ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 2, 2017

=လူထုကျန်းမာရေး(လက်သည်း ကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ဆိုးကျိုးများ)=

>
+Public Health+
လက်သည်း ကိုက်ခြင်း ကို ထိန်းချုပ်နိုင်ဖို့ အတွက် ကတော့ လက်အိတ်စွပ်ခြင်း ၊ လက်သည်းနီ ဆိုးပေးထားခြင်း ၊ စိတ်ဖိစီးမှု နည်းအောင် နေထိုင်ခြင်း ၊ ပီကေ ဝါးခြင်း နဲ့ တခြား အရာ တစ်ခုခုကို စားပေးနေခြင်း တို့ကို ပြောင်းလုပ်ပေးနိင်ပါတယ် ။ ဆေးပညာ အခေါ် အဝေါ် အရ Onychophagia လို့ ခေါ်တဲ့ လက်သည်းကိုက်ခြင်း က လူတွေ အကြား လုပ်လေ့ ရှိတဲ့ အလေ့ အကျင့်တစ်ခုပါ ။ စစ်တမ်းကောက်ချက်များ အရ ဆိုရင် လူငယ်တွေရဲ့ ၃၀ % ၊ ဆယ်ကျော်သက် တွေရဲ့ ၄၅% ၊ ကလေးတွေမှာ ၃၀ % က လက်သည်းကိုက်တဲ့ အကျင့် ရှိနေပါတယ် ။ လက်သည်း ကိုက်တယ်
ဆိုတာ က အကြောင်း အမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ် ။ စိတ်ဖိစီးမှု များခြင်း ၊ စိတ်လှုပ်ရှားခြင်း ၊ ပျင်းရိခြင်း ၊ စိတ်မမှန်ခြင်း ၊ ဂနာမငြိမ် ဖြစ်ခြင်း စတဲ့ ခံစားချက်တွေ ခံစားရတဲ့ သူ အများစု လုပ်တတ်တဲ့ အလေ့ အကျင့်တစ်ခုပါ ။ လက်သည်းကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ဆိုးကျိုးများ အများကြီးပါ ။ လက်သည်းကြား က ဘတ်တီးရီးယားတွေ မှိုတွေ ကူးစက်ရောဂါတွေက လက်သည်း ကိုက်ခြင်းကနေ တစ်ဆင့် ပါးစပ်ထဲ တိုက်ရိုက် ရောက်စေနိင်ပါတယ် ။ လက်ဆိုတာ က အညစ်ပတ်ဆုံး အရာ တစ်ခု ပါ ။ တစ်ခုခု ကို ထိကိုင်ဖို့ အဓိက အသုံးပြုရတဲ့ အရာမို့ အရာတိုင်းနဲ့ ထိတွေ့နေရပါတယ် ။ မိမိ ထိတွေ့ ရတဲ့ အရာတိုင်း က သန့်ရှင်းနေမှာ မဟုတ်သလို လက်ဆိုတာလည်း ဘယ်လောက်ဆေးဆေး လက်သည်းကြားတွေ မှာ မမြင်နိင်တဲ့ ပိုးမွှားတွေ ခိုအောင်းနေတတ်ပါတယ် ။ လက်သည်းရှည်ထားတဲ့ သူဆို ပိုဆိုးပါတယ် ။ လက်သည်းကြားမှာ Staphylococcus, Strep နဲ့ Coryneform ဆိုတဲ့ ဘတ်တီးရီးယားတွေ အနေများပါတယ် ။ သူတို့ က အသားအရေ ကို ဖောက်ပြီး ကိုယ်ခန္ဓာ အတွင်း ကို ဝင်ရောက် နိုင်စွမ်းလည်း ရှိပါတယ် ။ ထို့အပြင် Dermatophyte လို့ ခေါ်တဲ့ မှိရောဂါကြောင့် Ringworm (လက်စွပ်ပုံစံ အကွင်းလိုက် ဖြစ်တတ်တဲ့ မှိုရောဂါ ) လည်း ဖြစ်တတ်ပါတယ် ။ ထိုမှို က လက်သည်းတွေကို ပျက်ဆီးစေနိုင်သလို အရေပြား အပေါ်မှာလည်း အကွင်းလိုက် အကွက်လိုက် ယားနာ ပုံစံ မျိုးတွေလည်း ဖြစ်ပေါ် စေနိုင်ပါသေးတယ် ။ ရောဂါ ကာကွယ် တားဆီးခြင်း စင်တာ (Search Results Centers for Disease Control and Prevention , CDC ) အနေနဲ့ ပြောထားတာက တော့ အအေးမိ စေတဲ့ ဗိုင်းရပ်ပေါင်း ၂၀ဝ ကျော်
က အချိန်တိုင်း နေရာတိုင်း မှာ ရှိနေနိုင်ပါတယ် ။ ကိုယ်ခန္ဓာက ကိုယ်ခံအား လျှော့ နည်း နေတဲ့ အချိန် မှာ ထို အအေးမိ ဗိုင်းရပ်တွေ က အလွယ် တကူ ဝင်ရောက် နိုင်ပါတယ် ။ အထူးသဖြင့် ကိုယ်ခံအားနည်း နေတဲ့ အချိန်မှာ လက် ကို ပါးစပ် နဲ့ ဝေးဝေး ထားပါ ။ လက်မှာ ကပ်နေတဲ့ ဗိုင်းရပ်တွေ က လက်သည်းကိုက်ခြင်း မှ ပါးစပ် ကနေ တိုက်ရိုက် ကိုယ်တွင်း ကို ဝင်ရောက်နိုင်စွမ်း ရှိလို့ပါ ။ လက် ကို မကြာခဏ ဆေးကြောပေးပါ ။ လက်သည်းကိုက်တဲ့ အကျင့်ကို မထိန်းနိုင်ပါက ပီကေ ဝါးပါ ။ ပီကေ ဝါးနေတဲ့ အချိန် မှာတော့ လက်သည်းကိုက်ဖို့ ခက်ခဲနေတဲ့ အတွက် လက်သည်းကို တာကို ခဏတာတော့ မေ့နေမှာ သေချာပါတယ် ။ 

