ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, March 12, 2017

+တိုင်းပြည်၏ အနာဂတ်အရေး အနာဂတ်အတွေး ၊ ပါတီ နိုင်ငံရေး+

>
မြန်မာပြည်၏ အမှောင်ဆုံးကာလများဟု တင်စားရမည့် ၁၉၆၂ ၊ ၁၉၇၄ ၊၁၉၇၆ ၊ ၁၉၈၈ ၊ ၁၉၉၁ ၊ ၁၉၉၆ ၊၂၀၀၇ ခုနှစ် ခေတ်အဆက်ဆက်မျိုးဆက်အသီးသီး၏ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူများသည် တိုင်းပြည်တွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် မပြီးဆုံးသေးသော သမိုင်းပေးတာဝန်ကို ကျရာနေရာမှ ထမ်းဆောင်ကာ တိုင်းကျိုးပြည်ကျိုးအား လုပ်ဆောင် မည့် ပါတီတရပ် ပေါ်ပေါက်ရေး ဆွေးနွေးပွဲများ ၊ အကြံပြုချက်များ ၊ ဖိတ်ကြားစာများ ကို ယခုတလော လူမှုကွန်ယက် စာမျက်နှာများ ၊ သတင်းများတွင် မြင်တွေ့ ကြားသိနေရသည်မှာ တိုင်းပြည် အနာဂတ်အရေးကို အားရကျေနပ်စရာ ဖြစ်သည်ဟု အပြုသဘောဆန်စွာ ထင်မြင်ယူဆမိပါသည် ။ ဆိုလိုသည်မှာ တိုင်းပြည်၏ နိုင်ငံရေး မုန်တိုင်းထန်ဆဲကာလများတွင် စစ်အာဏာရှင်စနစ်အောက်မှ တိုင်းပြည်အခြေအနေဆိုးကို ကိုယ်နှင့်မဆိုင်သလို လက်ပိုက်ကြည့်မနေပဲ ကိုယ်ကျိုးမဖက် တတ်နိုင်သည့်ဖက်မှ တတပ်တအား တွေးခေါ်ကြ ၊၀ိုင်းဝန်း ဆွေးနွေး ကြ၊ အပြုသဘောဆန်စွာ ဝေဖန်သုံးသပ်ကြကာ အာဏာရှင်စနစ်ကို မလိုလားသည့် အတွေးအခေါ်တူသူအချင်းချင်း လက်တွေ့ ကျကျပူးပေါင်းဆောင်ရွက်မှုများကြောင့်သာ မြန်မာပြည်၏ ဒီမိုကရေစီသည်လမိုက်ညမှအာရုဏ်ဦးဆီ ရောင်န်ီသန်းလာ ခြင်းဖြစ် သည်ဟု ထင်မြင်ယူဆမိပါသည် ။ မြန်မာပြည်တွင် စစ်အာဏာရှင် စနစ်၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီဖြစ်ပေါ် ထွန်းကားရေးအတွက် ခေတ်အဆက်ဆက်မှာ တိုက်ပွဲဝင်ခဲ့ကြသော ရဟန်းရှင်လူကျောင်းသားပြည်သူများသည် နှစ်ပေါင်း ၇၀ကျော် ပြည်တွင်းစစ်နှင့်အတူ အသက်များ ကြီးရင့်လာသည်နှင့် အမျှ အတွေ့ အကြုံသင်ခန်းစာများလည်း စုံသင့်သလောက် စုံခဲ့ကြပြီ ဖြစ်ပေသည် ။

