Friday, March 30, 2012

ဒီနေ့ခေါင်းဆောင်၊ နောင်ခေါင်းဆောင်နဲ့ ကျွန်ုပ်တို့ရဲ့ခေါင်း..


ဒီပုံတွေကိုတွေ့လိုက်တော့ သဘောကျတာနဲ့ကူးယူပြီး ပြန်တင်ပေးလိုက်ပါတယ်။ ကျတော့်လိုပဲ သဘောကျတဲ့လူတွေအတွက် ပြီးတော့ ကျတော်တို့လူငယ်တွေဟာ အနာဂါတ်အတွက်အမြဲတမ်းရှိနေရမယ်ဆိုတာ မမေ့ကြဖို့တိုက်တွန်းရင်း.......

ဒီနေ့ တနေ့တည်းမှာ သဘောတရားခြင်း တူညီတဲ့ ဓာတ်ပုံ ၂ ပုံကို တပြိုင်နက် နီးပါး တွေ့လိုက်ရပါတယ်။ အဲဒါကတော့ အခု ယှဉ်တွဲ ပြထားတဲ့ ပုံတွေပါပဲ။ ကလေးတွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာကို သေသေချာချာ လက်ခံတဲ့ ဒီနေ့ ခေါင်းဆောင် တွေကတော့ ကလေးတွေကို တလေးတစား ဆက်ဆံနေကြတာ တွေ့ရမှာပါ။ လေးစားလောက်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားတို့ပါ။ ဒီလို ဓာတ်ပုံတွေရိုက်ကြဖို့ သူတို့ ၂ ယောက် တိုင်ပင်ထားတာတော့ ဟုတ်ပုံမရဘူး။


မစ္စတာ အိုဘားမား ဆိုရင် ကလေးကို သူ့ရဲ့ ခေါင်း ကိုင်ခွင့်တောင် ပေးထားသေးရဲ့။ ကျွန်ုပ်တို့ရဲ့ သမ္မတကြီးဆိုရင်ကော အဲဒီလို ကလေးက ခေါင်းကို ကိုင်တာ ခွင့်ပြုပါ့မလားလို့ ကိုတာတေ ကြံကြံဖန်ဖန် စဉ်းစားကြည့်နေမိတော့တယ် .... :P

Posted by yokekhasoe

မေမွန်ကျော်

No comments:

Post a Comment