Friday, April 13, 2012

အပြန်-အပြန်-အပြန်လားကွဲ့ လို့ဆိုကြမယ့်မြန်မာရွေ့ ပြောင်းလုပ်သားတွေရဲ့သင်္ကြန်တွင်းပြည်တော်ပြန်

အပြန်-အပြန်-အပြန်လားကွဲ့ လို့ဆိုကြမယ့်မြန်မာရွေ့ ပြောင်းလုပ်သားတွေရဲ့သင်္ကြန်တွင်းပြည်တော်ပြန်

(မြဝတီမြို့ဆီကနေမိမိတို့မိသားစုတွေရှိရာအရပ်ဒေသအသီးသီးဆီ)

အခုသင်္ကြန်တွင်းထိုင်းမြန်မာနယ်စပ်မဲဆောက် ကနေသောင်ရင်းမြစ်ကိုကူးပြီးတဖက်ကမ်းကမြဝတီမြို့ဆီကိုချီတက်သွားကြ၊
မြဝတီမြို့ဆီကနေမိမိတို့မိသားစုတွေရှိရာအရပ်ဒေသအသီးသီးကိုပြန်နေကြတာတွေ့ရပါတယ်၊သိကြတဲ့အတိုင်းသင်္ကြန်တွင်းမို့
ကားခကဈေးကြီးမှကြီးဘဲဗျ။

(မဲဆောက် ကနေသောင်ရင်းမြစ်ကိုကူးပြီးတဖက်ကမ်းကမြဝတီမြို့ဆီကို)

၊တောင်းသလောက်ပေးကြရတဲ့ပြည်တော်ပြန်ခရီးမှာသထုံလောက်ကိုရှယ်ကား(၂၅၀၀၀ကျပ်)
ရိုးရိုးကားခက(၂၀၀၀၀-၂၅၀၀၀ကျပ်)ဘားအံဆိုရင်ရှယ်ကား(၄၀၀၀၀ကျပ်)ရိုးရိုးကားခက(၃၀၀၀၀-၃၅၀၀၀ကျပ်)ရန်ကုန်မြို့တော်ဆီကိုအရောက်ဆိုရင်တော့
ရှယ်ကားခက(၇၀၀၀၀-၈၀၀၀၀ကျပ်)ရိုးရိုးကားခက(၅၀၀၀၀-၆၀၀၀၀ကျပ်)တဲ့ဗျို့......။

(ထိုင်းမြန်မာနယ်စပ်မဲဆောက် ကနေ)

(မဲဆောက် ကနေသောင်ရင်းမြစ်ကိုကူးပြီးတဖက်ကမ်းကမြဝတီမြို့ဆီကို)

(ထိုင်းမြန်မာနယ်စပ်မဲဆောက် ကနေ)

ဓါတ်ပုံ--ခင်ရတနာကြူ(JACBA)

သတင်း--သောင်ရင်းနဂါး(JACBA)

No comments:

Post a Comment