အထူးသဖြင့် ပြည်သူ့ ဘ၀မှန်ကိုမျက်ဝါးထင်ထင်သိရှိသည့် ပြည်သူ့ ရင်သွေးများ ဖြစ်သည့်
 ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှုများသည် စိတ်ဝင်စားဖွယ်အတိရှိကြောင်း သမိုင်းစာမျက်နှာများမှ သက်သေတည်နေပေသည် ။ မြန်မာပြည်တွင် ရာဇ၀င်တွင်မည့် ကိုအောင်ဆန်းတို့ ခေတ်မှသည် ယနေ့ ခေတ်အထိ ရှိနေဆဲဖြစ်သော ခွပ်ဒေါင်းများ ၊ ကဒေါင်းများ၊ အိမ်မပြန်ဖြစ်သော ဒေါင်းများ ၊ တမလွန်ကို ထာဝရထွက်ခွာသွားသော ဒေါင်းများအပါအ၀င် ဒေါင်းမျိုးစုံသကဲ့သို့  အတောင်ပံကျိုးငှက်လို ဒေါင်းများ ၊တက်ကြွသော ဒေါင်းများ ၊ စိတ်ဓာတ်ကျသော ဒေါင်းများ အရောင်အသွေး မျိုးစုံကာ သေချာတာတခုမှာ ဘယ်နေရာ ဘယ်အချိန်မဆို ရင်ဘတ်ထဲ အမှန်တရားကို မြတ်နိုးတာချင်းတူညီသည့် ဆုံမှတ်တခုတော့ ဒေါင်းသမိုင်းမှာ ရှိခဲ့ကြပေသည် ။ လက်ရှိနိုင်ငံရေးအခြေအနေအရ တိုင်းပြည်တွင် စစ်အာဏာရှင်စနစ်၏ ဆိုးမွေများဖြစ်သည့်အာဏာရှင်ကို ပြန်လည်အသက်သွင်းချင်သူများ သည် ဘာသာရေး လူမျိုးရေး စစ်ရေး ပဋိပက္ခများ လုပ်ဆောင်နေသည်မှာ အများအသိပင်ဖြစ်ပေသည် ။ ထို့ နောက် တိုင်းပြည်မငြိမ်မသက် ဖြစ်သည်ကို အကြောင်းပြကာ အောက်လမ်းနည်းဖြင့် နိုင်ငံတော်အာဏာကို အရပြန်လည် ရယူလိုမှုများ မရှိဘူးဟု မည်သူပြောနိုင်မည် နည်း ။ တိုင်းပြည်တွင် ၂၀၀၈ ဖွဲ့ စည်းပုံလို စစ်အာဏာရှင်စနစ်ကို ကြားကန်သော ဥပဒေများ ရှိနေသေးသ၍ တိုင်းပြည်နဲ့ လူမျိုး အနာဂတ်အတွက် အမှန်တကယ် ရင်လေးစရာ ဖြစ်နေရပါသည် ။ တချိန်ထဲတွင်ပင် ပကတိအခြေအနေကို ဓမ္မဓိဌာန်ကျကျသုံးသပ်ရသော် စစ်အာဏာရှင်များသည် အာဏာရှင်စနစ် တည်မြဲရေးအတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေကို အကာအကွယ်ယူထားသကဲ့သို့ တခြားတဖက်တွင်လည်း ငွေမည်း များဖြင့်လမ်းခင်းကာ ပြည်တွင်းပြည်ပ စွမ်းအားရှင်များအား အနာဂတ်အတွက်တည်ဆောက်ထားမှုများရှိနေသလားဟု မေးခွန်းများရှိနေပေသည် ။ သို့ သော် ယခုအခြေအနေအထိ မြန်မာ့ ဒီမိုကရေစီအရေးလိုလားသူများသည် လူအရသော်လည်းကောင်း ၊ မူအရသော်လည်းကောင်း တည်ဆောက်ထားမှုများ မရှိခြင်း (သို့) တည်ဆောက်မှု အားနည်းနေခြင်းများသည် တိုင်းပြည်နှင့် လူမျိုးအနာဂတ်အတွက် ကောင်းမွန်သော အလားအလာ မဟုတ်ပေ။ ပါတီတိုင်းတွင် မူဝါဒအသီးသီးရှိကြသည်ဖြစ်ရကား NLD ပါတီမှ ဦးဆောင်သော လက်ရှိပြည်သူ့ အစိုးရ၏ သက်တမ်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး မူဝါဒ ၊ ဖွဲ့ စည်းပုံပြင်ဆင်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များသည် အောင်မြင်မှု ရှိမရှိ ၊ လက်တွေ့ ကျမကျ လာမည့်အနာဂတ်တွင် အဖြေပေါ်လာမည်မှာ မလွဲမသွေဖြစ်ပါသည် ။ 

