Sunday, March 4, 2012

ဖတ်ခဲ့ဖူးတဲ့ ဟာသလေးတွေပါ


**မ.ယ.က**
ကိုဘမောင် ရုံးအဖွဲ.သားများရှေ.တွင် မိမိဧ။် ဇနီးအကြောင်း ကြွားဝါနေသည်။

" ကျနော့် မိန်းမဟာ တကယ့်ကို တော်တဲ့ မိန်းမပဲဗျ ၊ ကြည့်လေ ၊ ကျနော် ရုံးက ပြန်လာတယ်ဆိုရင်ပဲ
အခန်းဝမှာ ဖိနပ်နဲ့ အိမ်နေ၀တ် လုံချည်အကျီင်္ ကို ချပေးထားတယ် ။ ပက်လက်ကုလားထိုင်ဘေးက
စားပွဲပေါ်မှာ သတင်းစာကို တင်ပေးထားတယ် ၊ ညစာလည်း အဆင်သင့် ပြင်ပေးထားပြီါ်သား ၊
အဲ ပြီးတော့ မီးဖိုပေါ်မှာ ရေနွေးအိုး ကို တယ်ပြီးသား ဖြစ်နေတယ် "
" ရေနွေးအိုး က ဘာအတွက်လဲ ဗျ "
" သြော် ၊ ပန်းကန်ခွက်ယောက်တွေကို ရေအေးနဲ့ ကျနော် မဆေးတတ်ဘူးဆိုတာ သူသိတယ်လေ "

**********************

**ဒေါက်တာ ဂျက် လာပါပြီ**
လူနာက ဆရာဝန် ကို ပြောသည် ။
" ဒေါက်တာ ၊ ကျနော့် ခါး အင်မတန် ကိုက်နေတယ် ခင်ဗျ"
" အင်း ၊ ခင်ဗျာ ခြေထောက် နှစ်ဖက်ကို ဖြတ်ပစ်ရလိမ့်မယ် ဗျာ "

လူနာသည် ကြောက်ကြောက် လန်.လန်.နဲ့ အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ ဂျက်ဆီ ပြေးသည် ။

" ဒေါက်တာ ၊ ကျနော့် ကို ကယ်ပါဦး ၊ ကျနော့် ခါး နာနေတယ် ၊ ခွဲစိတ်ဆရာဝန်ဆီ သွားပြတာ
သူက ခြေထောက်နှစ်ဘက်လုံး ဖြတ်ပစ်ရမယ်တဲ့ "
" ခွဲစိတ်ဆရာဝန် တွေဟာ ဒီအတိုင်းပဲ ၊ထစ်ခနဲဆို ခွဲဖို.လောက် စိတ်ကူးနေကြတာ ကလား ။
ရော့ ၊ ဟောဒီဆေးပြားတွေကို သောက်ပါ ။ ခြေထောက်တွေ သူ. ဟာသူ
ပြတ်ထွက်သွားပါလိမ့်မယ် "

************************

**အမိ နိုင်ငံတော်**
ပိုးကောင် သားအဖ နှစ်ယောက် နောက်ချေးပုံထဲ ထိုင်နေကြသည် ။
သားက အဖေ ကို မေးသည် ။
" အဖေ ၊ ပန်းသီး ထဲမှာနေရတာ ကောင်းလား ဟင် "
" ကောင်းတာပေါ့ သားရယ် " သက်ပြင်းချပြီး အဖေက ဖြေသည်။
" လိမ္မော်သီးထဲမှာနေရင် ကော ဟင်"
" လိမ္မော်သီးထဲမှာ ဆို ပိုကောင်းတာပေါ့ သားရယ် " အဖေပိုးကောင်က စောစောကထက်
သက်ပြင်းချပြီး ဖြေသည် ။
" အဲဒါဆို ဘာဖြစ်လို.ကျနော်တို. ဒီနောက်ချေးပုံထဲနေ နေရတာလဲ ခင်ဗျ "
" အင်း ၊ မင်း ကို ဘယ်လိုများ ရှင်းပြရပါ့ ၊ အို မင်းကြီးလာရင် နားလည်လာမှာပါ သားရယ် ။
လူတိုင်းမှာ သူ.ရဲ့ ကံကြမ္မာ ဆိုတာရှိတယ် ။ ပြီးတော့လည်း အမြတ်တနိုးထားအပ်တဲ့
' အမိနိုင်ငံတော် ' ဆိုတဲ့ စကားကလည်းရှိသေးတယ်ကွဲ. ငါ့သားရဲ့ "

**************************




*** 2010/4/23 က ပို့ဖိုးတဲ့ဟာသမေးလ်အဟောင်းပါ ။
--
**From-ဦးဦး မှော်ဆရာ**

No comments:

Post a Comment