Friday, May 20, 2011

" မင်း " အတွက် လက်ဆောင်


**အ၀တ်ဟောင်းကို ချွတ်ချ

အ၀တ်သစ်တွေ ၀တ်ပြ

ခန္ဓာကိုယ်ကို ပေါင်းတင်

မျက်နှာကို ရွှေချရုံနဲ့တော့

မင်းပိုလှလာမှာ မဟုတ်ဘူး ကွာ.. ။



**စိတ်ဓါတ်က တည်ကြည်

အကြံဥာဏ်က လေးနက်

ဖြောင့်မတ်တဲ့ လုပ်ဆောင်ချက်နဲ့

အများအကျိုး အတွက်

မင်းတကယ် ပေးဆပ်ခဲ့ရင်

ဒါတွေ မလိုပါဘူးကွာ….. ။



**အများအမြင်မှာ ရှုချင်စဖွယ်ဖြစ်အောင်

ဖီးလိမ်းလို့ ချယ်သထားပေမယ့်

မင်းရင်ထဲက အကျင့်ဆိုးတွေ

မပြင်သမျှတော့ မင်းရဲ့ အလှကို

ငါခံစားလို့ မရသေးဘူး………..။



**ရာထူးနဲ့ဂုဏ်အရှိန်ဝါကြောင့်

မင်းကိုလူတွေက ကြောက်လန့်

မင်းလုပ်သမျှ ခေါင်းငြိမ့်ပြနေတာ

အဟုတ်မှတ် စင်ပေါ်ကိုတက်ကဖို့

ကြိုးစားနေတဲ့ မင်းလုပ်ရပ်ကို

ပညာရှင်တွေက ဟားတိုက်လို့

ရီမောနေကြတယ်………။



**စေတနာနဲ့ လမ်းညွှန်ပြရင်

လက်မခံ ဒေါသသံနဲ့

ငြင်းဆန်ပြတဲ့ မင်းရဲ့

သေးနုပ်လှတဲ့ အသိဥာဏ်မှာ

ဗြမ္ဗာစိုလ် တရားဆိုတာ ခမ်းခြောက်

အတ္တရဲ့ အကျဉ်းသား အဖြစ်

နွံနစ်နေတဲ့ မင်းဘ၀ကို

ငါသနားမိတယ်ကွာ… ။



**မင်းရဲ့လုပ်ရပ် ငါသုံးသပ်ပြမယ်

လက်ခံနိုင်မလား သူငယ်ချင်း

လူတချို့က မင်းကြောင့် ဘ၀တွေကြွေမွခဲ့ရတယ်

လူတချို့က မင်းကြောင့် နှစ်ပေါင်းများစွာ ဒုက္ခဆိုးတွေ ခံစားခဲ့ရတယ်

လူတချို့က မင်းကြောင့် အသိဥာဏ်တွေ ပျောက်ဆုံးပြီး

အမှားများစွာကို ထပ်တလဲလဲ ကျူးလွန်နေကြတုန်းပါဘဲ .။

တကယ်တော့ မင်းဟာ ကိုယ်ကျိုးအတ္တ အတွက်

လူပေါင်းများစွာရဲ့ဘ၀ကို ဖျက်စီးချေမှုန်းခဲ့သူပါ.

တကယ်တော့ မင်းဟာ လှပတဲ့ ပန်းပွင့်များကို

စနစ် တကျ ခြေမွဖျက်စီးခဲ့သူ ပါ… .။


**မင်းယုတ်မာခဲ့တာကို ငါသိသမျှ ကို စာစီချပြရင်တောင်

ဒီတသက်တော့ ဆုံနိုင်မှာ မဟုတ်ပါဘူးကွာ ။



**မင်းရဲ့ ယုတ်မာတဲ့ စိတ်ထားနဲ့

ကောက်ကျစ်တဲ့ ဓါတ်အခံ

ပေါင်းစပ်မှုကြောင့် ထွက်ပေါ်လာတဲ့

အကြံဥာဏ်အားလုံးဟာ

စိတ်ပျက်စရာတွေ ကောင်းလွန်းလို့

စေတနာနဲ့ အသိပေးတာကို

မကျေနပ်လို့ ဒေါသထွက်လာရင်တောင်

မျက်စိလးကို ခဏလေးပိတ်

မင်းလုပ်ခဲ့သမျှ သေချာစွာ စဉ်းစား

ငါပြောတာ အမှားပါခဲ့ရင် ငါ့လက်ကို ငါဖြတ်ပြီး

အမှန်တရားရဲ့ ယဇ်ပလ္လင်ထက်မှာ

စတေးခံလိုက်ပါ့မယ် ။


http://www.facebook.com/note.php?note_id=217108138306841


ဒီကဗျာလေးနဲ့ ပက်သက်ပြီး မိတ်ဆွေတို့ ခံစားရသမျှ ရင်ဖွင့် ပြချင်တယ် ဆိုရင် ဒီနေရာလေးမှာ

လာရောက် ပြောကြားကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။



ခင်မင်လေးစားလျှက်

**ဗမာ့သွေး**

No comments:

Post a Comment