Tuesday, May 31, 2011

မျောက်မြီးနှင့် မျောက်ဖင်ထိုးခြင်း



ဟိုတနေ့က မကြာသေးပါဘူး ၀န်ကြီးတစ်ဦးဆေးရုံကို လာပါတယ်။ လာတာကတော့ သိပ်ပြီးမထူးခြားပါဘူး ထုံးစံအတိုင်းပါဘဲ
လူနာတွေကို ထောက်ပံ့ကြေးပေးတယ်ဆိုပြီး TV တွေမှာ တော့ပြနေပါတယ် ရီရတယ်ဗျ ၀န်ကြီးမလာခင်ကတည်းက MS က စာအိတ်နဲ့ လူနာဘယ်နှစ်ယောက်အတွက်ဆိုပြီး ပြင်ထားရတယ်
ဆေးရုံကိုဘယ်လောက်လှူပါတယ်ဆိုပြီး ကိုယ့်ward ပိုင်fund ကနေဘဲ ပြင်ထားပေးရပါတယ် နအဖ ခေတ်က အတိုင်းပါဘဲ မျောက်မြီးနဲ့ မျောက်ဖင်ထိုးသွားတာပါဘဲ ဘာမှပြောင်းလဲတာလည်းမရှိဘူး

ဟိုတလောက radio မှာကြားလိုက်ပါရဲ့ 2011 ထဲဘဲ ရွာနာမည်တော့ မမှတ်မိတော့ပါဘူး တအိမ်တယောက်နှုန်းနဲ့ သစ်ပင်စိုက်ဖို့ခေါ်ပါတယ် အစိုးရကတော်တော်အားတယ်ထင်ပါတယ် ရွာသားတွေကို ခေါ်မယ့်အစား ဗိုလ်တွေကို တယောက်တပင်နှုန်းအတိုင်းစိုက်ခိုင်းလိုက်ရင် ကျနော်တို့ဗမာပြည်က ခြေချစရာတောင်ရှိမှာမဟုတ်ဘူး....သစ်တောတွေအပြည့်နဲ့လေ ...:D
--
Be Happy ,
Aewoo.

No comments:

Post a Comment