ဆရာဒဂုန်တာရာ စကားကို ကိုးကားရလျှင် နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်သောကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံအရ လွှတ်တော်ထဲ စစ်တပ်မှ ၂၅ % ရှိနေချိန်တွင် စစ်တပ်ကို NLD က နားချ စည်းရုံးလျက် အကောင်းမြင်ဝါဒဖြင့်ကြည့်လျှင် မိတ်ဆွေဖြစ်အောင်လုပ်ဆောင်နေသော်လည်း သေနတ်ခါးကြားထိုးသူများက ခေါင်းမာနေဆဲ ဖြစ်ပုံရပါသည် ။ တချိန်ထဲတွင်ပင် မြန်မာပြည်၌ စစ်အာဏာရှင် စနစ်ကြီးစိုးထားသည့် ၁၉၈၈ မှ ၂၀၁၂ ကာလအထိ NLD ပါတီအပါအ၀င် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ၏ ထိပ်တိုက်ရင်ဆိုင်ရေးမူဝါဒ ကာလ အတောအတွင်း တိုင်းပြည်၏ အရွေ့ အပြောင်းကို ပြန်လည်သုံးသပ်ဆင်ခြင်လျှင် မည်သည့်နိုင်ငံရေး နည်းဗျူဟာသည် တိုင်းပြည်နှင့် လူထုအတွက် အကျိုးရှိမည်ကို သေသေချာချာ သိမြင်လာစရာ အကြောင်းရှိပေသည် ။ ထို့ အတူ တော်လှန်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့်လည်း နှစ်ပေါင်း ၇၀ ရေရုည် ပြည်တွင်းစစ်နှင့် လက်နက်ကိုင် တော်လှန်ရေးကို ဂဃနဏ ပြန်လည်သုံးသပ် ဆင်ခြင်ကာ တိုင်းပြည်နှင့် လူမျိုးအကျိုးရှိမည့် ပြည်တွင်းစစ်အဆုံးသတ်ရေး၊ အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် ၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံရေး ပြဿသနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာသည့် နည်းလမ်းကို အလျှော့ အတင်းလုပ်၍ စားပွဲဝိုင်း၌ သိက္ခာရှိရှိ ဆွေးနွေးတိုင်ပင်နိုင်လျှင် နိုင်ငံအတွက် အကောင်းဆုံးဖြစ်နိုင်မြင်ဟု သုံးသပ်မိပါသည် ။ 

အမှန်တကယ်တွင်မူဖြစ်နိုင်လျှင် တိုင်းပြည်နှင့်လူထုကောင်းစားရေး ကို ဦးတည်လျက် ဘက်မလိုက်သည့် အုပ်စု (သို့ ) အဖွဲ့ အစည်းတခုမှ ရေရှည်ပြည်တွင်းစစ်၏ ဆိုးကျိုးများအနေဖြင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ ၏စစ်အသုံးစားရိတ်များ ၊ စစ်အသုံးစားရိတ်နှင့် ဆက်နွယ်လျက် သယံဇာတ ပြုန်းတီးမှုများ ၊ စစ်ပြေးဒုက္ခသည်များ ၊နိုင်ငံရေး မတည်ငြိမ်မှုများ ၊ စီးပွားရေး ကျဆင်းမှု အကြောင်းများ အပါအ၀င် ရေရှည်ပြည်တွင်းစစ်သည် တိုင်းပြည်နှင့်လူမျိုးအား ဆင်းရဲတွင်း နက်စေကြောင်း စာတမ်းတစောင်ပြုစုလျက် ၂၁ ရာစုပင်လုံညီလာခံကို တင်ပြသင့်ပါသည် ။ တခြားတဖက်တွင်လည်း စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး၌ အာလုံးပါဝင်နိုင်ရေးအတွက် တပ်မတော်ဖက်က အကန့် အသတ်စည်းမျဉ်းစည်းကမ်းများ ရှိနေခြင်း အပါအ၀င် တပ်မတော်နှင့် အစိုးရမှ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို တဖက်သတ်မကြေငြာနိုင်မှုများသည် လက်ရှိပြည်သူ့ အစိုးရ၏ ၂၁ ရာစုပင်လုံညီလာခံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှောက်အယှက် ဖြစ်နေသည်မှာ အမှန်တကယ်ပင် ဖြစ်ပေသည် ။ထို့ ကြောင့် စစ်အာဏာရှင်များသည် ပြည်တွင်းစစ်ရှိနေမှသာ တဖက်လှည့်ဖြင့် စစ်အာဏာရှင်စနစ်ကို အသက်သွင်းထားနိုင်မည်ဖြစ်သောကြောင့် စစ်တပ်သည် တိုင်းပြည်ဒီမိုကရေစီရေးအတွက်အတားအဆီးဖြစ်နေပြီလားဟု မေးခွန်းများ ထွက်ပေါ်နေရခြင်း ဖြစ်ပေသည် ။ နိုင်ငံတကာတွင် တိုးတက်သော တိုင်းပြည်များကို လေ့လာလျှင် ပြည်တွင်းစစ်မရှိသော တိုင်းပြည်များ ဖြစ်နေသည်ကို တွေ့ မြင်ရမည် ဖြစ်ပေသည် ။

