ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 25, 2017

+​မြန်​မာနိုင်​ငံသား လူငယ်​လူလတ်​ပိုင်းများ တစ်​ဖက်​နိုင်​ငံသို့ ရွှေ့​ပြောင်းလုပ်​သားအဖြစ်​​ ထွက်​ခွာ​နေကြရပြီး နိုင်ငံအတွင်း အလုပ်​အကိုင်​ အခွင့်​အလမ်းသစ်​​ ပေါ်​ပေါက်​နိုင်​​အောင်​ အားစိုက်​လုပ်​​ဆောင် ပေးသင့်​ကြောင်း မြန်မာပြည်​သားများအ​ရေး ပူးတွဲလှုပ်​ရှားမှုကော်​မတီ ​ပြောကြား+

>
*(မတ်လ၂၅ရက်-၂၀၁၇-ကိုရွှေသိန်း(မြ၀တီ)Eleven Media Group)*

 မြန်​မာ့နှစ်​သစ်​ကူးပွဲ​တော်​ နီးကပ်​လာ​သော်​လည်း မြန်​မာနိုင်​ငံသား လူငယ်​လူလတ်​ပိုင်းများ တစ်​ဖက်​နိုင်ငံသို့ အလုပ်​လုပ်​ရန်​ မသွားမဖြစ်​ ထွက်​ခွာ​နေကြရပြီး နိုင်​ငံအတွင်းမှာ အလုပ်​အကိုင်​ အခွင့်​အလမ်းသစ်​​ ပေါ်ပေါက်​နိုင်​​အောင်​ အစိုးရသစ် ​အ​နေဖြင့်​ အားစိုက်​လုပ်​​ဆောင်သင့်ကြောင်း၊ လုပ်အားခကိုလည်း ယခုထက်​ ပိုမိုရရှိ​အောင်​ အစိုးရသစ်​ အ​နေဖြင့်​ အားသွန်​ခွန်​စိုက်​ လုပ်​​ပေးသင့်​ကြောင်း အလုပ်သမားအ​ရေး​ ဆောင်​ရွက်နေသည့်​ မြန်​မာပြည်သားများအ​ရေး ပူးတွဲလှုပ်​ရှားမှု​ ကော်​မတီဥက္ကဋ္ဌ (JACBA) ဦးမိုးကြိုးက ပြောကြားသည်။
“မြန်​မာနိုင်​ငံမှာ အလုပ်​အကိုင်​ အခွင့်​အလမ်းသစ်​​တွေဟာ ​ပေါ်​ပေါက်​လာ​အောင်​ အစိုးရသစ်​အ​နေနဲ့ အားသွန်ခွန်​စိုက်​ လုပ်​​ပေးသင့်​တယ်​။ လူ​တွေရဲ့ လုပ်​အားခကိုလည်း ယခုရရှိ​နေတဲ့ အ​ခြေအ​နေထက်​တိုးပြီး ရရှိအောင်​ အားစိုက်​ ဆောင်​ရွက်​ပေးဖို့ လိုတယ်​ဆိုတာကို ပြည်​တွင်းက​နေ ပြည်​ပကို ထွက်​ခွာ​နေတဲ့ ​ရွှေ့ပြောင်းအလုပ်​သမား​တွေက သက်​​သေပြ​နေပါတယ်​” ဟု (JACBA) ဥက္ကဋ္ဌက
 ပြောကြားသည်​။ မြန်​မာနိုင်​ငံသားများ အ​နေဖြင့်​ အလုပ်​ရှိမယ်​၊ ၀င်​ငွေ​ကောင်းမယ်​ဆိုလျှင်​ မိခင်​နိုင်ငံ၊ ကိုယ့်​ ရေ​မြေကို စွန့်​ခွာပြီး မည်​သူမျှ မသွားချင်​ကြ​ကြောင်းနှင့်​ ပြည်​ပနိုင်​ငံသို့ ​ရွှေ့​ပြောင်းလုပ်​သားများအဖြစ် ​ရောက်​သည်​နှင့်​ ယင်းနိုင်ငံသားများ မလုပ်​သည့်​ 3D အလုပ်​များကိုသာ လုပ်​ကိုင်​ကြရ​ကြောင်းလည်း ဦးမိုးကြိုးက ​ပြောကြားသည်​။

  “မိခင်​နိုင်​ငံသား​တွေ မလုပ်​ချင်​တဲ့ ညစ်​ပတ်​တဲ့အလုပ်​၊ ခက်​ခဲတဲ့အလုပ်​၊ အန္တရာယ်​ရှိတဲ့ အလုပ်​​တွေကိုသာ ကျွန်တော်​တို့ နိုင်ငံသား​တွေ လုပ်​ကြရပါတယ်​။ သူတို့နိုင်​ငံသားတွေ မလုပ်​ကြပါဘူး။ ထိုင်းမှာ မြန်​မာ​ရွှေ့ပြောင်း အလုပ်​သမား အများဆုံး ဖြစ်​ပါတယ်။ ထိုင်းအလုပ်​သမား ဥပ​​ဒေအတိုင်းလည်း လုပ်​အားခ မရရှိကြပါဘူး လူမှုဖူလုံ​ရေးတို့ အလုပ်​သမား အခွင့်​အ​ရေးတို့ဆိုတာ အ​ဝေးကြီးပါပဲ။ မြန်မာနိုင်​ငံထက်​ ၀င်​​ငွေအ​တော်​အတန်ကောင်းတဲ့၊ အလုပ်​အကိုင်​လည်း ရှိတဲ့အတွက်​ ထိုင်းနိုင်ငံနဲ့ ပြည်​ပနိုင်​ငံတွေမှာ သည်းခံ ကြိတ်​မှိတ်​ မျိုသိပ်​ပြီး​တော့ အလုပ်​လုပ်​​နေကြရတာ ဖြစ်ပါတယ်​” ဟု ဦးမိုးကြိုးက ​ပြောကြားသည်​။ 

