ဘ၀တိုက်ပွဲမှာ
ကြေကွဲခြင်း အတိတ်ကို
နှလုံးသားမှာ တိတ်တဆိတ် မြုပ်နှံပြီး
စိတ်ဓာတ်တွေ အတုံးအရုံး မကျဆုံးအောင်
လောကကို ရင်နာနာနဲ့ ပြုံးပြနေရတဲ့အခါလည်း ရှိတယ်..။
ဘ၀တိုက်ပွဲမှာ
သောက ခြံထဲဆင်းပြီး
မစိုပြေတဲ့ နံနက်ခင်းတွေကို
အရောင်လင်းလက်လာအောင်
ပရဟိတနဲ့ အတ္တတွေကို
နေထုတ်လှမ်းရတဲ့အခါလည်းရှိတယ်..။
ဘ၀တိုက်ပွဲမှာ
ငြိမ်သက်နေတဲ့ ကန်ရေပြင်ထက်
သတိယခြင်း ခဲတလုံးကျသွားသလိုမျိုး
စိတ်လှုပ်ရှားမှုတွေ လှိုင်းခတ်
အမေ့အိမ်နဲ့ ချစ်သူကို အလွမ်းအဆွေးဓာတ်များ
ရင်ဘတ်ကြီးထဲမှာ တပြိုင်ထဲ
မတ်တပ်ထရပ်တဲ့ အခါလည်းရှိတယ်..။
ဘ၀တိုက်ပွဲမှာ
အရိုင်းဆန်တဲ့ ဘ၀ပင်လယ်ကို
ယဉ်ပါးလာလို လာငြား
မြင်းတကောင်ကို ကျောပွတ်ပေးသလိုမျိုးလည်း လုပ်ရ
လူမိုက် လူဆိုးကို ပြန်လည် သင့်မြတ်ရေး ဆေးလည်းထိုးရ
စက်ဆုတ်စရာတွေ ခဏဘေးချပြီး
တွေးကြည့်မှ ပြက္ခဒိန် အစုတ်ပေါ်က
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်မှန်း
အတိတ် သင်ခန်းစာ ယူရတဲ့အခါလည်းရှိတယ်..။
ဘ၀တိုက်ပွဲမှာ
စစ်ပွဲတွေ ရှိနေသ၍
မျှော်လင့်ခြင်း အိပ်မက်တွေ မြောင်းထဲ လွှင့်ပစ်
ဆာလောင်တဲ့ မေတ္တာ မျက်ရည်စတွေနဲ့ 
ဘ၀ကို ထုဆစ် အိမ်ပြန်ချိန်တွေ စစ်နွံနစ်နေခဲ့တာ ကြာပြီ..။
ဘ၀တိုက်ပွဲမှာ
ဒုက္ခရောက်လို့ ဆုတောင်းတာလား
ဆုတောင်းလို့ ဒုက္ခရောက်တာလား
ဘုရားအားလုံးကို ခေါင်းစားစေတဲ့ မေးခွန်းများနဲ့ 
သချုင်္ိုင်းကုန်းက လက်ယက်ခေါ်ပြီး
မရဏမင်းက မျက်စပစ်ပြနေတဲ့ စစ်
သစ္စာတရား ကတုပ်ကျင်းထဲ ဖျားနာနေတာ လည်းမြင်ဘူးတယ်..။
ဘ၀တိုက်ပွဲမှာ
စာတမ်းထိုးထားတဲ့ ရုပ်ရှင်တကားလို
လှုပ်ရှားမှုတွေ အဆက်မပြတ်ကြည့်လိုက်
ဘ၀ စာတမ်းတွေ အငမ်းမရဖတ်လိုက်
မြို့ ပြရဲ့ ဇာတ်သိမ်းခန်းမှာ ဘယ်သူတွေ လက်ခုပ်တီးပြီး
ဘယ်သူတွေ ကျောက်ပတ်တီးစီး ငိုကြွေးမလဲ
အမှန်တရားကို ဘာသာပြန်စရာမလိုပဲ
စိတ်ထဲက ဘ၀ပေး အသိနဲ့ သိနေတယ်..။
...................................
