Friday, March 2, 2012

နိုင်ငံတော်သမ္မတမိန့်ခွန်း ကောက်နုတ်ချက်များ


by 7Day News Journal on Thursday, March 1, 2012 at 6:10pm ·


“ လက်နက်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်နိုင်ပြီး ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကြိုးပမ်း သွားကြမှာဖြစ်ပါတယ်။”



“ ပြည်သူကြားမှာ စိတ်ဝင်စားမှု အထူးပဲမြင့်တက်နေတဲ့ မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ဒီလုပ်ငန်းတွေ ကျွန်တော်တို့ ပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ နိုင်ငံတကာရဲ့ နှုန်းထားနဲ့အညီ ဆောင်ရွက်ပေးနိုင်အောင် နည်းလမ်းများရှာပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”



“ ကျွန်တော်တို့ အစိုးရဟာ အများပြောကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြား နေတာမရှိပါဘူး။ လူတစ်ဦးချင်းဆီရဲ့ ဗီဇစရိုက် အမူအကျင့်ပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှုကွဲပြားခြားနားတာကလွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန် ယုံကြည် စွာဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။”



“ မြန်မာတစ်နိုင်ငံလုံး မှာ အစိုးရ၀န်ထမ်း အရေအတွက်က စုစုပေါင်း တစ်နိုင်ငံလုံး လူဦးရေရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရဖြစ်တာနဲ့ အညီ အစိုးရ၀န်ထမ်း မဟုတ်သော သာမန် လက်လုပ်လက်စား ၉၆ ဒသမ ၇ ရာခိုင်နှုန်းကိုလည်း ပြန်လည်ငဲ့ကွက်ဖို့လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးမှု တွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေ လစာတိုးမြှင့်ပေးလိုက်လို့ ခံသာပေမယ့် အစိုးရ၀န်ထမ်းမဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီနောက် ဆက်တွဲအကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ”



“ ကျွန်တော်တို့ နိုင်ငံမှာ ၂၆ ရာခိုင်နှုန်းရှိနေတဲ့ ဆင်း ရဲနွမ်းပါးမှုနှုန်းထားကို ၂၀၁၅ ခုနှစ်ရောက်ရင် ၁၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ဖို့ အဆင်းရဲဆုံး LDC နိုင်ငံဘ၀က ရုန်းထွက်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီ ၂၆ ရာခိုင်နှုန်းသော ပြည်သူများရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအတွက် ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ယူနီဗာဆယ်ကျန်းမာရေး အာမခံစနစ်သစ်တစ်ရပ် ပေါ်ထွန်းလာဖို့ အတွက်လည်း ဆောင် ရွက်နေပြီဖြစ်ပါတယ်။ ”



“ နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံ သားအားလုံး အခွန်ပေးဆောင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ် ပါတယ်။”



“ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး Rule of Law နဲ့အညီ ဆောင်ရွက်နိုင်ပြီဆိုရင် လူ့အခွင့် အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီဆိုတာတွေဟာလည်း အလိုအလျောက် ထွန်းကားရှင်သန်လာမှာ ဖြစ်တဲ့အတွက် နိုင်ငံ တည်ဆောက်ရေးအဆင့်ဆင့် ခိုင်မာရေးဟာ Rule of Law အပေါ်မှာ မူတည်နေပါတယ်။ ဒီတာဝန်ကြီးကိုလည်း ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်သွား ကြရမှာဖြစ်ပါတယ်။ ”



“ မိဘပြည်သူများကလည်း ကျွန်တော်တို့ အစိုးရကို ထိန်း ကျောင်းတည့်မတ်ပေးကြပါ။ ”

ပြည်သူတွေကို မိဘလို့သိတတ်လာတာ ကောင်းတဲ့လက္ခဏာပဲ ။
--
Best Wishes,
Htet Wai Yan

No comments:

Post a Comment