ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 24, 2017

=လူထုကျန်းမာရေး(အိပ်ရေးမဝရင်ဘာတွေဖြစ်လာနိုင်လဲ)=

>
+Public Health+ 
*အိပ်စက်ခြင်း*
အိပ်စက်ခြင်းသည် သတ္တ၀ါတိုင်းအတွက် အရေးကြီးလှပါတယ်။ တစ်နေ့မှာ
 လင်းနို့ဟာ ၁၉.၉နာရီ၊ ခြင်္သေ့ဟာ ၁၃.၅နာရီ၊ ကြောင်ဟာ ၁၂.၅နာရီ၊
 ခွေးဟာ ၁၀.၁နာရီ၊ ယုန်ဟာ ၈.၄နာရီ၊ နွားဟာ ၄နာရီနှင့် မြင်းဟာ
၂.၉နာရီ အသီးသီးအိပ်စက်ကြပါတယ်။ တစ်နေ့ ၂၄နာရီတွင် ၈နာရီ အိပ်စက်
ကုန်ဆုံးစေခြင်းဖြင့် အိပ်စက်ခြင်းသည် လူတစ်ယောက်၏ ဘ၀တွင်
အရေးကြီးကြောင်း သိနိုင်ပါတယ်။ ယနေ့ခေတ် လူငယ်တွေဟာ သန်းခေါင်ညဥ့်နက်
တိုင်အောင် ရည်းစားနှင့်ဖုန်းပြောခြင်း၊ Chatting ထိုင်ခြင်း၊မူးယစ်သောက်စားခြင်း
အစရှိသဖြင့် အိပ်စက်ခြင်းကို အရေးမပေးကြောင်း
သိရှိရပါတယ်။ ထို့ကြောင့် အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော
အကျိုးဆက် (၁၀) မျိုးကို ဆင်ခြင်ဖွယ် ဖော်ပြလိုက်ရပါတယ်။

၁။ အိပ်ရေးမဝခြင်းသည် မတော်တဆမှုများကို ဖြစ်စေပါတယ်။

 သမိုင်းမှာ အိပ်ရေးမဝခြင်းကြောင့် မတော်တဆမှုများစွာ ဖြစ်ပွားခဲ့ပါတယ်။
 ၁၉၇၉ခုနှစ်မှာ အမေရိကန် Three Mile Island မှာ ဖြစ်ပွားခဲ့တဲ့ နယူးကလီးယား
ယိုစိမ့်မှု၊၁၉၈၉ခုနှစ် မတ်လ ၂၄မှာ ဖြစ်ပွားခဲ့တဲ့ Exxon Valdez ဓာတ်ငွေ့လှောင်ကန်
 ယိုစိမ့်မှုနှင့် ယူကရိန်းနိုင်ငံ Chernobyl နယူးကလီးယား ယို့စိမ့်မှု ဖြစ်ရပ်တွေဟာ
အိပ်ရေးမ၀ခြင်းကြောင့် မတော်တဆဖြစ်ရပ်တွေဖြစ်ပါတယ်။ အိပ်ရေးမဝခြင်း
ဟာလည်း ယာဉ်မတော်တဆမှုတွေ ဖြစ်ရတဲ့အဓိကအကြောင်းရင်း ဖြစ်ပါတယ်။
 အိပ်ရေးမဝခြင်းကြောင့် ယာဉ်မတော်တဆမှုတွေဟာ အရက်သေစာမူးယစ်ပြီး
ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေနှင့် ဆတူခန့်ပင်ရှိပါတယ်။ အမျိုးသားယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိန်းရေး အဖွဲ့အစည်းက
တစ်နှစ်လျှင် အိပ်ရေးမဝမှုကြောင့် ယာဉ်မတော်တဆမှုများ အကြိမ်ရေ
၁သိန်း (၁ဝဝ,ဝဝဝ) ခန့်ဖြစ်ပွားခဲ့ပြီး နှစ်စဉ် လူ ၁,၅၅၀ ခန့် အသက်ဆုံးရှူံးရပါတယ်။ အိပ်ရေးမဝမှုပြဿနာဟာ အသက် ၂၅နှစ်အောက် လူငယ်တွေ အဓိကရင်ဆိုင်နေတဲ့
 ပြဿနာတစ်ခုပါ။ အိပ်ရေးမဝခြင်းဟာ လုပ်ငန်းခွင်မှာလည်း မတော်တဆမှုများစွာကို ဖြစ်ပေါ်စေပါတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

