Thursday, May 26, 2011

ဒီဟာသမှာ အဆက်ရှိသေးတယ်လို့ပြောတယ် ရှိရင် ပို့ပေးပါနော်


ဒီဟာသရဲ့ အဆက် သူငယ်ချင်းတို့ဆီမှာရှိရင် ပို့ပေးပါလားနော်.....ကျေးဇူးတင်တယ်လို့ပြောပါ့မယ် .........တကယ်
--
ချစ်သူကချီးတုန်း

ကိုယ်က လှိုင်းလုံး

မြစ်ဧရာ စုန်တကြော

မျောလို့မဆုံး။





** ဘ၀ဆက်တိုင်း**

uk မှာ ဘောလုံးသမား

japan မှာ ဆာမုရိုင်း

us မှာ မာဖီးယား

korea မှာ မင်းသား

myanmar မှာ လုကြီးသား ဖြစ်ရပါလို၏ ဘုရား။။





**ချစ်သူစိမ်းလို့ တရားကိန်းတယ်**

တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ်

သားရေနယ်ကွဲ့ ရှာတုန်း

ချောင်အနီးမှာလ

မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်

မင်းလိုက်ခဲ့အုံး။


ကမ္ဘာနှစ်ခြမ်း ဗျမ်းကနဲ ကွဲသွားရင်တောင်

မင်းရှိတဲ့ ဘက်ခြမ်းမှာ ငါရှင်သန်ပါရစေ။





အာရုံမှာ လာလာစုစည်း

သူချည်းသာလော

အလွမ်းနှင့်ပါဘုရား။





**မင်းရဲ့ လူမှုဆက်ဆံနည်း**

တသွင်သွင်စီးတဲံ့ ရေမြောင်းထဲက

ရေစီးကြောင်းလို

ချောင်းမ၀င် မြစ်မပေါက်

ခွေးနံပိန် ဆင်းဆင်းသောက်လို့

ဗွတ်မပေါက်ပါစေနဲ့။





online ပေါ်မှာ ကျွန်ုပ် အလုပ်ချင်ဆုံးအလုပ်ကတော့

လိမ်ညာခြင်းပါပဲ။





I say. you say.နှစ်ယောက်ဆေးတော့

ပုဂံတွေ ပြောင်ရော။

I see. you see. နှစ်ယောက်စီးတော့

ဒန်းကျိုးတယ်။

I no. you no. နှစ်ယောက်နိုးတော့

အိပ်ရေးပျက်တာပေါ့။



အမြည်းမရှိတော့ အာပူ

သူကြီး မရှိတော့ ရွာဆူ ဆိုသလို

ဘုန်းတန်ခိုးမရှိတဲ့ အသင်လုသား

ရည်းစားမရှိရင် ကြူသာကြူ။





ဗလတောင့်တယ်

ရုပ်ဖြောင့်တယ်

ရှူးရှူးပေါက်ရင် အဝေးကြီးရောက်တယ်။





ချောတာကြိုက်ရင်

မင်းသားတွေရှိတယ်။

ချမ်းသာတာမှလိုချင်ရင်

သူဌေးသားတွေရှိတယ်။

ဂုဏ်မက်တယ်ဆိုရင်လဲ

စစ်ဗိုလ်တွေရှိတယ်

ချစ်တတ်တာကိုပဲ လိုချင်တယ်ဆိုမှ

ငါ့ဆီကိုလာခဲ့။





ရှေ့ကသွားပါဆိုတော့လဲ

အီအီးပေါက်တယ်။

နောက်ကလိုက်ခဲ့ဆိုတော့လဲ

ဖိနပ်တက်နင်းတယ်။

ဘေးတိုက်ကြတော့လဲ

အရပ်ပုလို့တဲ့။

ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်မလဲ။





နင်ကဂေါက်သီး နင့်မောင်က ဂေါက်တံ

နင့်အစ်ကိုက ဂေါက်အိတ်

နင့်မိဘတွေက ဂေါက်ကျင်း

နင်တို့တစ်အိမ်လုံး ဂေါက်ကွင်း.....ဟီး။





ရူပါ မလန်းလို့ မတူတာမှန်းတယ်လို့

မထင်ပါနဲ့

မူယာမကျွမ်း ကြူတာ မစွမ်းပေမယ့်

မင်းအတွက်ဆို suparman လေးလို

စွမ်းဆောင်ပေးမှာပါ။



ဆရာကို ဆရာမလုပ်နဲ့

ဆရာလဲ ဆရာ့ကို ဆရာမလုပ်ခဲ့ဘူး

ဆရာကို ဆရာလုပ်ချင်ရင်

ဆရာ့ဆရာတွေဆီမှာ

ဆရာသင်တန်းသွားတက်။



ကိုရင်တွေ ခုန်တယ်။(ဘုန်းကြီးကျောင်းမှာ)





အိပ်မက်တစ်ပွဲ ပေးကွာ

မျှော်လင့်ချက် များများထည့်။

အတိတ်ဆိုးတွေမထည့်နဲ့

အနာဂါတ် ရွှဲရွှဲလေး ဆမ်းကွာ။

ခံစားချက်ကို ထည့်ရင် ဒီတိုင်းမထည့်နဲ့

သေးသေးလေးတွေ ဖဲ့ထည့်။



အချစ်ဆိုတာ ဘက်စ်ကားလိုပဲ

ထွက်သွားတဲ့ကားနောက် ပြေးမလိုက်နဲ့...မောတယ်။

ရပ်စောင့်နေ နောက်တစ်စီး လာလိမ့်မယ်။





ရဲဘော်တို့

အခု ငါတို့ အွန်လိုင်းပေါ်တက်ရမယ်။

ခက်ခဲမယ် ကြမ်းတမ်းမယ်။

လိုအပ်ရင် အရူးကွက်နင်းရမယ်။

အလိမ်အညာတွေနဲ့ တွေ့ မယ်

သတိရှိပါ။



**Lasham Khawn Ja**
t

No comments:

Post a Comment