာကို လျှော့ချပေးနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ဂေါ်ဖီလို ဟင်းသီးဟင်းရွက်တွေကို စားသုံးတာဟာ ရင်သားကင်ဆာအပါအဝင် ခံတွင်းကင်ဆာ၊ အစာပြွန်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာ တို့ကို ပျောက်ကင်းစေနိုင်ပါတယ်။  

၃။ မကောင်းတဲ့ LDL ကိုလက်စထရောပါဝင်မှု နည်းပါးခြင်း။

 မကြာသေးမီက လေ့လာတွေ့ရှိချက်တစ်ခုမှာ ပန်းဂေါ်ဖီနဲ့ ကို ဖျော်သောက်တဲ့သူတွေဟာ တစ်ခြားဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို သောက်တဲ့သူတွေထက် မကောင်းတဲ့
 LDL ကိုလက်စထရော ပါဝင်မှုကို လျှော့ ကျနေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

 ၄။ အသားအရေလှပဖို့အတွက် ဂေါ်ဖီဖျော်ရည် ။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့
 ဂေါ်ဖီမှာပါဝင်တဲ့ Antioxidant နဲ့ Phytochemical ဓါတ်တွေဟာ အသားအရေအတွက် အကျိုးကျေးဇူးအများအပြားဖြစ်စေပါတယ်။ ဂေါ်ဖီမှာ ကျန်းမာပြီး လှပတဲ့အသားအရေအတွက်
 အရေးပါတဲ့ ဗီတာမင် C ပါဝင်ပါတယ်။

** ဂေါ်ဖီကို စားသုံးတာထက် ဘာလို့ ဖျော်ရည်လုပ်ပြီးသောက်သင့်လဲ**

 ဘာဖြစ်လို့လဲဆိုတော့ ဟင်းသီးဟင်းရွက်ဖျော်ရည်လုပ်ပြီး သောက်သုံးတာဟာ 
စားသုံးတာထက် ပိုပြီး အကျိုးကျေးဇူးတွေရှိပါတယ်။ အဓိကအချက်ကတော့
 ဖျော်ရည်သောက်တယ်ဆိုတာ အစာစားပြီးသွားမှ သောက်တာဖြစ်သလို
 အာနိသင်ကလည်း သွေးထဲကို တိုက်ရိုက် နဲ့ အလွယ်တကူ ရောက်ရှိသွားပါတယ်။

** ဂေါ်ဖီ ဖျော်ရည်ဘယ်လိုလုပ်မလဲ**

အိမ်မှာ ဖျော်ရည်ဖျော်တဲ့စက်ရှိရင် အရမ်းကိုလွယ်ကူပါတယ်။ ပထမဦးဆုံး ဂေါ်ဖီကို ပန်းသီးရှာလကာရည် ရောပြီး ရေနွေးနဲ့ စိမ်ပေးပါ။ ပန်းသီးရှာလကာရည်ဟာ ဂေါ်ဖီမှာပါတဲ့ ဓါတုမြေသြဇာတွေကို သဘာဝအတိုင်း ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အော်ဂဲန်းနစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ဂေါ်ဖီကို အသုံးပြုရင်တော့ ပိုကောင်းပါတယ်။ အဲဒီနောက် ဂေါ်ဖီကိုလှီးပြီး ဖျော်စက်ထဲကိုထည့်ပါ။ တကယ်လို့ ဂေါ်ဖီကို 
ဒီအတိုင်းမသောက်ချင်ရင် မုန်လာဥနီ နဲ့ (Celery) အီတလီနံနံပင် ထည့်နိုင်ပါတယ်။

 ဂေါ်ဖီကို စိမ်ပြီး ဘယ်လိုဖျော်မလဲ။ 

*လိုအပ်တဲ့ပစ္စည်း *

၁။ ခွက် ၃ ခွက်စာ အော်ဂဲန်းနစ် ဂေါ်ဖီ ၂။ ရေကို ခွက်ရဲ့ ၄ပုံ၃ ပုံ 
၃။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 ၄။ ဓါးတစ်ချောင်း 

၅။ အဖုံးပါတဲ့ ခွက်တစ်လုံး ပြုလုပ်နည်း ပထမဦးဆုံး ဓါးနဲ့ ဂေါ်ဖီကို ပါးပါးလှီးပြီး ဆားနဲ့ ရေထည့်ကာ ဖန်ခွက်ထဲကို ထည့်ပါ။ အဲဒီနောက် အဖုံးဖုံးပြီး အခန်းထဲမှာ ၃ ရက်လောက်ထားပါ။ ၃ ရက်ကြာပြီးတဲ့နောက် အရည်ညစ်ထုတ်ပေးပါ။ ဖျော်ရည်ကို ရေခဲသတ္တာထဲထည့်ထားပါ။ အဲဒီနောက် ခွက်တစ်ခွက်ထဲကို ရေအညီအမျှရောပြီး သောက်သုံးပါ။ 

Credit: healthyworldsets

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)