Thursday, March 1, 2012

နေ့သစ် အလကရဲ့ ကျောင်းသားများ ဖန်ဖဲပွဲ… မဲဆောက်မှာ ဆင်နွဲ

(ဘူးသီးကြော်ကိုင်မြှောက်တဲ့ကြွေးကြော်သံနဲ့ပဉ္စမတန်းကျောင်းသားတွေ)


မင်္ဂလာပါ မိတ်ဆွေတို့….၊ နေ့သစ်အလက ဆိုတာက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုတွေရဲ့ အလယ်တန်းကျောင်း တစ်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်သွေး (၅၂၁) ဦး တက်ရောက်ပညာသင်ကြားနေကြပါတယ်။ ဒီကနေ့မှာတော့ နေ့သစ်အလက က အတန်းလိုက် ကျောင်းသားတွေက မိမိတို့ အတန်းလိုက် စားဖွယ် သောက်ဖွယ်တွေကို ချက်ပြုတ်ပြီးတော့ ကခုန်ကြတဲ့ အစီအစဉ်တွေ ပါဝင်ကြပါတယ်။

** (အင်္ဂလိပ်ဆရာမကလည်း ဒီလို ရှိတ်တယ်ဟ ) **

ဒုတိယတန်းကျောင်းသားတွေက မုန့်ဟင်းခါး၊ စတုတ္ထတန်းကျောင်းသားတွေက ခေါက်ဆွဲကြော်၊ ပဉ္စမတန်းကျောင်းသားတွေက ဘူးသီးကြော်၊ ဆဌမတန်း ကျောင်းသားတွေက ရခိုင်မုန့်တီ၊ သတ္တမတန်းနဲ့ အဌမတန်းကျောင်းသားတွေက အုန်းထမင်း စသဖြင့် ဖွယ်ဖွယ်ရာရာ စားသောက်ကြ ကခုန်ပျော်ရွှင်ကြတဲ့ အစီအစဉ်တွေပါဝင်တာတွေ့ရပါတယ်။ သိကြတဲ့အတိုင်းပဲလေ `နေ့သစ်´အလကဆိုတာ၂၀၀၅ခုနှစ်ကစပြီး မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)နဲ့
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတူတူ မက်ခဲ့ကြတဲ့ အိပ်မက်တစ်ခုပဲ မဟုတ်ပါလား။
ဟောဒီိဓာတ်ပုံတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်သွေးငယ်တွေ ပျော်ရွှင်နေကြပုံကို မီးမောင်းထိုးပြပါလိမ့်မယ်….. မိတ်ဆွေ…..။


** ဖန်ဖဲပွဲ ဆိုင်းဘုတ် ရှေ့က ကျောင်းသားများ **




** ကျောင်းကြိုပို့ယာဉ်ပေါ်မှာလည်း ဒီလိုစတိုင်ပေးကြ **



**စတုတ္ထတန်းကျောင်းသားတွေက ခေါက်ဆွဲကြော်တဲ့ဗျို့ **


** ရခိုင်မုန့်တီိ ၀ါးတီးဖွင့်ကြဖို့ ဒီလိုပြင်ဆင်နေကြပြန်ရော **


** ဒုတိယတန်း ကျောင်းသားတွေအတွက် မုန့်ဟင်းခါး ဆွဲရေး တဲ့ဗျို့ **



** ဘူးသီးကြော်ကို ကြော်လို့ရယ် **


** အုန်းထမင်းဆွဲရေး ဆိုတဲ့ သတ္တမတန်းနဲ့ အဌမတန်းက ပြင်ဆင်နေကြပုံ **


သတင်းမှတ်တမ်း- သောင်ရင်းနဂါး

No comments:

Post a Comment