လက်သည်းကိုက်ခြင်း ရဲ့ ဆိုးကျိုး က ခန္ဓာကိုယ်တင် မကပါဘူး ။ သွားတွေ ကို ပါ ထိခိုက်စေပါတယ် ။ လက်သည်းကိုက်ဖန် များခြင်း က ရှေ့သွား ကို ကျွတ်ဆက်လာခြင်း ၊ ပဲ့ထွက်ခြင်း ၊ အပေါ်ယံ ကြွေများ ပျက်ဆီးလာခြင်း စတာတွေကို ဖြစ်စေပါတယ် ။ လက်သည်းကိုက်တတ်တဲ့ အကျင့် အတွက် ကောင်းကျိုး ဘာမှ မရှိပေမယ့် ဆိုးကျိုး ကတော့ များပါတယ် ။ လက်သည်း ကိုက်ခြင်း ကို ထိန်းချုပ်နိုင်ဖို့ အတွက် ကတော့ လက်အိတ်စွပ်ခြင်း ၊ လက်သည်းနီ ဆိုးပေးထားခြင်း ၊ စိတ်ဖိစီးမှု နည်းအောင် နေထိုင်ခြင်း ၊ ပီကေ ဝါးခြင်း နဲ့ တခြား အရာ တစ်ခုခုကို စားပေးနေခြင်း တို့ကို ပြောင်းလုပ်ပေးနိင်ပါတယ် ။လက်သည်း ကိုက်တတ်သူများ အတွက် အထူးသီးသန့် ထုတ်လုပ် ထားတဲ့ လက်သည်းနီတွေ ရှိပါတယ် ။ အဓိက က ခါးတဲ့ အရသာ ထည့်သွင်းပေးထားတဲ့ အတွက်ကြောင့် အမှတ်မထင် အကျင့်ပါနေတဲ့ အတိုင်း လက်သည်းကိုက်မိတဲ့ အချိန်မှာတောင် ခါးသက်သက် အရသာကြောင့် လက်သည်းကိုက်မိနေပြန်ပါလား ဆိုတဲ့ အသိကို ပြန် သတိ ပေးလိုက်သလို ဖြစ်စေမှာပါ ။

 Credit:AYESAY
ှShweChitThu

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)