 ၂။ အိပ်ရေးမ၀ခြင်းဟာ ဆုံးဖြတ်ချက် မှားယွင်းနိုင်ပါတယ်။

အိပ်စက်ခြင်းသည် တွေးခေါ်ခြင်း၊ သင်ယူခြင်းကိစ္စတွေမှာ အရေးကြီးတဲ့ ကဏ္ဍမှာ
ပါဝင်တာကြောင့် အိပ်ရေးမဝခြင်းဟာ လေးလံထိုင်းမှိုင်းစေပါတယ်။ အိပ်ရေးမဝတဲ့
အတွက် တွေးခေါ်ခြင်း၊ အာရုံစိုက်ခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းရည်တွေကို
 ကျဆင်းစေပါတယ်။ အိပ်ရေးမဝတာကြောင့် လုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်မှားယွင်းပြီး အလွဲများစွာ ဖြစ်စေပါတယ်။ လုပ်သမျှအလွဲဖြစ်ကုန်ပြီး
 နောက်ဆုံးတွင် “အလွဲမောင်မောင်” ဖြစ်လာပါလိမ့်မယ်။

၃။ အိပ်ရေးမဝခြင်းဟာ ရောဂါပေါင်းစုံဖြစ်ပွားစေပါတယ်။

အိပ်ရေးမဝခြင်းဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊နှလုံးခုန်ရပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊သွေးဖိအားမြင့်ခြင်း၊ဆီးချိုရောဂါ စတဲ့ ရောဂါပေါင်းစုံကို
 ဖြစ်ပွားစေပါတယ်။ ညအိပ်မပျော်ရောဂါရှိသူ ၉၀ရာခိုင်နှုန်းဟာ အနာရောဂါ
ချူချာကြပါတယ်လို့ လေ့လာမှုများစွာအရ သိရပါတယ်။

၎။ အိပ်ရေးမဝခြင်းဟာ လိင်စိတ်ကို လျှော့ နည်းစေပါတယ်။

အိပ်စက်ခြင်းလေ့လာမှုကျွမ်းကျင်ပညာရှင်တွေက အိပ်ရေးမဝတဲ့
အမျိုးသား၊အမျိုးသမီးတွေဟာ လိင်စိတ်လျှော့ ကျလာပါတယ်လို့ ဆိုပါတယ်။
အကြောင်းကတော့ အားအင်လျှော့ နည်းလာမှု အိပ်ရေးမ၀မှု ၊ စိတ်ဖိအားများလာမှု
တို့ဟာ လိင်စိတ်လျှောနည်းဖို့ အဓိကအကြောင်းအရာတွေပါ။ အိပ်ရေးမဝတဲ့
အမျိုးသားအများစုဟာ လိင်ဟောမုန်း (Testosterone) လျှောနည်းလာပါတယ်လို့
၂၀၁၂ခုနှစ်တွင် Clinical Endocrinology & Metabolism ဂျာနယ်မှာ ဖော်ပြထားပါတယ်။

၅။ အိပ်ရေးမ၀ခြင်းဟာ စိတ်ကျဝေဒနာ ခံစားရနိုင်ပါတယ်။

 စိတ်ဓာတ်ကျဆင်းနေတဲ့လူတွေ၊ စိတ်နှလုံးပူပန်နေတဲ့လူတွေဟာ တစ်နေ့ကို
 အိပ်စက်ချိန် ၆နာရီအောက်ပင် ရှိတယ်ဆိုတာ အမေရိကန်နိုင်ငံမှာ ၂၀၀၅ခုနှစ်တွင်
 ပြုလုပ်သော လေ့လာမှုအရ သိရပါတယ်။ အိပ်မပျော်ရောဂါရှိသူတွေဟာ
 စိတ်ကျဝေဒနာဖြစ်တန်စွမ်း သာမန်လူတွေထက် ၅ဆပိုတယ်ဆိုတာ
လူ ၁၀,၀၀၀ ကို စမ်းသပ်ပြီး သုတေသနအရ သိရပါတယ်။

  ၆။ အိပ်ရေးမ၀ခြင်းဟာ ရင့်ရော်စေပါတယ်။ 

လူတွေဟာ အိပ်ရေးမဝတာနဲ့ အသားအရေတွေ ၀င်းဝါပြီး ၊မျက်ခွံတွေ
 အစ်လာပါတယ်။အသားအရေ ရွတ်တွလာပြီး မျက်ကွင်းများလည်း ညိုလာပါတယ်။ အိပ်ချိန်မလုံလောက်တဲ့အခါ ခန္ဒာကိုယ်ဟာ Stress ဟောမုန်းများကို ဖြစ်စေပြီး 
အသားအရေကို ရင့်ရော်စေပါတယ်။ “နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေတုန်းမှာ 
သင့်ခန္ဒာကိုယ်မှာ တစ်ရှူး (ဆဲလ်) အဟောင်းတွေ ဖယ်ရှားပြီး ဆဲလ်အသစ်တွေ
 အစားထိုးရပါတယ်။ အိပ်ချိန်နည်းလာတာနဲ့ လူက ရင့်ရော်လာတာပဲ” လို့ 
အိပ်စက်ရေးရာလေ့လာသူ ဒေါက်တာ ဖီးလ် ဂတ်မန်း (Dr. Phil Gehrman) က ဆိုပါတယ်။

