ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 24, 2017

=လူထုကျန်းမာရေး(ပျားသံပုရာရည်ကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ)=

>
+Public Health+ 
ပျားသံပုရာရည်ဟာ ဇီဝတွင်းဖြစ်စဉ်ကို အားကောင်းစေပြီး အစာချေဖျက်မှုကိုတိုးတက်ကောင်းမွန်စေ ပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်းတိုးမြှင့်ပေးတဲ့အပြင်ဆီးလမ်းကြောင်းကိုလည်း
သန့်ရှင်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူနိုင်မှုကိုတိုးတက်စေပြီး
pH ပမာဏကိုထိန်းညှိပေးကာ အသားအရေကို ကြည်လင် သန့်စင်စေပါတယ်။
အနာကျက်လည်းမြန်စေသလို ကိုယ်အလေးချိန်လည်းကျစေနိုင်ပါတယ်။ သံပုရာဟာ
ခန္ဓာကိုယ်ကျန်းမာနုပျိုစေဖို့အတွက်အရေးပါတဲ့ အာဟာရဓာတ်နဲ့ဓာတ်တိုးဆန့်ကျင်
ပစ္စည်းတွေကို အဓိကထုတ်လုပ်ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်။
သံပုရာရည်ကို ရေခပ်နွေးနွေး၊ ပျားရည်တို့နဲ့ ရောစပ်လိုက်တဲ့အခါ သံပုရာသီးမှာ
ပါဝင်တဲ့ကျန်းမာရေးကိုအထောက်အကူပြုတဲ့ဓာတ်ကတိုးပွားလာပါတယ်။

  **ပျားသံပုရာရည်ရဲ့ အကျိုးကျေးဇူးများ**

 ၁. ဝက်ခြံနဲ့အခြားကူးစက်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးခြင်း။

 – သံပုရာရည်ဟာ သွေးကိုသန့်ရှင်းစင်ကြယ်စေတယ်လို့သိကြထားကြပါတယ်။ 
သံပုရာရည်က အစွမ်းထက် သန့်စင်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးပါတယ်။
 – ပျားသံပုရာရည်က ဘက်တီးရီးယားတွေကိုဆန့်ကျင်မှုကိုတိုးတက်ကောင်းမွန်စေပြီး 
အရေပြားထဲက ကော်လာဂျင်တစ်သျှူးတွေရဲ့စွမ်းဆောင်ရည်ကို
တိုးတက်ကောင်းမွန်စေပါတယ်။ 
– ဗီတာမင် စီနဲ့ သံပုရာသီးနဲ့ပျားရည်မှာပါဝင်တဲ့ အခြားဒြပ်ပေါင်းတွေက အရေပြားပေါ်ကအရေးအကြောင်းတွေနဲ့ အမဲကွက်တွေကို လျှော့ ကျသက်သာစေပြီး
 free radical တွေပျက်စီးမှုကိုတိုက်ဖျက်ရာမှာလည်းအထောက်အကူ ပြုပါတယ်။
 – ဗီတာမင် စီမှာပါဝင်တဲ့ သဘာဝ အယ်ကာလိုင်းဓာတ်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်တာ ကြောင့် ကျန်းမာတောက်ပတဲ့အသားအရေ
ကိုပိုင်ဆိုင်ဖို့အတွက် ဗီတာမင် စီကအရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
 လေ့လာမှုတစ်ရပ်မှာ သံပုရာခွံကသွေးတိတ်စေနိုင်တယ်လို့လည်းတွေ့ရှိရပါတယ်။ 
 – သံပုရာရည်ဟာသွေးတွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားနိုင်တာကြောင့် အရေပြားကိုအတွင်းပိုင်းကနေ အပြင်ပိုင်းအထိ အပြစ်အနာအဆာကင်းစေပါတယ်။ 
– တစ်ခါတစ်လေမှာ သံပုရာရည်ကို ဝက်ခြံနဲ့အခြားအရေပြားကူးစက်မှုတွေကို ကာကွယ်ဖို့အတွက်လည်းအသုံးပြု နိုင်ပါတယ်။ သံပုရာရည်ကို ရိုးရိုးတန်းတန်းအသုံးပြုရုံနဲ့ ဝက်ခြံနဲ့အခြားအရေပြားကူးစက်မှုတွေကို ကာကွယ်ရာမှာ အထောက်အကူပြုနိုင်ပြီး 
ကျန်းမာကောင်းမွန်တဲ့အသားအရေကိုထိန်းသိမ်းရာမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါ တယ်။

