Thursday, May 19, 2011

ရင်နာတယ်


**ပြတိုက်သွင်းခံရတဲ့ ပုံရိပ်အချို့ အတွက်
ငါ့ကို ငါ လိပ်ပြာမလုံခဲ့တဲ့ အကြောင်း
မိုးဦးရဲ့ တီးတိုးရေရွတ်မှုကို
ကြောက်လန့် တကြား နားစိုက်မိတဲ့အခါ
ငါဟာ သစ်ရွက်အိုဖြစ်နေခဲ့တဲ့အကြောင်း
အရာအားလုံးကို အတိတ်ထဲမှာ
ထုပ်သိမ်းပြီးတဲ့နောက်
နေ၀င်ချိန်တွေကို ငေးမောရတာ
ဝီစကီ တစ်ခွက်သောက်ရသလို
မိုးတွေ ညှို့ လိုက်ရင်
တိတ်ဆိတ်သွားတဲ့ စိတ်ကလေးကို
အသေအချာ စောင့်ကြည့်ရင်း
ဖြစ်သင့် ဖြစ်ထိုက်တဲ့ လောကဓံဟာ
ကိုယ့်ကို ကိုယ် ရာထူးတိုး
ဒီရနံ့ တွေရရင်
ဒီရင်ဘတ်က
နာကျင်တာဟာ
သစ္စာတရားပါ..။

** မိုးအိမ်လူ**
--
Everything is Nothing

No comments:

Post a Comment