
**ကိုယ့်အတတ် ကိုယ်စူး**
တစ်ခါက အထက်အညာသားတို့ကို အထင်သေးတတ်သော အောင်ပြည်အောက်သား ဆရာတစ်ဦးရှိ၏။ ဆရာ့အကြောင်းကိုသိသော ပညာသားပည့် တစ်ဦးက မခံချင်စိတ်ဖြင့် ဆရာကိုချေပရန် အကြံထုတ်ပြီး ဆရာ့နေအိမ်သို့ သွားရောက်၍ ဆရာနှင့် တွေ့ဆုံခဲ့၏။
“ဆရာနဲ့ တွေ့ခွင့်ပြုပါခင်ဗျာ”
`အေ…လာကွတပည့်၊ မင်းက… ဘယ်ဇာတိလဲ´
`ကျနော်က အညာကပါဆရာ´
ထိုအခါ ဆရာက တပည့်ဖြစ်သူအား ထုံးစံအတိုင်း တောင်မေးမြောက်မေး မေးပြီး ဆုံးမရန်ကြံတော့၏။ တပည့်ဖြစ်သူကလည်း ဆရာ့အကြောင်း သိထားပြီးသားမို့ မသိဟန်ပြုပြီး တလွဲလိုက်ဖြေ၏။
ဆရာ ။ ။ မင်းတို့ အထက်ပညာမှာ တပို့တွဲလမှာ ဘာပွဲလုပ်သလဲ။
တပည့် ။ ။ လှေပြိုင်ပွဲလုပ်ပါတယ်ဆရာ။
ဆရာ ။ ။ မှားတယ်၊ မင်းဖြေတာမဟုတ်ဘူး
ဆရာ ။ ။ တော်သလင်းလမှာရော ဘာပွဲလုပ်သလဲ။
တပည့် ။ ။ ထမနဲပွဲလုပ်ပါတယ် ဆရာ။
ဆရာ ။ ။ မှားတယ်။ မင်းအဖြေလုံးဝမဟုတ်ဘူး။
ထိုအချိန်တွင် ဆရာနှင့်တပည့် အမေးအဖြေလုပ်နေသော ဧည့်ခန်းရှေ့မှ ချောမောလှပသော မိန်းကလေးငယ်တစ်ဦး ဖြတ်လျှောက်သွားရော တပည့်ဖြစ်သူက ဆရာ့သမီးမှန်းသိလျက် ဤသို့ မေးလိုက်လေ။
တပည့် ။ ။ ဒီမိန်းကလေးက ဆရာနဲ့တူလို့ ဆရာသမီးဖြစ်ရမယ်။
ဆရာ ။ ။ မင်းတွက်တာမှားတယ်။
တပည့် ။ ။ “ဒါဆိုရင်”
**ကောင်းမြတ်သူ**
No comments:
Post a Comment