 ၂. ကိုယ်အလေးချိန်ကျအောင်အထောက်အကူပြုနိုင်ခြင်း။

 သံပုရာသီးမှာ ပက်တင်အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းတာကြောင့် အစားစားချင်စိတ်ကို လျှော့ ကျအောင်လုပ်ဆောင်ပေးပါတယ်။ ပျားသံပုရာရည်က
 အစာအိမ်ထဲမှာ အယ်လ်ကာလိုင်းဓာတ်တွေကိုပိုမို ဖြစ်ပေါ်စေတာကြောင့် 
ကိုယ်အလေးချိန်ကိုမြန်မြန်လျှော့ ကျအောင်အထောက်အကူပြုပါတယ်။ 
 လေ့လာမှုတော်တော်များများမှာ အယ်လ်ကာလိုင်းပါဝင်တဲံအစားအစာတွေ
ပိုမိုစားသုံးသူတွေက ကိုယ်အလေးချိန် မြန်မြန်ကျဆင်းတာကိုတွေ့ရပါတယ်။ 

၃. ဇီဝတွင်းဖြစ်စဉ်ကို အားကောင်းစေခြင်း။

 သံပုရာသီးဟာ ဆစ်ထရစ် အက်ဆစ်ကြွယ်ဝတဲ့အရင်းအမြစ်တစ်ခုဖြစ်ပြီး
 ဆစ်ထရိတ်ဓာတ် ဟာ ဆစ်ထရစ် အက်ဆစ်လည်ပတ်မှုမှာမှာပါဝင်တဲ့ အရေးပါတဲ့ ကြားခံပစ္စည်းတစ်ခုဖြစ်ပါတယ်။ သည်လည်ပတ်မှုဟာ ဇီဝတွင်း ဖြစ်ပျက်ပြောင်းလဲမှုအားလုံးနီးပါးအတွက်အရေးပါတဲ့ ဓာတုဓာတ်ပြုမှုလုပ်ငန်းစဉ်
တွေရဲ့ဖြစ်စဉ်တစ်ရပ်ဖြစ်ပါ တယ်။ သည်လည်ပတ်မှုဟာ အစားအစာတွေကနေရရှိတဲ့
စွမ်းအင် သုံးပုံနှစ်ပုံရဲ့အရင်းအမြစ်လည်းဖြစ်ပါတယ်။ 

၎. အစာချေဖျက်မှုမှာအထောက်အကူပေးခြင်း။

သုံရာရည်၊ပျားရည်နဲ့ရေခပ်နွေးနွေးတွေပေါင်းစည်းလိုက်မှုက 
အစာချေဖက်မှုကို တမုဟုတ်ချင်း တိုးတက်စေပါ တယ်။ သည်ဖျော်ရည်မှာပါဝင်တဲ့ 
အက်တမ်ဖွဲ့စည်းမှုက လူ့တံတွေးနဲပဆင်တူပြီး အစာချေဖျက်မှုကို
 အထောက်အကူပြုပါတယ်။ သည်ဖျော်ရည်က အသည်းကို အစာချေဖျက်ရာမှာ
လိုအပ်တဲ့ အက်ဆစ်တစ်မျိုးဖြစ်တဲ့ သည်းခြေရည်ကိုထုတ်လုပ်အောင် 
လှုံ့ဆော်ပေးပါတယ်။ သံပုရာရည်မှာပါဝင်တဲ့ အစာချေဖက်နိုင်မှုစွမ်းရည်တွေက 
ရင်ပူတာ၊လေပွတာနဲ့ ရင်ပြည့်ရင်ကယ်တာလိုမျိုး အစာမကြေတဲ့ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ 

 ၅.အူတွေသန့်ရှင်းစင်ကြယ်အောင်အကူအညီပေးခြင်း။

 ပျားသံပုရာရည်က အစာအိမ်အူလမ်းကြောင်းတစ်လျှောက်မှာ အူတွန့်တွေကိုပိုမိုဖြစ်ပေါ်အောင်လုပ်ဆောင် ပေးခြင်းဖြင့် အစာအိမ်အူလမ်းကြောင်းကိုသန့်ရှင်းရေးမှာအထောက်အကူပေးပါတယ်။
 ပျားသံပုရာရည်က အစာအိမ်အူလမ်းကြောင်းထဲမှာ အညစ်အကြေးတွေစုပုံမနေအောင်ဖယ်ရှားမှုမှာအထောက်အကူပေးသလို 
အူလမ်းကြောင်းထဲမှာ မကျေညက်တဲ့အစားအစာအကြွင်းအကျန်တွေ 
စုပုံမနေအောင်လည်း လုပ်ဆောင်ပေးပါ တယ်။ 