 နောက်ဆုံးပေါ် နည်းပညာများ ခေတ်မီတိုးတက်နေသော ကမ္ဘာကြီးတွင် ဆက်သွယ်ရေးနည်းပညာများ ၊ သယ်ယူပို့ ဆောင်ရေး စက်မှုနည်းပညာများကို နိုင်ငံတော်အကျိုးအတွက် ရယူသကဲ့သို့ နိုင်ငံရေးနည်းပညာများကိုလည်း ရယူသင့်ပေသည် ။ သို့သော် ဆက်သွယ်ရေးနည်းပညာများဖြင့် အတိုက်အခံကို ဖြိုခွင်း ရန် အာဏာရှင်များနှင့် ခရိုနီများ ကြိတ်ကြံကာ အတိုက်အခံတို့ ၏ ဖုန်းနှင့် ကွန်ပြူတာကို ဟက်ခ်ခြင်း ဖြင့် အတိုက်အခံလုပ်ရပ်အားလုံးသည် လုံခြုံမှုမရှိတော့သည့် လူ့ အဖွဲ့ အစည်း ဖြစ်သွားနိုင်ပေသည် ။ ခေတ်မီနည်းပညာဖြင့် အမေရိကန်ရွေးကောက်ပွဲကို ရုရှားက ၀င်ရောက်စွပ်ဖက်ခဲ့ခြင်းက ပူပူနွေးနွေးရှိနေပေသေးသည် မဟုတ်ပါလား။ နိုင်ငံတကာ၏ ဖွဲ့ စည်းပုံနည်းစနစ်များတွင် စစ်သား ၊အရပ်သား ၊ သာသာတရားခွဲခြားမထားပဲ သာတူညီမျှ ကောင်းစားရေးကို အခြေခံထားသဖြင့် သက်ဆိုင်ရာဘ၀အသီးသီးသည် တရားမျှတသော တရားဥပဒေအောက်တွင် ငြိမ်းချမ်းလုံခြုံမှုရှိနေပေသည် ။ စစ်ပွဲများမရှိသဖြင့် စစ်အသုံးစားရိတ်များနည်းကာ တိုင်းပြည်၏ ဘဏ္ဍာငွေကို ကလေးသူငယ် များ၊ လူငယ် များ၊လူကြီးလူအို များအတွက် ထောက်ပံ့ကြေးများအပါအ၀င် ပြည်နယ် ပြည်မ ဒေသ ပေါင်းစုံ ၌ အခမဲ့ ပညာရေး ၊ ကျန်းမာရေးများ ဖန်တီးနိုင်သဖြင့် တပ်မတော်သားမိသားစုများ အပါအ၀င် လယ်သမား ၊ အလုပ်သမား ၊ အစိုးရ၀န်ထမ်းများအတွက်ပါ ကောင်းမွန်သော ဘ၀သစ်များ အားလုံးမှ ပိုင်ဆိုင်နိုင်ကြပေမည် ။

