Tuesday, March 13, 2012

ယခုလအတွင်း ထိုင်းနှင့်မလေးရှားတ၀ှမ်းသတင်းအတိုအထွာများ


(မတ်လ ၁၃ရက်၊ ၂၀၁၂)
“၂၄ နှစ်မြောက် ဗိုလ်ဖုန်းမော်နေ့” (၀ါ) “မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဆွမ်းကျွေးအလှူပွဲနှင့် အမှတ်တရစကားဝိုင်းတစ်ခုကို ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ၁၉၈၈ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ ပူးပေါင်းလျက်ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် ယနေ့ကျင်းပကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်)

(မတ်လ ၁၂ ရက်၊ ၂၀၁၂ )

မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြ၀တီဘက်မှ ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော် နေ့စဉ် ၀င်ရောက် ပြေးဆွဲနေသည့်အတွက် ထိုင်းမော်တော်ယာဉ်လိုင်းများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဆန္ဒပြအရေးဆိုမှုများ ပြုလုပ်တော့မည်ဟု မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းယာဉ်မောင်းများက ပြောသည်။
ထိုင်းယာဉ်မောင်းများ၏ အဆိုအရ စည်းကမ်းတကျ သွားလာပြေးဆွဲခြင်းမရှိဘဲ မဲဆောက်မြို့တွင်းမြို့ပြင်ရှိ လူနေရပ်ကွက်များနှင့် အလုပ်ရုံစက်ရုံများသို့ ခရီးသည်များ လိုက်လံပို့ဆောင်ခေါ်ယူခြင်းများကြောင့် သတ်မှတ်လမ်းကြောအတိုင်းသာ ပြေးဆွဲနေရသော ထိုင်းယာဉ်လိုင်းများမှာ ခရီးသည်များ မရရှိကြကြောင်း မြန်မာကားဂိတ်ကို မဲဆောက်တွင် ထိုင်းအာဏာပိုင်များက သီးသန့်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် ပြေးဆွဲမှုကို စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။ သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)


(မတ်လ ၁၀ ရက်၊ ၂၀၁၂ ခုနှစ်)

ဘန်ကောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ စီမံခန့်ခွဲရေး စည်းဝေးပွဲတရပ်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်က အဲဒီ အချိန်ကာလ ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို သူ့ ပြည်တွင်းက စီးပွားရေးဇုံနယ်မြေ သုံးခုမှာ အလုပ်အကိုင်တွေပေးဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်လို့ မြန်မာ အလုပ်သမားတွေအပေါ် အဓိက အားထားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ထိုင်းစက်ရုံတွေ အနေနဲ့ အခက်အခဲ တွေ့လာရနိုင်ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်။(RFA)
(မတ်လ ၈ရက်၊ ၂၀၁၂)
ပုန်ကန်ထကြွနေသော ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ခရိုင်တွင် တပေါင်းပွဲတော်ပွဲကျင်းပနေစဉ် ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ထိုင်းစစ်သား ၄ ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။ (RFA)

(မတ်လ ၇ ရက်၊ ၂၀၁၂ ခုနှစ်)

ထိုင်းနိုင်ငံ၊ ကန်ချန ဘူရီခရိုင်၊ စံခဘူရီမြို့ အာဏာပိုင် များသည်၊ နေရပ်ရင်း ပြန်ရေးကိစ္စ သဘောထားရယူရန်၊ စံခလဘူရီမြို့ ၏ အနောက်ဘက် ကီလိုမီတာ (၂၀) ခန့် အကွာ၌ ရှိသည့် ဘန်းတုန်ယမ်း ဒုက္ခသည် စခန်းအတွင်း၌ နေထိုင် ကြသော ဒုက္ခသည်များအား၊ ပြီးခဲ့သည့် ဖေဖေဝါရီလ ကုန်ပိုင်းတွင် ဆန္ဒကောက်ခံ ခဲ့ပါသည်။
အဆိုပါ ကောက်ခံပွဲတွင် ဒုက္ခသည် စခန်းအတွင်း၌ ရှိနေသော ရပ်ကွက် (၁၁) ရပ်ကွက်မှ ရပ်ကွက်မှူးနှင့် စခန်းမှူး (၁၀၀) ခန့်တို့ကို ခေါ်ယူပြီး ဆွေးနွေးခဲ့သည်ဟု ရပ်ကွက်မှူး တစ်ဦးက ပြောပါသည်။(ရွှေဟင်္သာ သတင်း)

(မတ်လ ၅ ရက်၊ ၂၀၁၂ ခုနှစ်)
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မြန်မာအစိုးရတို့အကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယခုလဆန်း ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် နိုင်ငံတကာ ကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတရပ်ကို ယနေ့ မွန်းလွှဲ ၁ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ပြုလုပ်ခဲ့ပြီး ကွန်ဖရင့်၏ ပြောရေးဆိုခွင့်အဖွဲ့မှ နမ့်ဇိုယာဖန်း၊ နော်ကညောဖောနှင့် စောကက်နက်မိုးတို့က နိုင်ငံတကာသတင်းဌာနများကို ရှင်းလင်းပြောကြားခဲ့ကြသည်။ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၄ ရက်ကြာ ပြုလုပ်ခဲ့သည့် နိုင်ငံတကာကရင်အမျိုးသားကွန်ဖရင့်တွင် နိုင်ငံတကာမှ ကရင်အမျိုးသား ၁၆၇ ဦး တက်ရောက်ခဲ့ကြပြီး KNU မှ ဆောက်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမည်ခံငြိမ်းချမ်းရေးမဟုတ်ဘဲ ထာဝရတည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ကရင်အမျိုးသားများက အချက် ၁၂ ချက်ပါ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။ သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)၊

(မတ်လ ၁ရက်၊ ၂၀၁၂)
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မြ၀တီမြို့ရှိ မြန်မာနိုင်ငံသား ဖြစ်ကြောင်း စီစစ်ခြင်းနှင့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ကျောက်လုံးကြီးစခန်း) မှ ယနေ့မှစ၍ခရမ်းရောင်ယာယီနိုင်ငံကူး လက်မှတ်များကို စတင်ထုတ်ပေးသည်ကိုတွေ့ရသည်။ ယခင်ကမူ အနီရောင်ယာယီနိုင်ငံကူးလက်မှတ်များကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ (မြန်မာပြည်သားသတင်းစဉ်)

No comments:

Post a Comment