 ၇။ အိပ်ရေးမဝခြင်းဟာ မှတ်ဥာဏ်ကို အားနည်းစေတယ်။ (မေ့လွယ်တယ်) 

၂၀၀၉ခုနှစ်တွင် ပြင်သစ်နှင့်အမေရိကန် သုတေသနပညာရှင်တွေဟာ 
မှတ်ဥာဏ်ထိန်းသိမ်းမှုမှာ အဓိကတာဝန်ယူထားတဲ့ ဦးနှောက်လှိုင်းတွေရဲ့ 
လုပ်ဆောင်ပုံကို အသေးစိတ်လေ့လာခဲ့ပါတယ်။ ဦးနှောက်လှိုင်းတွေဟာ
 ဦးနှောက်ဘေးဘက်ကြမ်းပြင်ရဲ့ အလယ်ပိုင်းအဖု (Hippocampus) ဆီမှ 
မှတ်ဥာဏ်သိုလှောင်ရုံ (Neocortex) ဆီသို့ မှတ်ဥာဏ်ကူပြောင်းခြင်းဟာ
 နှစ်ချိုက်စွာ အိပ်မောကျနေတဲ့ ညအခါမှာ အများဆုံးဖြစ်တာကြောင့် 
အိပ်ရေးမ၀သူတွေဟာ မှတ်ဥာဏ်မကောင်းတော့ဘဲ မေ့လျှော့ တတ်ပါတယ်။

 ၈။ အိပ်ရေးမ၀ခြင်းဟာ အ၀လွန်ခြင်းကို ဖြစ်ပေါ်စေတယ်။

အိပ်ရေးမ၀ခြင်းဟာ ဆာလောင်မှုကို လွန်စွာဖြစ်စေပြီး အဝလွန်ခြင်းကို
 ဖြစ်စေပါတယ်။ အိပ်ချိန် ၆နာရီအောက်လျှော့ နည်းတဲ့သူတွေက အိပ်ချိန် 
၇နာရီမှ၉နာရီ အတွင်းအိပ်စက်တဲ့သာမန်လူတွေထက် အ၀လွန်ရောဂါဖြစ်ဖို့
 ၃၀ရာခိုင်နှုန်းပိုတယ်ဆိုတာ ၂၀၀၄ခုနှစ်မှာ ပြုလုပ်သော သုတေသနတစ်ရပ်
အရ သိရပါတယ်။ ၉။ အိပ်ရေးမ၀ခြင်းဟာ သေဆုံးနိုင်ပါတယ်။ ဆယ်စုနှစ် ၂ခု
အတွင်းမှာ အိပ်စက်ခြင်းပုံစံမကျမှုကြောင့် ဗြိတိသျှအစိုးရ၀န်ထမ်း ၁၀,၀၀၀ ခန့်
 သေဆုံးရတယ်ဆိုတာ သုတေသနပညာရှင်တွေ သိရှိရပါတယ်။ တစ်နေ့တွင် 
၅နာရီမှ ၇နာရီအထိ အိပ်စက်တဲ့သူများဟာ သာမန်လူတွေထက် သေဆုံးမှု 
၂ဆပိုများတာကို ၂၀၀၇ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။ အိပ်ရေးမ၀ခြင်းဟာ
 နှလုံးရောဂါဖြစ်တန်းစွမ်း ၂ဆပိုပါတယ်။ 

၁၀။ အိပ်ရေးမ၀ခြင်းဟာ စီမံခန့်ခွဲမှု မှားယွင်းနိုင်ပါတယ်။ 

အိပ်ရေးမ၀ခြင်းဟာ ကျနော်တို့ လုပ်ငန်းခွင်မှာ ဆုံးဖြတ်ချက်ချရမယ့်
 ကိစ္စတွေမှာ အဓိပ္ပာယ်ကောက်လွဲမှားနိုင်ပါတယ်။ အိပ်ရေးမ၀ခြင်းကြောင့် စိတ်ဆိုမှု၊ခေါင်းရှူပ်မှုများစွာတို့ကြောင့် လုပ်ငန်းခွင်မှာ များစွာထိခိုက်နိုင်ပါတယ်။

 by ကျော်စိုးအောင် (အခရာ) 

လွင်ပြင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)