ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 9, 2017

=လူထုကျန်းမာရေး (ဆေးဖက်ဝင် ငါးပိရည် ဖျော်နည်း)=

>
+Public Health+ 
ကျွန်မတို့နေ့စဉ် ထမင်း မြိန်စေတဲ့ ငါးပိရည် ဟာ စားလို့တော့ ကောင်းပါရဲ့။
 ငါးပိရည် ဘယ်လို ဖြစ်လာတာကို သိသူ နည်းပါးပါလိမ့်မယ်။ ဒါကြောင့်
 ဆေးဖက်ဝင် ငါးပိရည် ဖျော်နည်း အကြောင်း မပြောခင် ဦးစွာပထမ
ငါးပိလုပ် နည်းကို ပြောပြချင် ပါတယ်။ ငါးပိ တစ်ပိဿာ အတွက်
 ငါးတစ်ပိဿာ နှစ်ဆယ့်ငါး ကျပ်သားလောက် ဝယ်ရပါမယ်။
ငါးပြေမကတော့ ပြောစမှတ် ဖြစ်ရအောင် အချိုဓာတ် လေးလေးပင်ပင်
 ရှိလှပါတယ်။ ဈေးမှာ လွယ်လွယ်ဝယ်လို့ ရတဲ့ ငါးရံ့၊ ငါးခူ၊ ငါးကျည်း၊
ငါးမြွေထိုး စတဲ့ ရေချိုငါးတို့ကိုလည်း သုံးနိုင်ပါတယ်။ ဦးစွာ ငါး တွေကို
ဗိုက်ခွဲအူထုတ်ပြီး ရေေ ပြောင်အောင် ဆေးပေးပါ။ ငါး တစ်ကောင်ချင်း စီကို
 တစ်ထွာလောက် ထက်ပို၍ မကြီးသင့်ပါဘူး။ ငါး အကောင် ကြီးရင်တော့
ထက်ခြမ်းခွဲသင့် ပါတယ်။ ဒါမှသာ ပထမနေ့မှာပဲ အတော်အသင့် အစိုဓာတ်
 နည်းသွားမှာပါ။ ဆားနယ်တဲ့ အခါမှာ ပုံမှန် ဟင်းချက်တာထက် ပိုပြီး နယ်ရမှာပါ။

သို့သော် ဆား ထည့်များရင် ငန်လွန်းနေပြီး ဆားနည်းရင်တော့ ငါးတွေ
ပုပ်တတ်ပါတယ်။ သဘာဝနည်း ဖြစ်လို့ အချို့မှုန့်နဲ့ ယမ်းစိမ်း လုံးဝထည့်စရာ
မလိုပါ။ (သတိပြုရန်။ ငါးနေလှန်းတဲ့ အခါ ယင်ကောင်များ နားပါက ဥချခဲ့ရင်
ငါးပိထဲမှာ လောက်ကောင်များ တွေ့ရတတ်လို့ ယင်မနား ပါစေနှင့်)
ငါးခြောက်ဖြစ်တဲ့ အထိ နေမလှန်းဘဲ အစိုဓာတ် ထက်ဝက်လောက်
 လျှော့ ကျသွားချိန်မှာ ငရုတ်ဆုံထဲ ထည့်ပြီး ထောင်းပေးပါ။ သို့သော် အထူး
ညက်စရာ မလိုပါ။ ငါးပုံပျက်ပြီး အနည်းငယ် ပဲ့ရွဲ့၍ ဖိသိပ်ထည့်လို့ ရတဲ့
အနေအထားထိ ပျော့ပျောင်း လာရင်တော့ ပလတ်စတစ်ဘူး၊ ဖန်ဘူးများထဲ
သိပ်ထည့်ထားပါ။ ပြီးရင် အပေါ်မှ ဆားများကို ဖြူး၍ (အနည်းဆုံး လက်တစ်ဆုပ်ခန့်)
 အဖုံးကို လုံအောင် ပိတ်ထားလိုက်ရုံ ပါပဲ။ အခုလို သဘာဝနည်းဖြင့် ငါးငါးပိ
လုပ်နည်းက ငါးကလေးဆိုရင် နှစ်လခွဲခန့် ကြာမှဖြစ်ပြီး ငါးကြီးဆိုလျှင် သုံးလခွဲခန့်
 ကြာနိုင်ပါတယ်။ ငါးပိ နပ်လို့ အိုးစဖွင့်တယ် ဆိုရင်ပဲ ငါးပိ အိုးတက်ရည် များက
တွ့ရပါလိမ့်မယ်။ အဲဒီ အိုးတက်ရည် တွေဟာ သဘာဝ ငါးပိမှထွက်တဲ့
 ငံပြာရည်များ ဖြစ်လို့ ဘေးအန္တရာယ် ကင်းစွာ အသုံးပြု နိုင်ပါတယ်။ ဒီအတိုင်းသုံးရင် 
အနံ့အသက် မကောင်းတဲ့ အတွက် အိုးထဲမှ ငံပြာရည် (အိုးတက်ရည်) များကို 
ခပ်ယူပြီး ပွက်ပွက်ဆူအောင် ကျိုချက်ထား ရပါမယ်။ ငံပြာရည် အချိုကြိုက် ရင်တော့
 သကြား ထည့်ပေးနိုင် ပါတယ်။ ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာ သိမ်းပြီး 
သဘာဝ ငါးငံပြာရည် စစ်စစ်အဖြစ် လိုသလို အသုံးပြု နိုင်ပါတယ်။ ဒါဆိုရင်ဖြင့် 
အိမ်ရှင်မများ မိမိအိမ်မှာ ငါးငါးပိ လုပ်ရင်း ငါးငံပြာရည် စစ်စစ်ကိုပါ သုံးစွဲလို့ရပါပြီ။ 

