ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 8, 2017

=လူထုကျန်းမာရေး(ပျိုမေတို့ အစဉ် နုပျိုစေဖို့)=

>
+Public Health+
ကျွန်မတို့ အမျိုးသမီးများ အားလုံးသည် နုပျိုလှပချင်သော သူများသာဖြစ်သည်။ မိတ်ဆွေသူငယ်ချင်း များနှင့် တွေ့ကြပြီဆိုလျှင် ''သူငယ်ချင်းရယ်၊ ခုထိ လှတုန်းပတုန်း၊ ငယ်ငယ်ကအတိုင်းပဲ အလှမပျက်ဘူး၊ နုပျိုနေဆဲပဲ''လို့ ပြောလျှင်ဟုတ်တာမဟုတ်တာ အပထား ကျေနပ်သွားကြသည် ချည်းသာ ဖြစ်ပါသည်။ လက်ရှိအသက်ထက် ပိုမိုငယ်ရွယ် နုပျိုနေသူများ ရှိသကဲ့သို့ အသက်ထက်ပိုမို အိုစာသူများလည်း ရှိသည်။ အချို့က မိမိကို အရွယ်တင်သည်၊ နုလွန်းသည်ဟု ပြောမှ သဘောကျ နှစ်ခြိုက်ကြသည်။ မည်သူမဆို အလှအပကို နှစ်သက်မြတ်နိုးကြသည်။ လှတယ်ပြောမှ သဘောကျသော်လည်း လှပအောင် နေထိုင်နည်းကို သိသူနည်းလှသည်။
သို့ သော်လည်း ပြုမူနေထိုင်ရန် သတိမမူ တတ်ကြပေ။ ထို့ကြောင့် စာရေးသူ အနေဖြင့် အပြောမဟုတ်ဘဲ တကယ်လက်တွေ့ တွင်လည်း နုပျိုနေအောင် ဘယ်လိုလုပ်ရမလဲ ဆိုသည်ကို ဆေးကောင်းတစ်ခု လမ်းညွှန်ပေးလိုက် ပါသည်။ ဤဆေးနည်းက ရိုးလွန်းသည်ဟု ထင်စရာ ရှိသော်လည်း လက်တွေ့အကျိုးရလဒ်က ကောင်းမွန်သည်။ အမေရိကန်နိုင်ငံ ကယ်လ်လီဖိုးနီးယား တက္ကသိုလ်က အမျိုးသမီးများ၏ လူနေမှု ပုံစံနှင့် လူ့သက်တမ်းဆိုင်ရာ ဆက်စပ်ပုံကို လေ့လာသည့် သုတေသန တွေ့ရှိချက်ကို အခြေခံပါသည်။ ထိုလေ့လာတွေ့ရှိချက်အရ တစ်နေ့လျှင်
 ၁ဝ နာရီကြာ ထိုင်ပြီး လှုပ်ရှားမှု နည်းသည့် အမျိုးသမီးများနှင့် သူတို့လောက် ကြာကြာမထိုင်သည့် အမျိုးသမီးများကို နှိုင်းယှဉ်ကြည့်ခြင်း ဖြစ်ပါသည်။ ကြာကြာထိုင်သည့် အမျိုးသမီး များ၏
 ဆဲလ်များသည် ရှစ်နှစ်ခန့် ပိုမိုအိုစာ သွားကြောင်း တွေ့ရှိရပါသည်။ အချိန်ကြာကြာ အလုပ်ထဲတွင် စိတ်ရောကိုယ်ပါ နှစ်ကာ ထိုင်နေခြင်းသည် ဇီဝဖြစ်ပျက်မှု လျော့နည်းပြီး နှလုံးရောဂါနှင့် 
ဆီးချိုရောဂါတို့ လက်ကမ်းပေးသည်နှင့် တူပါသည်။ အထိုင်ကြာသော အမျိုးသမီးတွေ ထဲမှာ
သော်မှ ကိုယ်လက်လှုပ်ရှားမှု များများလုပ်သောသူနဲ့ မလုပ်သောသူ မတူပါ။ ကိုယ်လက်လှုပ်ရှားမှု မလုပ်သောသူများမှာ တီလိုမီယားတွေ ပိုပြီး တိုသွားတာ တွေ့ရပါသည်။ တီလိုမီယားဆိုတာက အသက် ကြီးကြီးလာမှ တဖြည်းဖြည်း တိုတိုသွားရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တီလိုမီယား တိုခြင်းဟာ အသက်အရွယ် အိုမင်းလာခြင်း ကိုပြတာ ဖြစ်ပါသည်။ တီလိုမီယား တိုလာခြင်းဟာ နှလုံးရောဂါ၊ ဆီးချို ရောဂါနဲ့ ကင်ဆာရောဂါတွေ ပိုပြီးဖြစ်စေပါသည်။ အားတက်စရာ အချက်တစ်ခုကတော့ ကြာကြာထိုင်သော အမျိုးသမီးများ ဖြစ်သော်လည်း ကိုယ်လက် လှုပ်ရှားမှုကို တစ်နေ့ နာရီဝက်ခန့် လုပ်မည်ဆိုပါက တီလိုမီယားတွေ အတိုမမြန်တော့ပါဘူး။ ဤမျှဆိုလျှင် ပျိုမေတို့ ငယ်ရွယ်စဉ် ကတည်းက ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်မယ်ဆိုရင် အစဉ်အမြဲ နုပျိုနေစေမှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ပါသည်။ ထို့ကြောင့် ပျိုမေတို့ အစဉ်နုပျို စေလိုပါလျှင် လုပ်ငန်းခွင်တွင် ထိုင်၍ အလုပ်လုပ်ကြသူများ အနေဖြင့် မကြာခဏ လမ်းထလျှောက်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု
 ပြုလုပ်ခြင်းများ လုပ်ဆောင်ကြပါရန် တိုက်တွန်းရေးသား လိုက်ပါသည်။ 

 +မြ၀တီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)