Friday, April 13, 2012

သင်္ကြန် သံချပ်ပါ


ဓါတ်ငွေ့ သိုက်ကြီး ဖင်ခုထိုင်.(ဖယောင်းတိုင်လေးမှာ… မှိတ်တုပ်…မှိတ်တုပ်)

ပြတ်တယ်..လာတယ်..တရားမှတ်ကာ..(တို့ ပြည်သူတွေ..ကျွတ်တမ်းဝင်နိုး)

မီးခွဲတမ်းကို စောင့် ရတာ..(လေးသင်္ချေ နဲ့  ကမ္ဘာ တသိန်း)

ဝါယာရှော့ တွေ..ကြောက်စရာ…(ဈေးကြီးတွေ ရေ…သတိ..သတိ)

ဈေးသစ်ဆောက်ဖို့ ..ဂွင်သစ်ရှာ…(ကန်ထရိုက်တာ..မင်းမြှောင် ကပ်ဖါး)

သူများမျက်ရည်..ချွေးနည်းစာ.. (မညှာ မတာ..သူတို့ ခြေဆေး)

အသက်ငင်နေတဲ့  မြစ်ချောင်းတွေ…(သူများ တိုင်းပြည် …မီးလင်းဖို့ တဲ့ )

ပိုလျှံ နေလို့ ..ရောင်းတာပါ…..(ပြောတတ်လိုက်တာ..သူ့ ပါးစပ်ကြီး)၂

သူ့ ဇနီးနဲ့  သမီးတွေပါ…(စေတနာရှိရင်..အဆစ်ပေးလိုက်)၂

ဟေ့ ..စိန်လား…ဟေ့ …ရွှေလား..

(ငါ့ ဘကြီး..စာကျက်နေတယ်..ဘယ်ကောင်တွေလဲ)

ဟေ့လား..ရွှေတို့ ဝါး..။



မူရင်းရေးသူမသိပါ။

No comments:

Post a Comment