Thursday, March 15, 2012

ဝန်ထမ်းများအားထောက်ပံ့မှု


အစိုးရ လခစားဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊လေ) ၀န်ထမ်းများကို ဧပြီလ၁ ရက်နေ့မှ စတင်၍ ထောက်ပံ့ကြေး တစ်ဦးလျှင် သုံးသောင်းကျပ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာန၏ ၁၀၀/၂၀၁၂ အရ မတ်လ ၁၄ ရက်နေ့ တွင် ထုတ်ပြန် ကြေညာလိုက်သည်။

နေ့စားဝန်ထမ်းများကို တစ်ရက် အလုပ်ချိန် ရှစ်နာရီအတွက် လုပ်ခလစာ တစ်ရက်လျှင် ၁၁၀၀ ကျပ် ရရှိ နေရာမှ ကျပ်တစ်ထောင်တိုးမြှင့်ကာ ၂၁၀၀ ကျပ်သို့လည်းကောင်းတို့မြှင့်ပေးလိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သမ္မတကြီး ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် ၀န်ထမ်းများအား လစာတိုးခြင်း အစား ထောက်ပံ့မှုများ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နှစ်ပတ်အကြာ ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

**The Voice Weekly**
*From- -လင်းဇော်ထက်**

No comments:

Post a Comment