Tuesday, May 31, 2011

အထက်လူကြီးနှင့် ခေါင်းဆောင်တို့ကြား ခြားနားချက်


အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ နေရာယူထားသူ တစ်ယောက်ဟာ အထက်လူကြီး အဆင့်လား၊ ခေါင်းဆောင်လား ဆိုတာ အမေရိကန်ပြည်ဖွား ဗြိတိသျှ Selfridges Departmental Stores များတည်ထောင်သူ Gordan Selfridge ပြောပြတဲ့ အောက်ပါ အချက်တွေနဲ့ ချိန်ထိုး ခွဲခြားလို့ ရပါတယ်။



အထက်လူကြီးက လူတွေကို မောင်းသည်။
ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။

အထက်လူကြီးက အာဏာကို အားကိုးသည်။
ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။

အထက်လူကြီးက ကြောက်အောင် လုပ်သည်။
ခေါင်းဆောင်က စိတ်အားထက်သန်အောင် လုပ်သည်။

အထက်လူကြီးက “ငါ” ဟု သုံးသည်။
ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။

အထက်လူကြီးက ပြဿနာ ဖြစ်လျှင် အပြစ်တင်သည်။
ခေါင်းဆောင်က ပြဿနာကို ကုစားသည်။

အထက်လူကြီးက “သွားကြ” ဟု ပြောသည်။
ခေါင်းဆောင်က “သွားကြစို့” ဟု ပြောသည်။


mmdailynewsမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

**မေမွန်ကျော်**
--

No comments:

Post a Comment