+အောင်ခိုင်မြင့်+
ကြေကွဲခြင်း အတိတ်ကို
နှလုံးသားမှာ တိတ်တဆိတ် မြုပ်နှံပြီး
စိတ်ဓာတ်တွေ အတုံးအရုံး မကျဆုံးအောင်
လောကကို ရင်နာနာနဲ့ ပြုံးပြနေရတဲ့အခါလည်း ရှိတယ်..။
ဘ၀တိုက်ပွဲမှာ
သောက ခြံထဲဆင်းပြီး
မစိုပြေတဲ့ နံနက်ခင်းတွေကို
အရောင်လင်းလက်လာအောင်
ပရဟိတနဲ့ အတ္တတွေကို
နေထုတ်လှမ်းရတဲ့အခါလည်းရှိတယ်..။
ဘ၀တိုက်ပွဲမှာ
ငြိမ်သက်နေတဲ့ ကန်ရေပြင်ထက်
သတိယခြင်း ခဲတလုံးကျသွားသလိုမျိုး
စိတ်လှုပ်ရှားမှုတွေ လှိုင်းခတ်
အမေ့အိမ်နဲ့ ချစ်သူကို အလွမ်းအဆွေးဓာတ်များ
ရင်ဘတ်ကြီးထဲမှာ တပြိုင်ထဲ
မတ်တပ်ထရပ်တဲ့ အခါလည်းရှိတယ်..။
ဘ၀တိုက်ပွဲမှာ
အရိုင်းဆန်တဲ့ ဘ၀ပင်လယ်ကို
ယဉ်ပါးလာလို လာငြား
မြင်းတကောင်ကို ကျောပွတ်ပေးသလိုမျိုးလည်း လုပ်ရ
လူမိုက် လူဆိုးကို ပြန်လည် သင့်မြတ်ရေး ဆေးလည်းထိုးရ
စက်ဆုတ်စရာတွေ ခဏဘေးချပြီး
တွေးကြည့်မှ ပြက္ခဒိန် အစုတ်ပေါ်က
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်မှန်း
အတိတ် သင်ခန်းစာ ယူရတဲ့အခါလည်းရှိတယ်..။
ဘ၀တိုက်ပွဲမှာ
စစ်ပွဲတွေ ရှိနေသ၍
မျှော်လင့်ခြင်း အိပ်မက်တွေ မြောင်းထဲ လွှင့်ပစ်
ဆာလောင်တဲ့ မေတ္တာ မျက်ရည်စတွေနဲ့ 
ဘ၀ကို ထုဆစ် အိမ်ပြန်ချိန်တွေ စစ်နွံနစ်နေခဲ့တာ ကြာပြီ..။
ဘ၀တိုက်ပွဲမှာ
ဒုက္ခရောက်လို့ ဆုတောင်းတာလား
ဆုတောင်းလို့ ဒုက္ခရောက်တာလား
ဘုရားအားလုံးကို ခေါင်းစားစေတဲ့ မေးခွန်းများနဲ့ 
သချုင်္ိုင်းကုန်းက လက်ယက်ခေါ်ပြီး
မရဏမင်းက မျက်စပစ်ပြနေတဲ့ စစ်
သစ္စာတရား ကတုပ်ကျင်းထဲ ဖျားနာနေတာ လည်းမြင်ဘူးတယ်..။
ဘ၀တိုက်ပွဲမှာ
စာတမ်းထိုးထားတဲ့ ရုပ်ရှင်တကားလို
လှုပ်ရှားမှုတွေ အဆက်မပြတ်ကြည့်လိုက်
ဘ၀ စာတမ်းတွေ အငမ်းမရဖတ်လိုက်
မြို့ ပြရဲ့ ဇာတ်သိမ်းခန်းမှာ ဘယ်သူတွေ လက်ခုပ်တီးပြီး
ဘယ်သူတွေ ကျောက်ပတ်တီးစီး ငိုကြွေးမလဲ
အမှန်တရားကို ဘာသာပြန်စရာမလိုပဲ
စိတ်ထဲက ဘ၀ပေး အသိနဲ့ သိနေတယ်..။
...................................
+အောင်ခိုင်မြင့်+
No comments:
Post a Comment