၆. ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးခြင်း။

– သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင် စီမှာ ယောင်ရမ်းမှုကိုသက်သာစေတဲ့
အကျိုးကျေးဇူးတွေပါဝင်တာကိုတွေ့ရပါ တယ်။ သံပုရာသီးမှာပါဝင်တဲ့ဗီတာမင် စီကို ပန်းနာရင်ကြပ်နဲ့အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေအတွက် အထောက်အကူပြုတဲ့အရာတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။ 
– သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင် စီ အအေးမိတာကိုလည်းတိုက်ဖျက်နိုင်ပါတယ်။ 
 – သံပုရာသီးမှာ ပါဝင်တဲ့ ပိုမွှားတွေကိုတိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိရှိတဲ့ saponin ကအအေးမိတာနဲ့တုပ်ကွေးမိတာ တွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ 
 -သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင် စီက ကိုယ်ခံအားစနစ်ရဲ့လုပ်ငန်းစဉ်တွေမှာအဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းတိုးတက်စေပါတယ်။
 – သံပုရာသီးမှာ ဦးနှောက်နဲ့အာရုံကြောလုပ်ငန်းစဉ်တွေကိုလှုံဆော်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ ပိုတက်ဆီယမ်ပမာဏကြွယ်ဝစွာပါရှိပါတယ်။ 
– သံပုရာသီးမှာ ခန္ဓာကိုယ်ရဲ့
 ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ free radical တွေကို ကာကွယ်စီမံတဲ့တာဝန်ကို
 ဆောင်ရွက်ပေးတဲ့ flavonoids ပမာဏကြွယ်ဝစွာပါရှိပါတယ်။

 ၇. ဆီးရွှင်စေခြင်း။

 ပျားသံပုရာရည်ဟာ ခန္ဓာကိုယ်ကနေဆီးစွန့်ထုတ်မှုပမာဏကိုတိုးစေပြီး ခန္ဓာကိုယ်အတွက်
မလိုအပ်တဲ့ အရာ တွေကိုစွန့်ထုတ်အောင်အကူအညီပေးပါတယ်။ အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲကနေ လျင်လျင်မြန်မြန် ထွက်ရှိသွားမှုက ဆီးလမ်းကြောင်းကျန်းမာစေပါတယ်။ မကြာခဏဆိုသလို ဆီးလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ရောဂါ (UTI) ကိုခ့စားနေရသူအမျိုးသမီးတွေအတွက်တော့ သည်ပျားသံပုရာဖျော်ရည်ဟာ
 အကျိုးပြုတဲ့ဆေးစွမ်းတစ်လက်ပါ။ 

၈. pH ပမာဏကိုထိန်းညှိပေးခြင်း။

 သံပုရာသီးဟာ ခန္ဓာကိုယ်အတွက် အယ်ကာလိုင်းဓာတ်အများဆုံး
ထုတ်လုပ်ပေးတဲ့ အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။
 သံပုရာသီးမှာ ပင်ကိုယ်သဘာဝကိုက အက်ဆစ်ဓာတ်ပါဝင်တာဖြစ်ပါတယ်။ 
လူ့ကိုယ်ခန္ဓာထဲ မှာလည်း ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်တဲ့အခါ အချဉ်မပေါက်အောင်လုပ်ဆောင်ပေးတဲ့ citric အက်ဆစ်ရှိပါတယ်။ သံပုရာသီးမှာ အက်ဆစ်ပျော့တွေဖြစ်တဲ့ citric အက်ဆစ်ရော ascorbic အက်ဆစ်ပါပါဝင် ပါတယ်။ သည်အက်ဆစ်တွေက သွေးထဲမှာရှိနေတဲ့ pH အဆင့်ထက်များနေတဲ့ 
သတ္တုဓာတ်တွေကို လောင်မြိုက် ပျက်စီးအောင်လုပ်ဆောင်မှုမှာအထောက်အကူပြု
ပါတယ်။ခန္ဓာကိုယ်ရဲ့ pH ပမာဏဟာ အက်ဆစ်အနေအထား ကိုရောက်ရှိသွားချိန်မှာ ရောဂါတွေကိုခံစားရတာဖြစ်ပါတယ်။ ပျားသံပုရာရည်မှန်မှန်သောက်သုံးပေးတာက
 ဂေါက်ရောဂါဖြစ်စေတဲ့ အခြေခံအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တဲ့ 
နာကျင်ရောင်ရမ်းမှုတွေကိုဖြစ်စေနိုင်တဲ့အဆစ်တွေကြားထဲက ယူရစ်အက်ဆစ်တွေ
အပါအဝင် ခန္ဓာကိုယ်ထဲက အက်ဆစ်ဓာတ်အားလုံးကို ဖယ်ထုတ်ရာမှာ 
အထောက်အကူပြုပေးပါတယ်။