*ဆေးဖက်ဝင်ငါးပိရည်ဖျော်နည်း (2)*

 ငါးပိ ဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာ အူတွေထုတ်ပြီး ဆား (အငန်ဓာတ်တွေ) နဲ့ 
အပုပ်ခံ လုပ်ထားတာ မို့လည်း ငါးပိရည်က စားလို့တော့ ကောင်းပါရဲ့ အငန်ဓာတ်
 ကဲနေပါတယ်။ ဒါကြောင့်လည်း သွေးတိုးရောဂါ သည်များနှင့် ဝက်ခြံပေါက်
 သူများက ထမင်းဝိုင်းမှာ ငါးပိရည် ရနံ့မွှေးမွှေး လေးကို စိတ်ရှိတိုင်း မစားရဲကြပါဘူး။
 သို့သော် အထက်မှာ ဖော်ပြထားသလို သဘာဝနည်းနဲ့ ပြုလုပ်ဖော်စပ် ထားတဲ့ ငါးပိရည်ကို ဆေးဖက်ဝင်အောင် ဖျော်၍ သင့်တင့်တဲ့ ပမာဏ စားခြင်းသည် လူကို ဘေးထွက်
ဆိုးကျိုးမဖြစ်စေပါဘူး။ငါးပိ ထဲမှာ ရေငွေ့ဓာတ်၊ ထုံးဓာတ်နှင့် အသားဓာတ် တို့ ပါရှိနေပါတယ်။ 
ဦးစွာ ငါးပိရည်ကျိုတဲ့ အခါမှာ နနွင်း (ဆနွင်း)မှုန့်ကို ထည့်၍ ကျိုပေးရမှာပါ။ 
ဘာကြောင့်လဲ ဆိုရင် နနွင်းမှုန့်ကအညှီအဟောက် များကို လွန်စွာ ပြေပျောက်စေ
တဲ့ အပြင် အရောင်လှရုံ သာမက ငါးပိရည်၏ အနံ့နှင့် အရသာကိုပါ ပိုကောင်းစေနိုင်
 လို့ပါပဲ။ နနွင်း နှင့်ရောကျိုပြီး ပွက်ပွက်ဆူ လာတဲ့အခါ အိုးပေါ်မှချ၍ ထောင်းထားတဲ့
 ကြက်သွန်ဖြူ နိုင်နိုင် ထည့်ပေးလိုက် ခြင်းဖြင့် စားချင်စဖွယ် ဆေးဖက်ဝင် 
ငါးပိဖျော်ရည် ရပါပြီ။ အစပ်ကြိုက် သူများက ငရုတ်သီးစိမ်း ကို လှော်၍
 ထောင်းထည့် စားနိုင်ပါတယ်။ ငရုတ်သီးစိမ်း လှော်က ငါးပိရည်ရနံ့ကို ပို၍
 ဆွဲဆောင်မှု ဖြစ်စေရုံ သာမက ငရုတ်သီးစိမ်း စားလို့ ဗိုက်နာခြင်း မှလည်း
 ကြိုတင် ကာကွယ်ရာ ရောက်ပါတယ်။ (ငရုတ်သီး အကျက်မှုန့်ကိုမှ ကြိုက်သူ
 များကလည်း မိမိအလိုရှိသလို ထည့်လို့ရပါတယ်) ဆေးဖက်ဝင် ငါးပိရည်ဖျော် 
အတွက် အချိုမှုန့် မထည့်သင့် ပါဘူး။ အချိုမှုန့် အစား ပုစွန်ခြောက်မှုန့် 
အနည်းငယ် ထည့်ပေး နိုင်ပါတယ်။ သို့မဟုတ် မိမိ အဆင်ပြေရာ ပြုတ်ထား
သော ငါးကျည်း၊ ငါးကြင်း၊ ငါးမြစ်ချင်း အသား အနည်းငယ်ကို အရိုးနွှင်၍ 
ငါးပိရည်ထဲ ခတ်ပေးနိုင်ပါတယ်။ ထမင်းဝိုင်း ပြင်ခါနီးမှာ ငါးပိရည်ခွက် ထဲကို 
သံပရာရည် ညှစ်ထည့်ပေး လိုက်ပါဦး၊ သံပရာရည်က သွေးတိုးကို ထိန်းပေးနိုင်
သလို မြန်မာ့အကြိုက် ချဉ်၊ ငန်၊ စပ် အရသာ ပြီးပြည့်စုံတဲ့ ငါးပိရည် တစ်ခွက်
ရပါပြီ။ အတို့အမြှုပ်အဖြစ် မန်ကျည်းသီးဖြင့် ပြုတ်ထားသော ကန်စွန်းရိုးနီ၊ 
ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွားသီး၊ ဖရဲသီးငယ် သို့မဟုတ် ဘူးသီးပြုတ်၊ ခရမ်းကြွပ်သီး၊
 ပူဒီနာရွက်၊ မုန်လာဥနီ၊ ချဉ်ဖတ် အမျိုးမျိုး၊ ရေနွေးဖြော ထားတဲ့ပဲစောင်းလျားသီး၊
 ဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ကနဖော့၊ မှိုနားတို၊ စာကလေး ခြေတောက်၊ ပဲပုစွန် စတဲ့ 
သဘာဝ ဟင်းသီးဟင်းရွက် များကို ငါးပိရည်ဖြင့် တွဲဖက် စားခြင်းဖြင့် ခံတွင်းလိုက်
 စေသလို ဆေးဖက်လည်း ဝင်စေမှာ အမှန်ပါ။ 

 ပေါက်ပေါက် 

Credit : DATA Doctor

 လွင်ပြင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)