Saturday, March 10, 2012

လူထုကျန်းမာရေး(ဗီတာမင်အေ..မှီဝဲခြင်းက အရေပြားကင်ဆာဖြစ်ပွားမှု လျော့နည်းစေနိုင်သည်ဟုဆို)


**Public Health**

ဗီတာမင်အေ ဖြည့်စွက်အစားအစာများသည် အရေပြားကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့နည်းစေနိုင်သည်ဟု လေ့လာချက်အသစ်တစ်ခုအရ သိရှိရသည်။ ခြောက်နှစ်ကျော်ကြာ လေ့လာချက်တစ်ခုအရေ ဗီတာမင်အေမှီဝဲစားသုံးသူများတွင် အရေပြားကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ် ၆၀ ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိရသည်။ သို့သော် ယခင်က ဗီတာမင်အေ မှီဝဲစားသုံးသော်လည်း လက်ရှိတွင် သောက်သုံးခြင်းမပြုတော့သည့်လူများ အနေဖြင့် မည်သည့်အကာအကွယ်တစ်ခုမျှမရရှိ
ဟုဆိုသည်။ ဗီတာမင်အေကို ကန်စွန်းဥ၊ မုန်လာဥ၀ါ၊ နို့၊ ကြက်ဥ၊ ဘဲဥနှင့် အသည်းစသော အစားအစာများတွင် တွေ့ရှိရသည်။ ဗီတာမင်အေသည် မှတ်ဉာဏ်ထက်မြက်မှု၊ အရိုးသန်မာမှု၊ ခုခံအားစနစ်ကောင်းမွန်မှုနှင့် မျိုးပွားမှုဖြစ်စဉ် အောင်မြင်မှု စသည်
တို့တွက် အဓိကအခန်းကဏ္ဍန်မှ ပါဝင်သော်လည်း အတိုင်းအဆများပါက အဆိပ်သင့်နိုင်သည်ဟု ဆုသည်။ သုတေသီများသည် အမျိုးသား၊ အမျိုးသမီး၊ ၆၉၀၀၀ အား၊ ခြောက်နှစ်ကျော်လေ့လာရာတွင် ၅၅၆ ဦး၌ အရေပြားကင်ဆာရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိသည်။

လေ့လာချက်တွင် ပါဝင်သည့် လူ ၅၉၀၀၀ အနက်ဗီတာမင်အေ ဖြည့်စွတ်အစားအစာ မမှီဝဲဖူးသည့် လူများတွင် အရေပြား
ကင်ဆာရရှိသူ ၅၀၆ ဦးရှိပြီး လွန်ခဲ့သည့် ၁၀နှစ်ကျော် မှစ၍ ယခုအထိ နေ့စဉ် ဗီတာမင်အေစားသုံးသူ တခြားလူ ၅၈၀၀ များတွင် အရေပြားရောဂါဖြစ်ပွားမှုအန္တရာယ်တစ်ခုခံမှုစွမ်းရည် ပိုမိုထက်မြက်ဖွယ်ရှိကြောင်း၊ အကြောင်းမှာ အမျိုးသားများသည် အမျိုးသမီးများထက် ခရမ်းလွန်ရောင်ချည်ကြောင့် အရေပြားထိခိုက်မှုအား ခုခံနိုင်စွမ်းလျော့နည်းနိုင်၍ ဖြစ်ကြောင်း အော့ကလန်မြို့ Kaiser Permanente သိပ္ပံသုတေသနဌာနမှ ဒေါက်တာ မာယမ်အစ်ဂါရီက ပြောကြားသည်။


သဘ၀အားဖြင့်အမများသည် အဖိုများထက် အရေပြားအဆိပ်သင့်ရင့်ရော်မှု ခုခံနိုင်စွမ်းပိုများသည်ဟု ကောက်ချက်ချယူဆထားသည့်
ယခင်တိရစ္ဆာန်တစ်မျိုးအပေါ် လေ့လာချက်တစ်ခုကို ထောက်ပြပြီး ဒေါက်တာအစ်ဂါရီက ပြောကြားခဲ့ခြင်းဖြစ်
သည်။ လေ့လာချက်အသစ်အရ ဗီတာမင်အေအချိန်အဆ ခပ်များများသောက်သုံးသူများတွင် အရေပြားကင်ဆာ ရောဂါဖြစ်ပွားမှုအန္တရာယ် အများဆုံးလျော့နည်း
သည်ဟု သိရှိရသည်။ သို့သော် ဗီတာမင်အေ အလွန်အကျွံ စားသုံးပါက မီးဖွားမှုအခက်အခဲများ၊ အသည်းရောဂါများနှင့် အရိုးပျော့ခြင်းစသည့် အန္တရာယ်များသော ပြဿနာများဖြစ်ပေါ်စေနိုင်သည်ဟု ဒေါက်တာအစ်ဂါရီက သတိပေးသည်။ လူတစ်ဦးအနေဖြင့် နေ့စဉ် ဗီတာမင်အေအတိုင်းအဆ မည်မျှသောက်သုံးနိုင်သည်ဟူသော ကန့်သတ်မှုများရှိသည်ဟု ဒေါက်တာအစ်ဂါရီက ပြောကြားသည်။ အရွယ်ရောက်သူ အမျိုးသမီးများသည် နေ့စဉ် ဗီတာမင်အေ၇၀၀ မိုက်ခရိုဂရမ် သောက်သုံးသင့်ပြီး အရွယ်ရောက်အမျိုးသားများသည် မိုက်ခရိုခရမ် ၉၀၀ သောက်သုံးသင့်သည်ဟု အမျိုးသားကျန်းမာရေးအင်စတီကျူများ၏ ဖော်ပြချက်အရ သိရှိရသည်။

အရွယ်ရောက်ပြီးသူများသည် တစ်နေ့လျှင် ဗီတာမင်အေ မိုက်ခရိုခရမ် ၂၈၀၀ ကျော်စားသုံးပါက အဆိပ်သင့်စေနိုင်သည်ဟု ဆိုသည်။ ဗီတာမင်အေ အချိန်အဆမည်မျှစားသုံးပါက အကျိုးရှိမည်ကို ရေရေရာရာမသိရှိကြောင်း၊ မိမိတို့အနေဖြင့် စားသုံးသင့်သည့် အတိုင်းအဆကိုလည်း မသိရှိရသေးကြောင်း၊ အရေပြားကင်ဆာရောဂါကာကွယ်ရေးအတွက် ဗီတာမင်အေအတိုင်းအဆမည်မျှသောက်သုံးပါက အကျိုးဖြစ်ထွန်းမည်ကို ဆက်လက်လေ့လာရဦးမည်ဖြစ်ကြောင်း ဒေါက်တာအစ်ဂါရီက ဆက်လက်ပြောကြားသည်။ (အင်တာနက်)

No comments:

Post a Comment