Sunday, May 22, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….


**အာဆင်နယ်၌ ဖာဘရီဂတ်စ်ကို ဆက်လက်ရှိနေစေမည်**
(လန်ဒန်၊ မေ ၂၀)
အာဆင်နယ်ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်အား လာမည့်ဘောလုံးရာသီတွင် အသင်း၌ ဆက်လက်ရှိနေစေရန် စည်းရုံးသွားမည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက မေ ၂၀ ရက်၌ ထုတ်ဖော်ပြောကြားသည်။ အရည်အချင်းရှိသော ကွင်းလယ်ဘောလုံးသမားဖြစ်သည့် ဖာဘရီဂတ်စ်သည် အာဆင်နယ်အသင်းတွင် လိုအပ်သော ကွင်းလယ်ကစားသမားဖြစ်ကြောင်း၊ အစားထိုးရန်မလွယ်ကူသော အဓိက ကစားသမားတစ်ဦးဖြစ်ကြောင်း၊ ယင်းအချက်ကို အသင်းပိုင်ရှင်များအနေဖြင့် သတိပြုရမည်ဖြစ်ကြောင်း အာစင်ဝင်းဂါးက ဆက်လက်ပြောကြားသည်။ (အင်တာနက်)


**ဘေယန်မှ ဟာမစ်အယ်တင်တော့အား ရီးရဲခေါ်ယူမည်**
(မက်ဒရစ်၊ မေ ၂၀)
ရီးရဲမက်ဒရစ် အသင်းသည် ဘေယန်မြူးနစ်အသင်းမှ နောက်ခံကစားသမားဟာမစ်အယ်တင်တော့အား စာချုပ်ချုပ်ဆိုခေါ်ယူမည်ဖြစ်ကြောင်း ယင်းကလပ်က မေ ၂၀ ရက်၌ သတင်းထုတ်ပြန်သည်။ အသက် ၂၈ နှစ်အရွယ် တူရကီနိုင်ငံသား ဟာမစ်အယ်တင်တော့အား လေးနှစ်စာချုပ်ချုပ်ဆို ခေါ်ယူရန် နှစ်ဖက်သဘော တူညီမှု ရရှိခဲ့ပြီးဖြစ်သည်။ ရီးရဲမက်ဒရစ်သည် ပြီးခဲ့သည့်သီတင်းပတ်ကလည်း ဒေါ့မွန်ကလပ်မှ နူရီဆာဟင်အား ခေါ်ယူခဲ့ပြီးဖြစ်ရာ ယခု ဒုတိယမြောက်ခေါ်ယူသည့် ဘောလုံးသမားမှာ ဟာမစ်အယ်တင်တော့ဖြစ်လာသည်။ ရီးရဲမက်ဒရစ်နည်းပြ မော်ရင်ဟိုက ကွင်းလယ်နှင့် နောက်တန်းတွင် ဟာမစ်အယ်တင်တော့၏ ခြေစွမ်းပြ ကစားနိုင်ခြင်းကို သဘောကျပြီး ခေါ်ယူရေး ကြိုးစားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)


**အားကစားသတင်းအတိုအထွာများ**

စပါးအသင်းနည်းပြ ရက်နက်က ချယ်လ်ဆီး တိုက်စစ်မှူး ဒရော့ဘာအားခေါ်ယူရေး ကြိုးစားသွားမည်ဖြစ်ကြောင်း မေ ၂၀ ရက်၌ ထုတ်ဖော်ပြောကြားသည်။

လီဆက်စတာအသင်း ဗဟိုခံစစ်မှူး ဆိုလ်ဘမ်ဘာအား ဗီလာ၊ ဖူလ်ဟမ်၊ အဲဗာ တန်၊ မာဆေး ကလပ်များက အပြိုင်အဆိုင်ခေါ်ယူရန် ကြိုးစားနေကြောင်း လီဆက်စတာအသင်းက သတင်းထုတ်ပြန်သည်။

ဆန်းဒါးလန်းအသင်းသည် ဗီလာတိုက်စစ်မှူး ဂျွန်ကာရူးအား လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလ၌ ခေါ်ယူရန်ကြိုးစားသွာမည်ဟု ထုတ်ဖော်ပြောကြားသည်။

နယူးကာဆယ်နည်းပြ အလန်ပါဒူးက အသင်းရလဒ်ကောင်းများရရှိပြီး အောင်မြင်မှုများ ရရှိရန် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလ၌ ကစားသမားအသစ်ခြောက်ဦး ၀ယ်ယူဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မန်ယူတိုက်စစ်မှူး ရွန်နေက ချန်ပီယ့လိဂ်နောက်ဆုံးဗိုလုပွဲ၌ ဘာစီလိုနာအသင်းအားမိမိသွင်းဂိုး များဖြင့် အနိုင်ယူရန် ဆန္ဒပြင်းပြနေကြောင်းမေ ၂၀ ရက်၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)



စုစည်းဘာသာပြန်-မောင်ချစ်ကြည်

No comments:

Post a Comment