ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 10, 2017

**နှစ်သစ်မှာ စိတ်ဓာတ်ဟောင်းတွေ ပြောင်းဖို့ လိုပြီ**

>
ခြစ်ခြစ်တောက် နွေအပူ ဒဏ်ကို မကြောက်တဲ့ပိတောက်လို
 ရဲရဲတောက်ပွင့် ဘ၀ သမားတယောက် ရဲ့
 ရည်ရွယ်ချက်တွေ ပြည့်ဝလိမ့်မယ်..။

 ခေတ်ဆိုးကြီးက မပြောင်းလဲတော့
အပ်ကြောင်းထပ်နေတဲ့ စကားလုံး အဟောင်းတွေကို ပေါင်းတင်ရင်း
 ကောင်းကောင်း ဖောက်ပြန်နေတဲ့ မျက်နှာ ကို ပစ်ပေါက်
 အလင်းကြောက်သူတွေ ပြတင်းတခါးပေါက်များ ပိတ်ထားကြတယ်..။

  အဝေးကြီးကို ငေးကြည့်နေလို့ အနီးအနားကို မမြင်ခဲ့မိဘူး
 ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ်တဲ့ ဘာသာရေး စိန်ခေါ်မှုတွေနဲ့ 
ရင်ဆိုင်နေရတဲ့ ယဉ်ကျေးမှု ဆွေးနွေး စေ့စပ်ညှိုနှိုင်းနေရတဲ့ အနာဂတ် မြစ်တစင်း
 တောင်တန်းတွေ ရေတံခွန်လို မျက်ရည်ကျနေကြောင်း
 တနှစ်မှ တခေါက်ရောက်ပေမဲ့ ပိတောက်က ကောင်းကောင်းသိနေတယ်..။ 

အလင်းသစ်ကို မဖမ်းဆုပ်နိုင်သေးတော့ ရင်ထဲမှာ ကြေကွဲခြင်းကို ထိန်းချုပ်
 နှလုံးသားမှာ ယုံကြည်ချက်ကို မြှုပ်နှံ တောင်ပံဖြတ်ခံထားရတဲ့ ငှက်တကောင်လို
 အိမ်မပြန်ဖြစ်တဲ့ ကောင်းကင်ကို ရင်နာနာနဲ့ မော့ကြည့်ခဲ့ဘူးတယ်..။

 ရပ်တန့် ရန် မဖြစ်နိုင်သေးတဲ့ ခေတ် လှိုင်းတံပိုး အောက်မှာ
 စက္ကန့် တန်တွေ ထမ်းပိုးထားတဲ့ နာရီလက်တံလို မမောပမ်းနိုင်ခဲ့ 
သံတမန် ဆန်ဆန် အတွေးအခေါ်များ အရိုင်းဆန်ဆဲ 
မနက်ဖြန်တွေထဲ ခြေလှမ်းတိုးဝင် ငိုကြွေးသံတွေ 
အဝေးက သဲ့သဲ့ကြားနေရ 
သံသရာမှာ ကံကြမ္မာရဲ့ မျက်နှာ ဘယ်လောက်မဲ့နိုင်မလဲ..။ 

 ဘ၀ ခရီးသွား တယောက်လို အတွေ့ အကြုံ မှတ်တိုင်များ စိုက်ထူရင်း
 ယုံကြည်ရာကို တလမ်းထဲ လျှောက်လှမ်းစဉ် 
လွဲမှားတဲ့ နေ့ ရက်များနဲ့ ထိပ်တိုက်တွေ့ 
 မျှော်လင့်ချက်များ ငါတို့ ကို ကွေ့ ရှောင်သွားကြတယ်..။ 

အမုန်းများနဲ့ စစ်ပွဲများ မရှိတဲ့ အခါ 
အချစ်နဲ့ နေ့ သစ်များ ပြတင်းပေါက်က ၀င်ရောက်
 ကလေး တယောက်လို ပျော်ရွှင်ခြင်းများ ဧည့်ခန်းထဲ ငုတ်တုတ်ထိုင် 
အနာဂတ် ကြယ်ပွင့် လင်းလက်မှုတွေ ခံစားရင်း 
အမေတွေ မျက်ရည်ကို အဖော်လုပ်စရာ မလိုတော့ဘူး..။ 

ကမ္ဘာသစ်ကြီးထဲ အတွေးအခေါ်မပါ ရန်ဖြစ် 
ဦးနှောက် ဗလာနဲ့ ကျန်ရစ် အတွေးအခေါ်တွေ ဦးနှောက်ထဲ ကျပျောက်ခဲ့ဘူးတယ်..။

 အတ္တကို ပုံကြည်ချဲ့  အမုန်းပွားနေလို့ အညတရ ဘ၀တွေ ဆုံးပါးခဲ့
 အစဉ်ထာဝရ မတည်မြဲကြောင်း သင်္ခါတရားက သက်သေ ပြလိမ့်မယ်..။

 ပြင်မရတဲ့ စိတ်ဓာတ်တွေ မပြောင်းလို့ 
 မမြင်ရတဲ့ အတိတ်ဟာ မကောင်းခဲ့ဘူး..
 နှစ်သစ်မှာ စိတ်ဓာတ်ဟောင်းတွေ ပြောင်းဖို့ လိုပြီ..။

 .................................................... 

 ( နှစ်သစ်သင်္ကြန် အခါသမယမှာ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ ) 

+အောင်ခိုင်မြင့်+ 

 ၁၀ ဧပြီလ ၂၀၁၇

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)