Saturday, May 21, 2011

လူထုကျန်းမာရေး (“ကျန်းမာရေးအတွက်ကောင်းတဲ့ သံလွင်ဆီ” )

**Public Health**

သံလွင်ဆီ (Olive Oil) က သွေးတွင်းရှိ ကိုလက်စထရောလ် “ဆိုး” ပမာဏကို လျော့ကျ စေနိုင်တဲ့အတွက် နှလုံး ကျန်းမာရေး အတွက် ကောင်းမွန်ကြောင်း သိထားပြီး ဖြစ်တယ်။
ယခုအခါ အမေရိကန်ပြည်ထောင်စု ဖီလာဒယ်လ်ဖီးယားက သုတေသီတို့ ပြုလုပ် တဲ့ လေ့လာမှုတစ်ရပ်က သံလွင်ဆီ ထဲမှာ ဒြပ်ပေါင်းတစ်မျိုးက စတီးရွိုက်မဟုတ်တဲ့ အရောင်ကျဆေးများ (non-steroidal anti-inflammatory drugs, NSAIDs) (ဥပမာအားဖြင့် အက်စ်ပရင်နှင့် ibuprofen) လို အရောင်ကျစေတဲ့ အာနိသင်ရှိကြောင်း ပြသခဲ့သည်။
ဒါ့အပြင် အဲဒီဆေးတွေလို ဘေးထွက်ဆိုးကျိုးများ ဒါမှမဟုတ် အစာအိမ်ကို ဒုက္ခပေးခြင်း များ မရှိဘူး။ ဒီလိုပြောလိုက်လို့ သံလွင်ဆီထိုးပေးလိုက်ရင် သင့်ခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေမယ့် သဘောလား။ “ibuprofen ဆေးပြား ၂ခုစာ အာနိသင်ရရှိဖို့ သင့် အနေနှင့် သံလွင်ဆီ 500ml ကို သောက်ရမယ်။ ဒါကို ကျွန်တော် မထောက်ခံပါဘူး” လို့ လေ့လာမှုမှာ ပူးတွဲညွှန်ကြားသူ ဒေါက်တာ ပေါလ်ဘရက်စလင်က ပြောပါတယ်။
(Olive oil and colon cancer)

သို့ပေမယ့် အကြောရောဂါများ၊ ကင်ဆာအမျိုးအစား အချို့နှင့် သက်ကြီးအရွယ် ဦးနှောက် ယိုယွင်းခြင်းများ (dementias) ကဲ့သို့သော ရောဂါရှိသူများတွင် ရောဂါလက္ခဏာတစ်ရပ် အဖြစ် ရောင်ရမ်းခြင်း ခံစားရသူများ သံလွင်ဆီကြွယ်ဝတဲ့အစားအစာများကို စားပါက ဝေဒနာများကို သက်သာစေနိုင်မှာဖြစ်ပါတယ်။


Ref : Health Digest
**မေမွန်ကျော်**

No comments:

Post a Comment