
**ကမ္ဘာကျော်အနုပညာရှင်များစုံလင်စွာနွှဲ ...(၈၄) ကြိမ်မြောက်အော်စကာဆုပေးပွဲ**
ကမ္ဘာတစ်ဝန်းလုံးမှ ရုပ်ရှင်ချစ်ပရိသတ်များ စိတ်ဝင်စားစွာမျှော်လင့်ခဲ့ကြသည့် (၈၄) ကြိမ်မြောက် အော်စကာဆုပေးပွဲအခမ်းအနားကြီးကို ဖေဖော်ဝါရီ ၂၆ရက်က အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့ ကိုဒက်ဇာတ်ရုံ၌ စည်ကားသိုက်မြိုက် ခမ်းနားထည်ပါစွာကျင်းပခဲ့ရာ ဟောလိဝုဒ်ရုပ်ရှင်လောကမှ နာမည်ကျော် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။ အော်စကာဆုအမျိုးအစား (၂၄) မျိုး ချီးမြှင့်ပေးအပ်ခဲ့ရာ အကောင်းဆုံးဇာတ်ကားဆုကို The Artist ဇာတ်ကားက ရရှိသွားသည်။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို The Artist မှ မင်းသား ဂျိန်းဒူဂျာဒင်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို The Iron Lady ဇာတ်ကားမှ မင်းသမီး မာရီလ်စထရိ(ပ်)တို့က အော်စကာရွှေစင်ရုပ်တုများကို ဆွတ်ခူးရရှိသွားသည်။ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို Beginners ဇာတ်ကားမှ မင်းသား ခရစ္စတိုဖာ ပလမ်မာ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို The Help ဇာတ်ကားမှ အော်တာဗီရာစပန်ဆာနှင့် အကောင်းဆုံးဒါရိုက်တာဆုကို The Artist ဇာတ်ကား ဒါရိုက်တာမိုက်ကယ် ဟာနန်ဗီးရှပ်စ်တို့က ရရှိသွားသည်။

အကောင်းဆုံး နိုင်ငံခြားဘာသာဇာတ်ကားဆုကို အီရန်ရုပ်ရှင်ကာ A Separation အကောင်းဆုံးဇာတ်ညွှန်းဆုကို Midnight in Paris ဇာတ်ကားဖြင့် ဒါ၇ိုက်တာဝုဒ်ဒီအလန်အကောင်းဆုံးရုပ်ရှင်နောက်ခံတေးသီချင်း ဆုကို The Muppets ဇာတ်ကားမှ Man or Muppet တေးသီချင်း၊ အသံရောနှောဆု၊ အသံတည်းဖြတ်ဆုများကို Hugo ဇာတ်ကား၊ ရိုးရာဓလေ့အပြင်အဆင်ဆုကို The Artist ဇာတ်ကား၊ ဖလင်တည်းဖြတ်မှု အကောင်းဆုံးဆုကို The Girl With the Dragon Tattoo ဇာတ်ကားနှင့် အကောင်းဆုံး မိတ်ကပ်ဆုကို The Iron Lady ဇာတ်ကားတို့က ရရှိသွားသည်။ ယခုနှစ်အော်စကာဆုပေးပွဲတွင် အောင်ပွဲခံခဲ့သည့် ဇာတ်ကားများမှာ The Artist ဇာတ်ကားနှင့် Hugo ဇာတ်ကားတို့ဖြစ်ပြီး ဆုအမျိုးအစားငါးခုစီ ချီးမြှင့်ခံခဲ့ရသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - အေ၀မ်းစိုး
No comments:
Post a Comment