မြန်မာပြည်သား ငမူး ၄ဦးက ဆိုင်ကယ်စီးလာသော မြန်မာပြည်သား ၁ ဦးအား ၀ိုင်းဝန်းသတ်ဖြတ်ခြင်း (ရာဇ၀တ်မှု) နဲ့ မြန်မာအလုပ်သမား ၈ ဦး လုပ်ငန်းခွင်မှအပြန် ကားမှောက်ပြီး ဒဏ်ရာရကြကာ ၁ ဦးသေဆုံးခဲ့ရမှု (လုပ်ငန်းခွင်လျော်ကြေးအမှု) စသည့် အမှုကြီး ၂ မှုအား ယမန်နေ့နံနက်မှ ညနေ ၆ နာရီအထိတိုင်အောင် ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC) က ဖုတ်ဖရမြို့နယ်နှင့် မဲဆောက်မြို့နယ် ကြယ်ဒီခို့တိုက်နယ် လွန်းပြန်သွားလာ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
*(အလုပ်သမား ၈ ဦး ကားမှောက်မှုတွင် သေဆုံးခဲ့ရသော ကိုစိုးမင်းဦး အတွက် ဥပဒေအတိုင်း ခံစားခွင့် ရရှိရန် LLC မှ ကွင်းဆင်း မေးမြန်းနေစဉ်)*
မြန်မာပြည်သား ငမူး ၄ ဦး၏ လူသတ်မှုတွင် ၂ ဦးမှာ ယခုတိုင် ထွက်ပြေးလွတ်မြောက်နေဆဲရှိသည်။ LLC နှင့် ထိုင်းရဲများ ပူးတွဲကာ ဆောင်ရွက်ခဲ့ကြပုံများကို အမှတ်တရဖော်ပြလိုက်ပါသည်။ သြော်…LLC ပါမှတော့ သူ့ရဲ့ကွန်ရက်ဖြစ်တဲ့ JACBA ဟာလည်း တပါထဲပါဝင်နေမှန်း သိကြမှာပေါ့မိတ်ဆွေ။
*(လူသတ်တရားခံ ၂ ဦးက ၄င်းတို့သတ်ဖြတ်ခဲ့သော နေရာကို ညွှန်ပြနေစဉ်)*
*(လူသတ်တရားခံ ၂ ဦးက ၄င်းတို့ အရက်ဆိုင်ထိုင်နေကြပုံကို သရုပ်ပြနေစဉ်)*
*(အသတ်ခံရသော ဦးသန်းဦး၏ ဇနီးကို ဒေသခံ ထိုင်းနိုင်ငံသား “မုံ” လူမျိုးများက နှစ်သိမ့်နေကြပုံ)*
*(အသတ်ခံရသူ ဇနီးက မျက်ရည်ရွှဲတော့ သူမ၏ အလုပ်ရှင် ထိုင်းမကြီးလည်း မျက်ရည်ရွှဲပေါ့)*
*(ကားမှောက်မှုတွင် သေဆုံးခဲ့ရသော ကိုစိုးမင်းဦး ၏ကျန်ရစ်သူဇနီးမခင်မာချိုနှင့် သားနှစ်ဦးအား ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်း တကျောင်း ရှေ့တွင် တွေ့မြင်ရပုံ)*
သတင်းနှင့်ဓါတ်ပုံ - သောင်ရင်းနဂါး
No comments:
Post a Comment