Friday, March 23, 2012

ငပေါကြီး


ပျော်ပျော် နေတတ်တဲ့စရိုက်
တချို့က မကြိုက်တော့
ဒေါသနဲ့ ပြောညီး
``ငပေါကြီး`` တဲ့။ ။

``ငပေါကြီး``ပိုင်တဲ့ရတနာ
သူတို့ဘာလို့ မသိတာလဲ။

``ငပေါကြီး``ဟာ
အချိန်နဲ့အမျှ
တဟီးဟီး နဲ့သဘောကျနေတာ
စိတ်ချမ်းသာလို့ပေါ့။

ဟန်ပန်ကြီး တစ်ခွဲသားနဲ့
မာန ဂျွတ်တတ်နေသူများ----

ပညာဂုဏ်တွေမောက်
အခြောက်တိုက် ဘဝင်မြင့်နေသူများ----

ငွေပုံကြီးပေါ် ခွထိုင်
မဆိုင်တဲ့လူ မကပ်နဲ့
ဓါးတစ်လက်ထက် ကြောက်မက်ဖွယ်ကောင်းသူများ----

အဲဒီလူတွေ--
အဲဒီလူတွေထက်---
မြင်သမျှအကြောင်း အကောင်းဘက်ကတွေး
ဟာသပါရမီနဲ့
သူ့ပါတ်ဝန်းကျင် သူတတ်သမျှ
ပျော်ရွှင်စေခဲ့ရလို့
ကျွန်တော့ရဲ့ အတွင်းသဘော
အဲဒီ ``ငပေါကြီး``ကိုပဲ ခင်မင်မိပါကြောင်း။။ ။။

**ကိုစိုးနိုင်**

--

No comments:

Post a Comment