Friday, March 9, 2012

လူထုကျန်းမာရေး (နဂါးမောက်သီး-Dragon Fruit၏အကျိုးကျေးဇူးများ)


**Public Health**

**ကျန်းမာရေးအတွက်ကောင်းသောနဂါးမောက်သီး(Dragon Fruit)၏အကျိုးကျေးဇူးများ **

နဂါးမောက်သီး၏အရသာသည် ချိုသောအရသာရှိသည်။ နဂါးမောက်သီး၏အရည်သည် သစ်တော်သီး ၊ ကီဝီသီး ၊ သခွါးမွှေးတို့နှင့်ဆင်တူပါသည်။ နဂါးမောက်သီး၏အခွံကိုခွါလိုက်ပါ
က အဖြူရောင်အသား ( သို့ ) အနီရောင်အသားနှင့်အတူ စားလို့ရသော အမဲရောင်အစေ့ငယ်လေးများ ကိုတွေ့ရမှာဖြစ်ပါသည်။

နဂါးမောက်သီးကိုယခုစိုက်ပျိုးေ
နသောနိုင်ငံများမှာ အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင် ၊ ယိုးဒယား နှင့် ဗီယက်နမ် နိုင်ငံတို့ဖြစ်ကြသည်။

နဂါးမောက်သီးသည် သွေးတွင်းရှိသကြားဓာတ်ကိုလျှော့ချပေးသည်။
ကင်ဆာဖြစ်ပွါးမှုကိုကာကွယ်ပေးသည်။


မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးသည့်အပြင် အသားအရေကိုချောမွတ်စေသည်။
အစာစားချင်စိတ်ကိုဖြစ်ပေါ်စေသည့်အပြင် အစာချေဖျက်မှုအားကောင်းသည်။
မျက်လုံးကျန်းမာရေးကိုကောင်းစေသည်။
အရိုးနှင့်သွားများကိုခိုင်မာစေသည်။
ဓားရှမိသောဒဏ်ရာများကို လျင်မြန်စွာအနာကျက်စေသည်။
မှတ်ညဏ်အားကောင်းစေသည်။


နဂါးမောက်သီးတွင်အမျိုးအစားသုံးမျိုးရှိသည်။


၁။ အနီရောင်အခွံနှင့်အဖြူရောင်အသား
၂။ အနီရောင်အခွံနှင့်အနီရောင်အသား


၃။ အဝါရောင်အခွံနှင့်အဖြူရောင်အသား


Posted by လရိပ်အိမ်

**မေမွန်ကျော်**

No comments:

Post a Comment