Wednesday, March 28, 2012

**မဲဆောက်က မက်ပ်ကွန်မြူနတီရေဒီယိုသို့ မြန်မာရွှေ့ပြောင်း ၁၆ ဦး လာရောက်လေ့လာ..ကိုယ်တိုင် သီချင်းဆိုသွားကြ**


“မင်္ဂလာအချိန်အခါ***ကျက်သရေ***မင်္ဂလာ***တိုးပါ***အေးငြိမ့်ငြိမ့်***တသိမ့်သိမ့်သာ**ရွှေရင်မှာလေ***
ပီတိလွှမ်းလို့ဖြာ***ပီတိတေးလွှာ***မင်္ဂလာပါ” ဆိုတဲ့ သာယာနာပျော်ဘွယ်ရာအသံနဲ့ အစဉ်အမြဲ အစချီတတ်တဲ့ဆရာမိုးနဲ့ ဆရာဇော်တို့ တင်ဆက်နေကြ မက်ပ်ကွန်မြူနတီ ရေဒီယိုဆီမှာ (၂၄-၃-၂၀၁၂့ )စနေနေ့ဆိုပေမယ့် ထူးခြားလှပနေပါတော့တယ်။ အမေလေး လေး…ဘာတွေများထူးခြားလှပနေတာလည်း ဆိုတော့ကာ မက်ပ်ကွန်မြူနတီရေဒီယိုဆီကို မဲဆောက်မြို့အနောက်မြောက်ပိုင်း အထည်ချုပ်စက်ရုံ ၂ ရုံက မောင်ရွှေ့ပြောင်း ၂ ဦးနဲ့မေရွှေ့ပြောင်း ၁၄ ဦးတို့ဟာ လာရာက်လေ့လာခဲ့သလို “မက်ပ်ရေဒီယိုနားဆင်ပါ” ဆိုတဲ့ ဆရာမိုးရေးဖွဲ့ထားတဲ့သီချင်းကိုလည်း တစ်ပါထဲလိုက်ဆို၊ အသံသွင်းသွားခဲ့ကြတာပါပဲ။

(မိတ်ဆွေကောင်း စာကြည့်တိုက်မှ ဦးဣဿရိယကလည်း နုတ်ခွန်းဆက်)

၂၀၀၉ ခုနှစ်က စပြီး အပတ်စဉ်စနေနေ့တိုင်း မနက် (၁၁-၁၂) နာရီမှာ တင်ဆက်နေကြဖြစ်တဲ့ ဆရာမိုးနဲ့ ဆရာဇော်တို့ရဲ့ “မြန်မာရွှေ့ပြောင်း သိစေကြောင်း၊ မောင်းခတ်ပြီးတော့ပြောလိုက်မယ်” ဆိုတဲ့ အစီအစဉ်မှာ သူမနဲ့ သူတို့တတွေက ဟိုဆရာ ၂ ဦးတင်ဆက်နေတုန်းမှာလည်း ရီရီမောမောနဲ့ ပရိသတ်ကို နုတ်ဆက်သွားကြလေရဲ့။

(မက်ပ်ရေဒီယိုကို အမှတ်တရ လာရောက်လေ့လာခဲ့ကြတဲ့ မောင်ရွှေ့ပြောင်း၊ မေရွှေ့ပြောင်းတွေကို ဆရာမိုးက နုတ်ခွန်းဆက်)

ကဲ…ပြောနေတာကြပါတယ်။ ဟောဒီဓာတ်ပုံတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မက်ပ်ရေဒီယိုတင်
ဆက်ကြသူတွေ ဘယ်လောက်ချစ်ကြည်ရင်းနှီးကြသလဲဆိုတာကို ပြောပြပါလိမ့်မယ်။




(ဆရာမိုးတို့ တင်ဆက်နေတုန်းမှာ ကြားဖြတ်နုတ်ဆက်သံပေးနေစဉ်)


(ဆရာမိုး၊ ဆရာဇော်တို့နဲ့ မေရွှေ့ပြောင်းတွေ ရေဒီယိုခန်းထဲမှာ)

(မက်ပ်ရေဒီယို-နားဆင်ပါ သီချင်းကို ဒီနေ့ဇာတ်တိုက်၊ ဒီနေ့ အသံလွှင့်ဖို့ပြင်ဆင်ကြ)



(ဆရာမိုး၊ ဆရာဇော်၊ ကိုဇော်ကြီးတို့ ၃ ယောက်ပေါင်း လောင်းကျော်နေကြ)


သတင်းနှင့်ဓာတ်ပုံ - သောင်ရင်းနဂါး

No comments:

Post a Comment