မြန်​မာနိုင်​ငံသား အချို့မှာ ယခင်​က ​ဈေး​ရောင်းချခွင့်​ လက်​မှတ်​ဖြင့်​ လိုင်း​ကြေး​ပေးပြီး တစ်​နိုင်​တစ်​ပိုင်​ ​ဈေးရောင်းချကြသည်​။ ယခုအခါ ထိုင်းအစိုးရသစ်​၏ မူဝါဒအ​ပြောင်းအလဲကြောင့်​ လိုင်း​ကြေး​ပေးထား​သော်လည်း ထိုင်းဥပ​ဒေအရ ဟုဆိုကာ ဖမ်းဆီးခံ​နေရ​ကြောင်း မကြာခဏ ဖမ်းဆီးခံရသူ ကိုစိုးက ​ပြောကြားသည်​။

 မြ၀တီ-မဲ​ဆောက်​လမ်းမှ ထိုင်းနိုင်​ငံသို့ လူငယ်​လူရွယ်​များ​ နေ့စဉ်​ထွက်​ခွာနေရခြင်းမှာ မြန်​မာနိုင်​ငံအတွင်း လူ့စွမ်းအား အရင်းအမြစ်​များစွာ ဆုံးရှုံးနေ​ကြောင်း မြ၀တီနယ်​စပ်​ ကုန်​သည်​များ အသင်းဥက္ကဋ္ဌ​ ဒေါ်သင်းသင်းမြတ်က​ ပြောကြားသည်​။ “လူငယ်​​တွေဟာ တကယ့်​ကို ၂၀ နဲ့ ၃၀ ကြားရှိတဲ့ က​လေး​တွေ တစ်​​နေ့ တစ်​​နေ့ ထိုင်းကို ထွက်​​နေတာကြည့်ရင်​ အရမ်းနှ​မြောစရာ ကောင်းတယ်​။ ခွန်​အားကောင်းတဲ့ လူငယ်​​တွေသာ သွားတာဖြစ်​တဲ့အတွက်​ လူ့စွမ်းအား အရင်းအမြစ်​​တွေ အရမ်းဆုံးရှုံးတယ်​။ ပြည်​တွင်းမှာ စက်​ရုံအလုပ်​ရုံ အလုပ်​အကိုင်​ အခွင့်အလမ်းတွေ ဖန်​တီးပေးဖို့ လိုအပ်​ပါတယ်​။ စက်​ရုံ​တွေ ဖြစ်​လာဖို့ဆိုတာ MIC Law တွေ​ ဖြေလျှော့ပေးဖို့လိုတယ်​။ လုပ်​ချင်​​သူတွေ လုပ်​နိုင်​​အောင်​ လုပ်​​ပေးဖို့ လိုပါတယ်​” ဟု ​​ဒေါ်သင်းသင်းမြတ်​က ဆိုသည်​။ 

၂၀၁၇ ခုနှစ်​၏ နှစ်​စဖြစ်​​သော ဇန်​န၀ါရီလတွင် မြ၀တီချစ်​ကြည်​​ရေး တံတားမှတစ်ဆင့် ထိုင်းနိုင်​ငံသို့ ထွက်ခွာသည့်​ မြန်​မာ​ရွှေ့ပြောင်းလုပ်​သား အမျိုးသား ၄၃၀၉ ဦးနှင့်​ အမျိုးသမီး ၃၀၁၇ ဦးနှင့်​ ​ဖေ​ဖော်​၀ါရီလတွင်​ အမျိုးသား ၄၃၆၉ ဦးနှင့်​ အမျိုးသမီး ၃၇၀၂ ဦး ထွက်ခွာခဲ့ပြီး မတ်​လတွင်​ ပိုမိုထွက်​ခွာ လျက်​ရှိသည်​ဟု မြ၀တီချစ်​ကြည်​​ရေး တံတားမှ တာဝန်​ရှိသူတစ်​ဦးက​ ပြောကြားသည်​။ မြန်​မာနိုင်​ငံအတွင်း စက်​ရုံအလုပ်​ရုံ များစွာပါဝင်​သည့်​ စက်​မှုဇုန်​များ​ ဖော်​ထုတ်​​နေ​သော်​လည်း အများစုမှာ စီးပွား​ရေး လုပ်​ငန်းရှင်​များက​ မြေ၀ယ်​ယူ လက်​ဦးထားပြီး လုပ်​ငန်းအ​ကောင်​အထည်​​ဖော်​မှု မရှိသ​လောက်​ နည်းပါးကြောင်း သိရသည်။

 Writer: ကိုရွှေသိန်း (မြ၀တီ)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)