Monday, March 12, 2012

အလုပ်အကိုင် ရှာဖွေလိုသူနှင့် လုပ်သားလိုသူ ကုမ္ပဏီများအတွက် Get Myanmar Job ဝဘ်ဆိုက်ဖွင့်


အလုပ်အကိုင် ရှာဖွေသူများနှင့် လုပ်သားလိုအပ်သည့် ကုမ္ပဏီများအတွက်
အင်တာနက်မှ တစ်ဆင့် ဝန်ဆောင်မှု ပေးနိုင်မည့် Myanmar Job Portal ကို
ဖွင့်လှစ်ထားကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယင်းဝဘ်ဆိုက်အား www.getmmjob.com အမည်ဖြင့် ဖွင့်ထားပြီး မည်သူမဆို
အလွယ်တကူ အသုံးပြု ရှာဖွေနိုင်ကြောင်း သိရသည်။ အဆိုပါဆိုက်မှာ အလုပ်
လုပ်ကိုင်လိုသူများ အတွက်သာမက ကုမ္ပဏီများ အနေဖြင့်လည်း လိုအပ်သလို
ကြော်ငြာ ထည့်သွင်းနိုင်ကြောင်း သိရသည်။ အဆိုပါ ကြော်ငြာ ထည့်သွင်းရာတွင်
မိမိတို့စိတ်ကြိုက် ဒီဇိုင်းအနေအထား ဖန်တီးနိုင်ပြီး အားသာချက်အဖြစ်
ကြော်ငြာထားသည့် ကာလအတွင်း ဒီဇိုင်းနှင့် စာသားများကို လိုအပ်သလို
ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထည့်သွင်းလိုသော လုပ်ငန်းရှင်များ အနေဖြင့် ပထမဦးစွာ ရွှေဂုံတိုင်
ကမ္ဘောဇဘဏ်တွင် ဦးဇော်ဝင်းအောင်၏ ဘဏ်စာရင်းသို့ ငွေလွှဲဟူသော စကားရပ်ဖြင့်
ကျသင့်ငွေ ကျပ် ၈၆၀၀ သွင်းရမည်ဖြစ်ပြီး လက်ခံ ရရှိပြီးပါက တစ်လ
ကြော်ငြာခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝဘ်ဆိုက်တွင်
ပညာရပ်ဆိုင်ရာနှင့် အသက်မွေးဆိုင်ရာ ကဏ္ဍ အမျိုးမျိုးအတွက် အလွယ်တကူ
ရှာဖွေနိုင်အောင် ဖန်တီးပေးထားပြီး အသေးစိတ် သိလိုပါက zawwinaung@gmail.
com နှင့် ဖုန်း ၀၉ ၅၀၃၇၇၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

[7greendays google group]

No comments:

Post a Comment