 ပြည်သူ့ အစိုးရအနေအဖြစ်လည်း တိုင်းပြည်ငြိမ်းချမ်းမှသာ စီးပွားရေးရင်းနှီင်္းမြုပ်နှံမှုများ ဖိတ်ခေါ်ကာ တိုင်းပြည်တိုးတက်ရေးအား တင်းပြည့်ကျပ်ပြည့် လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့် အလုပ်အကိုင်အသစ်များ ဖန်တီးလာနိုင်စရာအကြောင်းရှိပေသည် ။ထိုအခါ မူးယစ်ဆေးဝါး ဖြန့် ဖြူးသူများ ၊ဘုရားသူခိုးများ ၊မြေသိမ်း ယာသိမ်း ဖြတ်လမ်းနည်းဖြင့် စီးပွားရှာမှုများ လျှော့ ပါးကာ သမာအာဇီဝဖြင့် ဘ၀အသက်မွေးဝမ်းကျောင်းများလုပ်ကာ တိုင်းပြည်၌ ရာဇ၀တ်မှု များ လျှော့ နည်းလာစရာ အကြောင်း မြင်ပေသည် ။ တိုင်းပြည်၏ အိမ်ဦးခန်း၌အကျပ်အတည်းအခက်အခဲစိန်မှုများနှင့် တွေ့ လျှင် ပြောင်းလဲရေးအတွေးအခေါ်ကောင်းများသည် နိုင်ငံ၏ နောက်ဖေး ပြတင်းပေါက်မှ ခုန်ဆင်းသွားတတ်ကြပေသည် ။ထို့ ကြောင့် မရိုးနိုင် အထပ်ထပ်ပြောဆိုနေရသည်မှာ တိုင်းပြည်တွင် အစိုးရနှင့် အတိုက်အခံပါတီများသည် လူထုကောင်းစားရေးအတွက် မူဝါဒများချမှတ်ကာ ကမ္ဘာကြီးနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်မည့် အတွေးအခေါ်ပြုပြင် ပြောင်းလဲရေးသည် နိုင်ငံတော်၌ မရှိမဖြစ်လိုအပ်နေပါသည် ။ အနာဂတ် နိုင်ငံရေး၌ လွှတ်တော်တွင်းနိုင်ငံရေးကို လုပ်ဆောင်နိုင်မှသာ တိုင်းပြည်၏ ဥပဒေများကို တရားဝင် ပြုပြင်ပြောင်းလဲ ရေးဆွဲနိုင်စရာ အကြောင်းရှိပေသည် ။
ထို့ ကြောင့်အနှစ်ချုပ်ရသော် လူကို အခြေခံပြီး ပါတီတရပ် ထူထောင်လျှင် အကွဲအပြဲများရှိတတ်သဖြင့် တိုင်းပြည်၏ ဒီမိုကရေစီအရေး ၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ၊ တိုင်းပြည်နှင့်လူမျိုးတိုးတက်ကောင်းစားရေးအတွက် မူဝါဒများ ချမှတ်ကာ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် ညီညွတ်ရေးလည်းရရှိနိုင်မည် ဟု ယုံကြည်မိပါသည် ။ ထို့ အပြင် ၂၀၀၈ ဖွဲ့ စည်းပုံရှိနေသေးသ၍ စစ်အာဏာရှင် စနစ်၏ စိန်ခေါ်မှုများရှိနေသေးသဖြင့် ဒီမိုကရေစီကို သက်ဝင်ယုံကြည်သော တိုင်းရင်းသား အဖွဲ့ အစည်းများ၊ NLD အပါအ၀င် မည်သည့် ပါတီနှင့် မဆို တူညီတာတွေ တွဲ လုပ်ပြီး မတူညီမှုများအား ညှိနိုင်းဆွေးနွေးဆောင်ရွက်နိုင်မည့် မဟာမိတ်မူဝါဒများလည်း ရှိရပေမည် ။ ပါတီတရပ် မူဝါဒခိုင်မာလျှင်အတွေးအခေါ်တူညီသူများနှင့် ဆွေးနွေးလုပ်ကိုင်လျှင်အလုပ်တွင်ကျယ်ပြီး လိပ်ပြာ သန့် သကဲ့သို့ အမေရိကန် သမ္မတ ထရမ့်နှင့်သော်လည်းကောင်း ၊ ရုရှားသမ္မတ ပူတင်နှင့်သော်လည်းကောင်း တွေ့ ဆုံ ဆွေးနွေးနိုင်ပေသည် ။ ဒီမိုကရေစီလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို လူထု ကသာမက ကမ္ဘာမှလေးစားသော နိုင်ငံခေါင်းဆောင်လက်ထက်တွင် မလျှော့ သော အတွေးအခေါ်နည်းလမ်းများဖြင့် တိုင်းပြည်ငြိမ်းချမ်း တိုးတက်ရေးကို မဖြစ်မနေတည်ဆောက်ရမည့် အချိန်အခါဖြစ်ပေသည်။ ။ 

တခြားတဖက်တွက်လည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ဇရာက စကားပြောလာပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အလွန်နိုင်ငံရေးကို ယခုကတည်းက ပြင်ဆင်ထားရမည် ဖြစ်သောကြောင့် ခေတ်အဆက်ဆက်မျိုးဆက်အသီးသီး၏
 မြန်မာ့ဒီမိုကရေစီအရေး တက်ကြွသူများသည် နိုင်ငံရေး ပါတီတရပ်ပေါ်ထွန်းရေးကို ပွင့်လင်းမြင်သာစွာ ပါတီစွဲ ၊ ပုဂ္ဂိုလ်စွဲ ၊ အုပ်စုစွဲ ၊ ဒေသစွဲ ၊ ၀ါဒစွဲ ကင်းကာ မိမိ၏ အခြေအနေပေါ် မူတည်လျက် ရုပ်ပိုင်း စိတ်ပိုင်း အနေဖြင့် အားလုံးမှ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြု တိုက်တွန်းရေးသား လိုက်ရပါသည် ။ 

................................................................... 

+အောင်ခိုင်မြင့်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)