ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 4, 2017

+မဲဆောက်အချုပ်ခန်းတွင် ထိန်းသိမ်းခံရသော နေရပ်ပြန် မြန်မာအလုပ်သမား ၅၄ ဦး ပြန်လည် လွတ်မြောက်+

>
(ဧပြီ ၄ ရက်။ ၂၀၁၇ ခုနှစ်။ စောသိန်းမြင့်-ကရင်သတင်းစဉ်KIC)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရဲအချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသော ဘန်ကောက်မှ နေရပ်ပြန်
 မြန်မာရွှေ့ ပြောင်း အလုပ်သမား ၅၄ ဦးအား မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ နှစ် နိုင်ငံ တာဝန်ရှိသူများ၏ ညှိနှိုင်းဆောင်ရွက်မှုအရ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်သွားပြီဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA ) ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

 ဧပြီ ၁ ရက်နှင့်၂ ရက်နေ့တို့တွင် ၎င်းနေရပ်ပြန်မည့် မြန်မာအလုပ်သမား အုပ်စု ၂ စု၊ စုစုပေါင်း ၅၄ ဦးသည် ထိုင်းနိုင်ငံ အစိုးရမှ သတ်မှတ်ထားသည့် သင်္ကြန်ကာလ အိမ်ပြန်ရက် အချိန်မတိုင်မီ ပြန်လာမှုနှင့် စာရွက်စာ တမ်း အထောက်အထားအစုံအလင် မပါဝင်မှုတို့ကြောင့် တာ့ခ်ရှိ ဝေးလယားအု စစ်ဆေးရေးဂိတ်တွင် ဖမ်း ဆီးခံရကာ မဲဆောက် ရဲအချုပ်ခန်း၌ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်တို့၏ ကွပ်ကဲမှုဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အရ ယခုလို လွတ်မြောက်လာ ခြင်း ဖြစ်သည်။ ၎င်းအလုပ်သမားများ လွတ်မြောက်ရေးကို ပါဝင်ကူညီပေးခဲ့သူ JACBA ဥက္ကဌ ဦးမိုးကြိုးက “တကယ်ဆို ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ၄၈ ရက်ချမှတ်နိုင်တယ်။ မြန်မာနိုင်ငံ အစိုးရရဲ့ ကိုယ်စား မြန်မာနိုင်ငံ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့အင်အား ၀န်ကြီးဌာန တာဝန်ခံတယ်။ ထိုင်းအစိုးရဘက်ကတော့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ခံတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး
 အစီအစဉ်အရ ၃ ညအိပ်၊ ၄ရက်ထက် မပိုတဲ့ ပြစ်ဒဏ်ရယ်၊ ငွေဒဏ် တစ်ထောင့်ငါးရာရယ် ပြီးစီးသွားတာပေါ့။”ဟု ကေအိုင်စီ သို့ ပြောသည်။ 

ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယခင်နှစ်က မိမိဆန္ဒအလျောက် ပြန်၍ ရသော်လည်း ယခုနှစ် သင်္ကြန်ကာလ အိမ်ပြန်ရက်ကို ဧပြီ ၅ ရက်မှ ၃၀ ရက်အတိအကျ သတ်မှတ်ထားခြင်းကို အထူးသတိ ပြုစေလိုကြောင်း၊ နေရပ်ပြန်ရာတွင် လိုအပ်သည့် အထောက်အထား အစုံအလင်ပါရှိရန်လိုအပ်ပြီး မိမိ ထွက်ခွါသည့် လမ်းကြောင်းအတိုင်းသာ ဧပြီလ ၃၀ရက်နေ့တွင် အချိန်မီ လုပ်ငန်းခွင်ဆီ ပြန်ဝင်လာရန် လိုအပ်ကြောင်းနှင့် သတ်မှတ်ရက် ကျော်လွန်ပါက မိမိ လက်ဝယ်ရှိ အထောက်အထား ယာယီပတ်စ်ပို့များ ပယ်ဖျက်ခံရနိုင်သည်ဟု ဦးမိုးကြိုးက ဖြည့်စွက်ပြောဆိုသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမား ပတ်စ်ပို့ (VISA NON-LA) နှင့် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် နှစ်သစ်ကူးသင်္ကြန်ကာလ နေရပ်ပြန်ရာတွင် ဗီဇာဆိုင်ရာ အထွေထွေကုန်ကျစရိတ် ကင်းလွတ်ခွင့်နှင့် အဖမ်းအဆီးမရှိဘဲ နေရပ်ပြန်နိုင်ကြောင်း မတ် ၁၄ နေ့တွင် ထိုင်းအစိုးရက အထူးကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၄ ဦးမှာ ပထမဆုံးအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။ ယခင်နှစ်၂၀၁၆ ခုနှစ်က ထိုင်းအစိုးရသည် သင်္ကြန်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်ခွင့် ကို ၁၀ ရက်သာ သတ်မှတ်ထားသော်လည်း ယခု ၂၀၁၇ ခုနှစ်တွင်မူ ၂၅ ရက်နေ့ အထိ တိုးမြှင့် သတ်မှတ်ပေး ထားသည်။ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁,၇၉ ၅,၀ ၆၆ဦး ရှိသည်ဟု ထိုင်းနိုင်ငံ အလုပ်သမား ရှာဖွေရေးရုံး၏ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)