 ၉. အနာကျက်မြန်စေခြင်း။

 သံပုရာသီးမှာ အများအပြားပါဝင်နေတဲ့ ascorbic အက်ဆစ်က 
အနာကျက်မြန်အောင်လုပ်ဆောင်ပေးပါတယ်။ သည်အက်ဆစ်ဟာ အရိုး၊တွယ်ဆက်
 တစ်သျှူးနဲ့ အရိုးနုတွေ ကျန်းမာရေးကောင်းမွန်အောင် ထိန်းသိမ်း စောင့်ရှောက်မှု
အတွက်လည်းအရေးပါတဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပါတယ်။ 

၁၀. ခံတွင်းနံ့သင်းပျံ့စေခြင်း သံပုရာသီးဟာ ခံတွင်းနံ့လန်းဆန်းစေတဲ့အပြင် သွာကိုက်သွားနာတာတွေနဲ့သွားဖုံးနာတာတွေကိုလည်းသက်သာ စေပါတယ်။ သတိပြုရမယ့်အချက်တစ်ချက်က citric အက်ဆစ်ဟာသွားရဲ့အပေါ်ယံကြွေလွှာတွေ
ကို ပျက်စီးစေ နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ သံပုရာရည်သောက်သောက်ပြီးချင်း
သွားမတိုက်ပါနဲ့။ 

၁၁. ပြန်ရည်ကြောစနစ်ကိုရေဓာတ်ဖြည့်တင်းပေးခြင်း။

 ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လျှော့ နည်းလာတဲ့အခါ ပင်းပန်းနွမ်းနယ်တာ
၊နှေးကွေးလေးကန်တာ၊ ကိုယ်ခံအားစနစ် လုပ်ဆောင်မှုတွေကျဆင်းတာ၊ဝမ်းချုပ်တာ၊အားအင်ကုန်ခမ်းတာ၊သွေပေါင်ချိန်ကျတာ၊သွေးပေါင်ချိန်
တက်တာ၊ အိပ်ရေးပျက်တာ၊ စိတ်မကြည်တာ၊စိတ်ဖိစီးမှုများတာတွေကို
ခံစားရနိုင်ပါတယ်။ 

**ပျားသံပုရာရည် ဘယ်လိုလုပ်မလဲ**

 ရေနွေးကြက်သီးနွေးဖန်ခွက်ရှည်တစ်ခွက်ထဲကို သံပုရာသီးတစ်ခြမ်းညှစ်ထည့်ပြီး ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောစပ်ကာ နှံ့စပ်အောင်မွှေပြီး ခပ်မြန်မြန်သောက်သုံးပေးပါ။ ပျားသံပုရာရည်သောက်ပြီး တစ်နာရီအတွင်း ကော်ဖီတွေ၊ လက်ဖက်ရည်တွေ
မသောက်မိဖို့သတိထားပါ။ ပျားသံပုရာရည်သောက်ပြီးတဲ့အခါ သွားကြွေလွှာ တွေအပေါ် အက်ဆစ်ဓာတ်သက်ရောက်မှုနည်းအောင် ရေနဲ့ပလုတ်ကျင်းပေးပါ။
 ပျားသံပုရာရည် သွားကိုမထိ အောင် အအေးသောက်တဲ့ပိုက်နဲ့လည်းသောက်သုံးလို့ရပါတယ်။
 အစာမရှိဘဲ ပျားသပုရာရည်သောက်သုံးတာကြောင့် အော့အန်ချင်သလိုဖြစ်ပါက
 အစားနည်းနည်းစားပြီးမှ သောက်ပါ။ 

+မအေးသီမွန်+

ကုမုဒြာသတင်းဂျာနယ်

[Ref: Curejoy; 17 February, 2017]

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)