
**မဖြစ်နိုင်ဘူး**
ခဲဖြင့်ပစ်ပေါက်ခံရသော အမျိုးသားကြီးတစ်ဦးက ဒေါသကြီးစွာဖြင့် ခဲဖြင့်ပစ်ပေါက်သည့် ကလေးငယ်၏ ဖခင်ထံ လာရောက်တိုက်ကြားလေသည်။
အိမ်နီးချင်း = ခင်ဗျားသားလုပ်ပုံ…သိရဲ့လား။
ဖခင် = ဘာဖြစ်လို့လဲခင်ဗျာ…။
အိမ်နီးချင်း = ခင်ဗျားသား…ကျနော့်ကို ကျောက်ခဲနဲ့ လှမ်းပေါက်တယ်လေ။
ဖခင် = ဟာ…ဟုတ်လား။ ကျနော့်သားက။
အိမ်နီးချင်း = ဟုတ်တယ်…ဟုတ်တယ်။
ဖခင် = ကျနော်တောင်းပန်ပါတယ်။ သားကို ဆုံးမပါ့မယ်။
အိမ်နီးချင်း = နောက်တစ်ကြိမ်ဆိုရင် သည်းမခံနိုင်တော့ဘူး။
ဖခင် = ဟုတ်ကဲ့ပါ။ နောက်ဆိုရင် ဒီလိုမဖြစ်စေရဘူး။ ဒါ့ထက်.. ဘယ်နေရာများ ထိသွားသေးလဲ။
အိမ်နီးချင်း = လူကိုမထိလို့ပေါ့ဗျ…။
ဖခင် = သြော်…ဒါဆိုရင်ကျနော့်သားမဟုတ်ဘူးထင်တယ်။
အိမ်နီးချင်း = “ဘာဗျ…”
*အာကာဟိန်း-ရေးသားသည်*
No comments:
Post a Comment